Thursday, September 05, 2013

ထိုင်းနှင့် မြန်မာ သတင်းစာ ဆရာများ မီဒီယာကဏ္ဍ ပူးပေါင်း လုပ်ဆောင်ရန် MOU ထိုး

Thursday, 05 September 2013
မြန်မာနှင့် ထိုင်း သတင်းစာ ဆရာများ နှစ်နိုင်ငံ တို့၏ မီဒီယာ ကဏ္ဍ အကြား ပိုမို၍ ပူးပေါင်း လုပ်ဆောင်မှု ပြုကြရန် အတွက် ယမာန်နေ့က နှစ်ဖက်နားလည်မှု စာချွှန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြောင်း ထိုင်းသတင်းစာ ဆရာများအသင်း (TJA) ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

Photo: ထိုင်းနှင့် မြန်မာ သတင်းစာ ဆရာများ မီဒီယာကဏ္ဍ ပူးပေါင်း လုပ်ဆောင်ရန် MOU ထိုး
Thursday, 05 September 2013 

မြန်မာနှင့် ထိုင်း သတင်းစာ ဆရာများ နှစ်နိုင်ငံ တို့၏ မီဒီယာ ကဏ္ဍ အကြား ပိုမို၍ ပူးပေါင်း လုပ်ဆောင်မှု ပြုကြရန် အတွက် ယမာန်နေ့က
 နှစ်ဖက်နားလည်မှု စာချွှန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြောင်း ထိုင်းသတင်းစာ ဆရာများအသင်း (TJA) ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ 

နှစ်နိုင်ငံ သတင်းစာ ဆရာများ တွေ့ဆုံ လက်မှတ် ရေးထိုး ခြင်းသည် သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ဆက်ဆံ ထိတွေ့မှုလည်း
 ဖြစ်ကြောင်း ထိုင်းသတင်းစာ ဆရာများ အသင်းရုံးမှ တာဝန်ရှိသူ တဦး ဖြစ်သည့် မစ္စတာ ဖိရဖာဒ် က ပြောသည်။

“ဒါက သမိုင်း တစ်လျှောက်မှာ ပထဆုံးအကြိမ် ဖွင့်လှစ် နိုင်ခဲ့တဲ့ နှစ်နိုင်ငံ သတင်းစာ ဆရာတွေအကြား ကူးလူး ဆက်ဆံမှုတစ်ခုလည်း ဖြစ်တယ်” ဟု ၄င်းက ဆိုပါသည်။

နှစ်ဖက် လက်မှတ် ရေးထိုး ထားသည့် နားလည်မှု စာချွှန်လွှာ အရ မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပူးပေါင်း လုပ်ဆောင်ရန်၊ နှစ်နိုင်ငံ လူမှု၊ စီးပွား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခြေ အနေရပ် ဆိုင်ရာ သတင်း များကို တိုးတက် ဖော်ထုတ် ရေးသား နိုင်ရေး၊ နှစ်နိုင်ငံ သတင်းစာ ဆရာ များမှ ဒေသတွင်းနှင့် နိုင်ငံတကာစာနယ်ဇင်း လုပ်ဆောင်ချက်များတွင် လက်တွဲ လုပ်ဆောင်သွားကြရန်တို့ ပါဝင်ကြောင်းလည်း TJA အသင်း၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားပါသည်။

ထို့ပြင် နှစ်ဖက် အမြင်၊ လက်ရှိ စာနယ်ဇင်း အခြေအနေ အပေါ် အတွေ့အကြုံ၊ အမြင်များအား ဖလှယ် နိုင်ရန်နှင့် နှစ်စဉ် မီဒီယာာ နှီးနှော ဖလှယ်ပွဲ ကျင်းပကြရန်၊ မီဒီယာ စွမ်းရည် မြှင့်တင်ရန် အတွက် လိုအပ်သည့် သင်တန်းများအား အပြန်အလှန် ကူညီ နိုင်ကြစေရန် စသည့် အချက် များလည်း ပါဝင် ပါသည်။

၎င်းနားလည်မှု စာချွှန်လွှာ ရေးထိုး ပွဲအား မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA) မှ တွဲဖက် အတွင်းရေးမှူး ဦးမျိုးမင်းထိုက်၊ ဦးကျော်စွာမင်း၊
 နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးအောင်လှထွန်း၊ အလုပ် အမှုဆောင် အဖွဲ့များ ဖြစ်သည့် ဦးဇော်သန်း၊ ဦးရဲမင်းဦးတို့ (၅) ဦး တက်ရောက် ခဲ့ကြသည်။

ထိုင်းသတင်းစာ ဆရာများ အသင်း ဥက္ကဋ္ဌ မစ္စတာ Pradit Ruangdit မှ ဦးဆောင်၍ ကိုယ်စားလှယ် အလုပ်အမှုဆောင် (၁၅) ဦးတို့ လက်ခံ
 တွေ့ဆုံ ခဲ့ပါသည်။

