Monday, September 2, 2013
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေ အိုင်ဂျီစီအက်စ်
အီး အောင်မြင်ထားသူတွေ ယူကေနိုင်ငံက အန်ဂလီရာရပ်စကင် တက္ကသိုလ် (Anglia Ruskin University) မှာ ကျောင်းလျှောက် ထားသူတွေကို ပညာသင်ဆု ပေးအပ်သွားမယ်လို့ အဲသည်ကျောင်းနဲ့ တိုက်ရိုက်ချိတ်
ဆက် ဆောင် ရွက်နေတဲ့ SR Worldwide Education ကသိရပါတယ်။
အဲသည် တက္ကသိုလ်ဟာ လန်ဒန်မြို့က သွားရင်အချိန်တစ်နာရီလောက် အကြာမှာ ရှိပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေအနေနဲ့ ဘယ်ဘွဲ့ကိုမဆို
လျှောက်တဲ့သူတွေ ကို စတာလင်ပေါင် ၅၀၀ သို့မဟုတ် ၁၀၀၀ ပေးအပ်သွားမှာဖြစ်တယ်။
မြန်မာနိုင်ငံက ဘွဲ့တစ်ခုခုရ ထားပြီး မဟာသိပ္ပံဘွဲ့ သို့မဟုတ် အမ်ဘီအေ
ပရိုဂရမ်ကို လျှောက်ထားတဲ့သူတွေကို ပညာသင်ဆု စတာလင်ပေါင် ၅၀၀ သို့မဟုတ်
၁၀၀၀ ပေးအပ်သွားပါမယ်။လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်း သူတွေရဲ့ အရည်အချင်းတွေ
အပေါ်မူတည်ပြီး ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန် က ၂၀၁၄
ဇန်နဝါရီဖြစ်ပြီး ခုကတည်းက ကျောင်းလျှောက်နိုင်ပြီ ဖြစ်သည်။
အဲသည် တက္ကသိုလ်မှာ လျှောက်နိုင်တဲ့ဘာသာရပ်တွေက မြို့ပြအင်ဂျင်
နီယာ၊ မက္ကနစ်ကယ်အင်ဂျင်နီ ယာ၊ ဇီဝဆေးသိပ္ပံ၊ ပြည်သူ့ကျန်းမာရေး၊
ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊
မားကတ်တင်း၊ အင်ဂျင်နီယာ စီမံခန့်ခွဲမှုဘာသာရပ်တွေကို ရွေးချယ်
တက်ရောက်နိုင်ပါ တယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago
No comments:
Post a Comment