Wednesday, September 04, 2013

သက်ကြီးစောင့်ရှောက်ရေးဂေဟာများ ပိုဖွင့်နိုင်ရန်ပုဂ္ဂလိကလုပ်ငန်းရှင်များ ပံ့ပိုးပေးရန်လို

Wednesday, September 4, 2013
သုံး နှစ်အတွင်း သက်ကြီးစောင့်ရှောက် ရေးဂေဟာအများအပြားဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ဝိုင်း ဝန်းပံ့ပိုးစေလိုကြောင်း လူမှုဝန် ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။လက်ရှိတွင်ရန်ကုန်တိုင်း ဒေသကြီး၌သက်ကြီးနေ့ပိုင်း စောင့်ရှောက်ရေးဂေ ဟာတစ်ခု ကို အစိုးရမှဖွင့်လှစ်ထားပေးပြီး ဖြစ်ကာ တိုင်းနှင့်ပြည်နယ်အနှံ့ တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ''သက်ကြီးနေ့ပိုင်းစောင့် ရှောက်ရေးဂေဟာတွေကို တိုင်း နှင့်ပြည်နယ်အနှံ့မှာ ဖွင့်လှစ်သွား မှာပါ။ ဒါပေမဲ့ အစိုးရရဲ့လုပ်ဆောင် မှုတစ်ခုတည်းနဲ့တော့ ရာခိုင်နှုန်း ၁၀၀ လွှမ်းခြုံနိုင်မှာ မဟုတ်ပါ ဘူး။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပူးပေါင်းလုပ်ဆောင်မှာသာ ရာ နှုန်းပြည့် လွှမ်းခြုံနိုင်မှာဖြစ်တယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နေ့ ပိုင်းသက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေဖွင့်ဖို့ အားပေးချင် တယ်''ဟု ဦးအောင်ထွန်းခိုင်က ထပ်မံပြောသည်။ယင်းကဲ့သို့ တိုးချဲ့ဖွင့်လှစ် ရန်လိုအပ်လာရခြင်းမှာ ယခုခေတ် အနေအထားအရ လူငယ်တိုင်း ပြင်ပ၌ အလုပ်ထွက်လုပ်နေစဉ်တွင် မိဘ၊ ဘိုးဘွားများကတစ်ဦးတည်းကျန်ရစ်ခဲ့ပြီး အထီးကျန်ကာ စိတ်ကျရောဂါ အန္တရာယ်ဖြစ် လာနိုင်သောကြောင့်ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းကဆိုရင် မိ သားစုသိုင်းသိုင်းဝိုင်းဝိုင်းနဲ့ တစ်ဦး လုပ်စာကို တစ်အိမ်လုံး ထိုင်စား လို့ရတယ်။ အခုက အိမ်ရှိလူကုန် အလုပ်လုပ်နေရတယ်။ အရင်တုန်း က ကျောင်းဆိုလဲ အချိန်ပိုင်းတက် လို့ရတယ်။ အခုတစ်နေကုန်တက် ရတယ်။ အဲဒီတော့ နေ့ပိုင်းမှာ အထီးကျန်တာဖြစ်တယ်။ အဲဒီက နေ စိတ်ကျရော ဂါဖြစ်လာတာ ပဲ။ အဲဒါကို ဂရုစိုက်ဖို့လိုတယ်။ အိမ်ပိုင် ရာပိုင်ရှိလို့၊ စားစရာရှိလို့ ဘိုးဘွားရိပ်သာကို သွားစရာမလိုပေမယ့်ကြာလာရင်အန္တရာယ်ဖြစ်လာနိုင်တဲ့အတွက်သက်ကြီး နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ တွေ ကို တိုးချဲ့ဖွင့်ဖို့ လိုလာတာ ဖြစ်တယ်''ဟု ယင်းကဆက်လက် ပြောသည်။
အဆိုပါ နေ့ပိုင်းသက်ကြီး စောင့်ရှောက်ရေးဂေဟာများသို့ ဘိုးဘွားများအား ပို့ဆောင်ပေး ခြင်းဖြင့် အဘိုး အဘွားများအချင်းချင်းတိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်သောကြောင့် အထီးကျန် ဝေဒနာဖြစ်ပွားခြင်း လျော့ ပါးနိုင်သည့်အပြင် အဘိုးအဘွားများ၏ ကျန်းမာရေးကိုပါ တစ်ပါတည်း စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်နေထိုင်သူအဘွားဒေါ်သောင်းခင်က''အဘွားဆိုရင်နေ့ပိုင်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ ကို သွားဖို့တောင် အဆင်မပြေ တော့ပါဘူး။ အဘွားက လမ်းမ လျှောက်နိုင်ဘူးလေ။ အဘွားအိမ် ထဲမှာနေ တာဆိုရင် ၁ဝနှစ်ကျော် နှစ် ၂၀ နီးပါးရှိနေပါပြီ။ သားသမီး တွေ၊ မြေးတွေကတော့ တစ်လ တစ်ခါလောက် လာတွေ့ကြပါ တယ်။ စကားပြောမယ့်အဖော် မရှိဘဲ တစ်ယောက်တည်းအထီး ကျန်ဖြစ်တာ နှစ်ပေါင်း မနည်း တော့ပါဘူး။ စိတ်အားငယ်ပေမယ့် လဲ အဘွားက တရားအားထုတ် တာကိုပဲ အဖော်ပြုပြီး နေနေရ တာပါ''ဟုပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List