Thursday, September 05, 2013

ကလေးမြို့ တည်ဆောက်ဆဲ ဆည်များကြောင့် ကျေးရွာ များ ရေမလျှံနိုင်ဟု ပြော

Thursday, September 5, 2013
ကလေးမြို့တွင်တည်ဆောက်လျက်ရှိသည့် မဏိပူရဆည်နှင့် ရာဇဂြိုဟ်ဆည်များကြောင့် ဆည်အောက် ဘက် ကျေးရွာများဆည်ရေဖွင့်ချလျှင် ရေလျှံမည့် အခြေ အနေ မရှိကြောင်း ကလေးမြို့ဆည်မြောင်း ဌာန မှ အရာရှိ တစ်ဦးက ပြောသည်။
”ကလေးမှာ ရှိတဲ့ ဘယ်ဆည်မှ ရေသိုလှောင်ခြင်း မလုပ်ရသေးပါ ဘူး။ မြစ် ချောင်းတွေ အနေနဲ့ သဘာဝ အတိုင်းပဲ ရှိပါသေးတယ်။ ဒါကိုအားလုံး သိစေချင် ပါတယ် ။ နောက်ပြီး ဆည်အနေ နဲ့ ပြီးစီး သွားလို့ ရင် ကလေးမြို့ ရေလွှမ်းမိုးမှုကို အနည်းငယ်တောင် သက်သာအောင် ထိန်းချုပ်နိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ က လေးမြို့ မှာ နှစ်စဉ် ရေစီးဝင်မှု ပမာဏထဲ က ဆည်က အနည်းငယ် ဖမ်းထိန်းနိုင်မှာ ဖြစ်လို့ပါ” ဟု ဆည်မြောင်း အရာရှိက ရှင်းပြသည်။
ကလေးမြို့ ရေလွှမ်းမိုးမှု နှင့် ပတ်သက်၍ ဂျာနယ် တစ်စောင်တွင် ဒေသ ခံတစ်ဦး၏ အထင်နှင့် ပြောကြား လိုက်သော စကားကြောင့် ဆည်မြောင်း ဌာန နှင့်ပြည်သူ့ အကြား အထင် မှားအမြင်မှား ဖြစ်နိုင်ကြောင်း ကလေးမြို့ ဆည်မြောင်း ဌာနမှ အရာရှိတစ်ဦး Popular News သို့ ပြောသည်။
အဆိုပါ သတင်းကိစ္စနှင့်ပတ်သက်၍ ဂျာနယ်တစ်စောင်တွင် ဖော်ပြသော သတင်းတစ်ပုဒ်ကြောင့် ယခု ကဲ့သို့ ဆည်မြောင်းဌာနအရာရှိတစ်ဦးကပြောကြားလိုက်ခြင်း ဖြစ်သည်။ ဂျာနယ်သတင်းတွင် ”နေရဉ္စရာမြစ် ကသုံးနှစ်တစ်ကြိမ်ရေကြီးတဲ့ ထုံးစံရှိတယ်။ ဒီမြစ်ရေမကြီးတာကြာပြီဆိုတော့ဒီနှစ်ပြန်ကြီးဦးမလား စိုးရိမ်နေ ရတယ်။ မြစ်ရေကြီးတာကအကြောင်းမဟုတ်ပေမယ့် ကလေးမြို့အထက် မြစ်သာမြစ်ကမ်းဘေးမှာ တည်ဆောက်ထားတဲ့ မဏိပူရဆည် က ရေမ နိုင်လို့ ရေလွှတ်ရင် အောက် ရေထောက် ပြီး စပါးကွင်းတွေ ထဲ ရေရောက်ပြီး စပါး ပင်တွေ ပုတ်ပြီး ပျက်စီး ကုန်တယ်” ဟု ဒေသခံ အသံ ပါရှိခဲ့မှုကြောင့် ကလေးမြို့ သတင်း မီဒီယာများ အား ခေါ်ယူ၍ ဆည် မြောင်း ဌာနမှ ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
၎င်းကိစ္စ အား ဆည်မြောင်း ဌာန (ကလေးမြို့) အရာရှိ တစ်ဦးမှ ဆက်လက်ပြီး ”ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ အပြစ် ပြောတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ စိတ်ထဲ မှာ ဘယ်လိုမှ လည်း သဘော မထားပါဘူး။ အခုဟာက သတင်းမှာ ပါနေတဲ့ စာသားက ကျွန်တော် တို့ အတွက် စိတ်မကောင်း စရာ ဖြစ်ရတဲ့ အပြင်ပြည်သူ လူထုနဲ့ ဌာန အကြားလည်း အထင်အမြင် လွဲစေနိုင်တာမို့ အခုလို ရှင်းပြတာပါ” ဟု ဆိုသည်။
၎င်းဆည်များ တည်ဆောက် ပြီးစီးပါက လည်း မြစ်ရေ အစီးသည် ယခင် ကလိုပင် ပုံမှန် ရှိနေဦးမည် ဖြစ်ကြောင်း ကလေးမြို့ ရာဇဂြိုဟ် ဆည်နှင့် ပတ်သက် ၍ ၂ဝ၁၅ ခုနှစ် သုံးလ ပိုင်းတွင် ပြီးဆုံးမည် ဟု ခန့်မှန်းကြောင်း ဆည်မှ လျှပ်စစ် ၄ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည် ဖြစ်ပြီး ၄င်းလျှပ်စစ် ဓာတ်အားကို ကလေးမြို့ အတွက်ပင် အသုံးပြု မည် ဟု သိရကြောင်း ပြောသည်။

ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List