Wednesday, September 04, 2013

ဓာတုလက်နက်သုံးဆီးရီးယားအား အရေးယူရန် အမတ်များကို သမ္မတ အိုဘားမား စည်းရုံးနေ



Wednesday, 04 September 2013

ဆီးရီးယားအား စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခြင်းကိုထာက်ခံသင့်မခံသင့်ချိန်ဆနေသောဥပဒေပြုအမတ်များကို စည်းရုံး သိမ်းသွင်းရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် စက်တင်ဘာ ၁ရက်က စည်းရုံးမှုကို အသည်းအသန် အားထုတ်ကြိုးပမ်းခဲ့သည်။

ဒမတ်စကတ်သည် ဩဂုတ် ၂၁ရက်က ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုတွင် ဆာရင်းဓာတ် ငွေ့အသုံးပြုခဲ့သည်ဆိုသည့် သက် သေဝါရှင်တန်မှာရှိကြောင်း အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားနေစဉ် အကြီးတန်းအိမ်ဖြူတော်အရာရှိတစ်ဦးကဖ်ာပြခဲ့သည့်မဟာဗျူဟာာခဲ့သည်။
အာခံလျက်ရှိသည့် ဆီးရီးယားသမ္မတဘာရှားအယ်လ်အာ ဆတ်ကလည်း မည်သည့်စစ်ရေး အရ အရေးယူမှုမဆို ထိပ်တိုက်ရင်ဆိုင်သွားမည်ဟုပြောခဲ့သည်ထိုစဉ်အာရပ်အဖွဲ့ချုပ်နိုင်ငံခြားရေးဝန်ကြီးများက
လည်း ဓာတုလက်နက်သုံးစွဲသည်ဟု စွပ် စွဲခံထားရသော ဆီးရီးယားအစိုး ရကိုအပြစ်တင်ပြီး တားဆီးအ ရေးယူမှုပြုလုပ်ရန်ကုလသမဂ္ဂ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။

အားလုံးက ဝါရှင်တန်၏ အနေအထားကို စောင့်ကြည့် လျက်ရှိသည်။ အိုဘားမား၊ ဒုတိ ယသမ္မတဂျိုးဘိုင်ဒင်နှင့် အိမ်ဖြူ တော်ရုံးအဖွဲ့မှူးတို့က ကွန်ဂရက် အဖွဲ့ဝင်များကို တစ်ဦးချင်းစီ ဖုန်း ဆက်စည်းရုံးခဲ့သည်။တနင်္ဂနွေနေ့လယ်က လွှတ် တော်တွင် ကျင်းပသော လျှို့ဝှက် လုပ်ငန်းဆိုင်ရာရှင်းလင်းညွှန်ကြား သည့်အစည်းအဝေးတွင် ဆီးရီး ယားကိစ္စမှာ ထိပ်ဆုံး၌ ရှိနေခဲ့သည်။ လာမည့်နှစ်ရက်အတွင်း သီးသန့်ကွန်ဂရက်အမတ်များအတွက် နောက်ထပ်အစည်းအဝေးများကို အိမ်ဖြူတော်၌ကျင်းပရန် စီစဉ်ထားသည်။

အမေရိကန်၏ ရုတ်တရက် ကြေညာချက်ထွက်ပေါ်လာပြီး နောက် အိမ်ဖြူတော်သည် ကျဉ်း မြောင်းသည့်စစ်ဆင်ရေးတစ်ခု အဖြစ် ကန့်သတ်ထားသော ဆုံး ဖြတ်ချက်မူကြမ်းတစ်ခုအရ တိုက် ခိုက်မှုပြု
လုပ်ခြင်းအား တရားဝင် ခွင့်ပြုချက်ရရှိရေး စနေနေ့က ကွန်ဂရက်ကို တရားဝင်တောင်း ဆိုခဲ့သည်။

သို့သော် စစ်ကိုငြီးငွေ့နေ သော ဥပဒေပြုအမတ်များအား အိုဘားမား၏ တွန်းအားပေးမှုကို ထောက်ခံမခံစောင့်ကြည့်ရ မည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List