Friday, September 06, 2013

ကေအိုင်အို အကြီးအကဲဟောင်း ဒေါက်တာတူးဂျာ ဒုတိယအကြိမ် ပါတီမှတ်ပုံတင် လျှောက်ထား

Friday, September 6, 2013
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ်မှတ်ပုံတင်ခဲ့သော်လည်း ပယ်ချခံ ခဲ့ရသည့် ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာသည် ပါတီမှတ်ပုံပြန်တင်ရန် ရွေးကောက် ပွဲ ကော်မရှင်ထံ ဒုတိယအကြိမ် မှတ်ပုံတင် ထပ်မံလျှောက်ထားခဲ့ကြောင်း ဒေါက်တာတူးဂျာက The Voice သို့ ပြောကြားသည်။ ပါတီကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီ အမည်ဖြင့် သြဂုတ်လ နောက်ဆုံး ပတ်တွင် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသောပဋိပက္ခများကိုဝင်ရောက်ဖြေရှင်းပေးရန်ပါတီတစ်ခုလိုအပ်နေသောကြောင့် ပါတီမှတ်ပုံတင်ရခြင်း ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ဆက်လက်ပြောကြားသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီတွင် ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးပါရှိပြီး ကချင်ပြည်နယ်ရှိ စစ်ဘေး သင့်ဒေသများရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင် ရန်၂၀၁၅ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။
“အစိုးရရဲ့ပြောင်းလဲလာတဲ့ မူဝါဒတွေအရ မှတ်ပုံတင်ခွင့်ကို ငြင်းပယ်မှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
ဒေါက်တာတူးဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (Kachin State Progressive Party) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခဲ့သော်လည်း ကေအိုင်အိုနှင့် ပတ်သက်ဆက်နွှယ်မှုများ ရှိသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ကို ငြင်းပယ်ခဲ့သည်။

ဒေါက်တာတူးဂျာသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံတင်ရန် ငြင်းပယ်ခဲ့ရသည့်အပြင် တစ်သီးပုဂ္ဂလအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ထပ်မံအပယ်ခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသည်လည်း ကချင်ပြည်နယ်အတွင်းကျင်းပမှုမရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင် ခွင့် မရခဲ့ကြောင်း ၎င်းထံမှ သိရသည်။

(ဟိန်းသွင်ထက်)
The Voice Weekly

No comments:

Post a Comment

My Blog List