Monday, September 2, 2013
အဖမ်းအဆီး ကြမ်းမည်ဟု သတိပေးထားသည့် မလေးရှားနိုင်ငံရောက် တရားမဝင်
မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို စက်တင်ဘာလ ၁
ရက်နေ့တွင် စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တော် အပါအဝင် တရားမဝင်
နိုင်ငံခြားသား အများစုရှိသည့် နေရာများတွင် စတင်ဖမ်းဆီးနေခြင်း
ဖြစ်ကြောင်း၊ လမ်းဆုံများတွင် ကားများရပ်ကာ ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ
ပြုလုပ်နေပြီး တရားမဝင်သူများဖြစ်ပါက ကားပေါ်ဆွဲတင်သွားကြောင်း
ခုနစ်ရက်သားသမီး ကပုန်းနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးသောင်းက
ပြောကြားသည်။“သတိပေးထားသလောက်တော့ မကြမ်းသေးဘူး” ဟု ၎င်းကဆိုသည်။
သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို
ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ်ကို Enforcement Operation (မလေးရှားအခေါ်
အော်ပရာစီ) အမည်ပေးထားပြီး ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင်
စတင်နေပြီ ဖြစ်သဖြင့် ကွာလာလမ်ပူရှိ မြန်မာဆိုင်အချို့ ပိတ်ထားကြကြောင်း၊
အချို့ဆိုင်များကို လုံခြုံရေး အစောင့်များဖြင့် ဖွင့်ထားသည်ကို
တွေ့ရကြောင်း ဦးသောင်းက ဆက်လက်ပြောကြားသည်။
ဂျိုးဟိုးပြည်နယ်ရှိ
လက်အိတ်စက်ရုံတစ်ခု လုပ်ကိုင်နေသည့် တရားမဝင် မြန်မာလုပ်သားတစ်ဦးကမူ
“ဖမ်းဆီးတဲ့ သတင်းတွေတော့ ကြားနေရပြီး ကိုယ်တိုင်မတွေ့ရသေးဘူး” ဟု ဆိုသည်။
အော်ပရာစီစတင်သည့် နံနက်ပိုင်းတွင်ပင် တရားမဝင် နေထိုင်နေသည့် မြန်မာ၊
ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံတို့မှ တရားမဝင် နိုင်ငံသား
စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star
တွင် ဖော်ပြသည်။
ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား
လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို
လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကိုလည်း ဖမ်းဆီးအရေးယူနိုင်ရန်
ရည်မှန်းထားကြောင်း မလေးရှားအစိုးရ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းဌာနတွင်
ဖော်ပြ ထားသည်။
တရားမဝင် မြန်မာအလုပ်သမားများကို အလုပ်ရှင်များက
စက်ရုံများတွင်သာ နေစေပြီး အချို့အလုပ်ရှင်များက လုပ်သားများကို
လုံခြုံသည့် နေရာများသို့ ပို့ဆောင်ထားကြောင်း မလေးရှားရောက်
မြန်မာများထံမှ သိရှိရသည်။
အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု
ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ မီးသတ်နှင့်
နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊
UN ကတ် (မလေးရှားနိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားသူကတ်) တရားဝင်
ရရှိထားသူများအတွက် ကုလသမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၃၅,၀၀၀
ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းများတွင်
ဖော်ပြသည်။
တရားမဝင် နိုင်ငံခြားသားများကို
ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊
အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်
ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို
ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment