Wednesday, September 04, 2013

ဘူးခွံပါ ပလပ်စတစ် iPhone ဓာတ်ပုံထွက်ရှိ


Wednesday, September 4, 2013

ပလပ်စတစ်နဲ့လုပ်ထားတဲ့iPhone5C ပါဆိုပြီး တရုတ်ပြည်က အခြေဆိုက်တဲ့ သတင်းမီဒီယာ ဝဘ်ဆိုဒ်များမှ ထွက်ရှိလာတဲ့ ပုံရိပ်များ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ထိုင်ဝမ် foxconn ကုမ္မဏီရဲ့  နည်းပညာ ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံ ရှိပြီး ယင်းစက်ရုံကနေ Apple ပစ္စည်းတွေကို ထုတ်လုပ် တာပါ။ ဒါကြောင့်လည်း ကုန်ပစ္စည်းတွေ ဈေးကွက် မရောက်ခင် တရုတ် ပြည်ကနေ လျှို့ ဝှက်သတင်းတွေ အမြဲပေါက်ကြား ရခြင်း ဖြစ် ပါတယ်။ ယခုလည်း iPhone 5C ပါဆိုပြီး ဓာတ်ပုံတွေ ပျံ့ နှံ့ လို့နေပါတယ်။ ပါကင်ပါပိတ်ထားတဲ့ ပုံတွေပါ။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ Apple ဟာ ဈေးသက်သာ iPhone 5C ကို ရောင်းချရန် ရယ်ဒီဖြစ်ပြီလို့ ဆိုခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

အပြင်အခွံသာ ပလပ်စတစ်ဖြစ်သွားပေမယ့် အတွင်း Specification များက လက်ရှိ iPhone 5 နဲ့ သိပ်မကွာခြားပါဘူး။ ဒီတော့ ဈေးကလည်း ထင်သလို သက်သာမယ့် အနေအထားမှာ မရှိနိုင်မှန်း သိသာ ပါတယ်။ အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ iPhone 5C ကို နှစ်ကုန်ပိုင်းမှာ ရောင်းချ နိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (MM Social Sky)

No comments:

Post a Comment

My Blog List