မြန်မာ သတင်းစာ ဆရာ များသည် ပြီးခဲ့သည့် စက်တင် ဘာလ (၁) ရက်နေ့မှ စတင် ရောက်ရှိ ခဲ့ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေခိုက်၌ ထိုင်းရာဒ် နေ့စဉ် သတင်းစာ ၊ Thai PBS ရုပ်သံလွှင့် ဌာန၊ ကန်ချနပူရီ ကုန်သည် ကြီးများ အသင်း တို့နှင့်လည်း သွားရောက် တွေ့ဆုံ ခဲ့သလို ထိုင်းလွှတ်တော် ဥက္ကဋ္ဌ တို့နှင့်လည်း တွေ့ဆုံ ခဲ့ကြောင်း မစ္စတာ ဖိရဖာဒ်က ဆိုပါသည်။

Phophtaw News Association
နှစ်နိုင်ငံ သတင်းစာ ဆရာများ တွေ့ဆုံ လက်မှတ် ရေးထိုး ခြင်းသည် သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ဆက်ဆံ ထိတွေ့မှုလည်း ဖြစ်ကြောင်း ထိုင်းသတင်းစာ ဆရာများ အသင်းရုံးမှ တာဝန်ရှိသူ တဦး ဖြစ်သည့် မစ္စတာ ဖိရဖာဒ် က ပြောသည်။“ဒါက သမိုင်း တစ်လျှောက်မှာ ပထဆုံးအကြိမ် ဖွင့်လှစ် နိုင်ခဲ့တဲ့ နှစ်နိုင်ငံ သတင်းစာ ဆရာတွေအကြား ကူးလူး ဆက်ဆံမှုတစ်ခုလည်း ဖြစ်တယ်” ဟု ၄င်းက ဆိုပါသည်။နှစ်ဖက် လက်မှတ် ရေးထိုး ထားသည့် နားလည်မှု စာချွှန်လွှာ အရ မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပူးပေါင်း လုပ်ဆောင်ရန်၊ နှစ်နိုင်ငံ လူမှု၊ စီးပွား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခြေ အနေရပ် ဆိုင်ရာ သတင်း များကို တိုးတက် ဖော်ထုတ် ရေးသား နိုင်ရေး၊ နှစ်နိုင်ငံ သတင်းစာ ဆရာ များမှ ဒေသတွင်းနှင့် နိုင်ငံတကာစာနယ်ဇင်း လုပ်ဆောင်ချက်များတွင် လက်တွဲ လုပ်ဆောင်သွားကြရန်တို့ ပါဝင်ကြောင်းလည်း TJA အသင်း၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားပါသည်။ထို့ပြင် နှစ်ဖက် အမြင်၊ လက်ရှိ စာနယ်ဇင်း အခြေအနေ အပေါ် အတွေ့အကြုံ၊ အမြင်များအား ဖလှယ် နိုင်ရန်နှင့် နှစ်စဉ် မီဒီယာာ နှီးနှော ဖလှယ်ပွဲ ကျင်းပကြရန်၊ မီဒီယာ စွမ်းရည် မြှင့်တင်ရန် အတွက် လိုအပ်သည့် သင်တန်းများအား အပြန်အလှန် ကူညီ နိုင်ကြစေရန် စသည့် အချက် များလည်း ပါဝင် ပါသည်။၎င်းနားလည်မှု စာချွှန်လွှာ ရေးထိုး ပွဲအား မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA) မှ တွဲဖက် အတွင်းရေးမှူး ဦးမျိုးမင်းထိုက်၊ ဦးကျော်စွာမင်း၊ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးအောင်လှထွန်း၊ အလုပ် အမှုဆောင် အဖွဲ့များ ဖြစ်သည့် ဦးဇော်သန်း၊ ဦးရဲမင်းဦးတို့ (၅) ဦး တက်ရောက် ခဲ့ကြသည်။
ထိုင်းသတင်းစာ ဆရာများ အသင်း ဥက္ကဋ္ဌ မစ္စတာ Pradit Ruangdit မှ ဦးဆောင်၍ ကိုယ်စားလှယ် အလုပ်အမှုဆောင် (၁၅) ဦးတို့ လက်ခံ တွေ့ဆုံ ခဲ့ပါသည်။မြန်မာ သတင်းစာ ဆရာ များသည် ပြီးခဲ့သည့် စက်တင် ဘာလ (၁) ရက်နေ့မှ စတင် ရောက်ရှိ ခဲ့ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေခိုက်၌ ထိုင်းရာဒ် နေ့စဉ် သတင်းစာ ၊ Thai PBS ရုပ်သံလွှင့် ဌာန၊ ကန်ချနပူရီ ကုန်သည် ကြီးများ အသင်း တို့နှင့်လည်း သွားရောက် တွေ့ဆုံ ခဲ့သလို ထိုင်းလွှတ်တော် ဥက္ကဋ္ဌ တို့နှင့်လည်း တွေ့ဆုံ ခဲ့ကြောင်း မစ္စတာ ဖိရဖာဒ်က ဆိုပါသည်။

Phophtaw News Association

No comments:

Post a Comment

My Blog List