Friday, September 06, 2013

လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုစီမံကိန်း ပထမတစ်နှစ်အတွင်း အစိုးရ၀န်ထမ်းများ ထပ်မံအဖွဲ့ ဖွဲ့စည်းမှု မရှိကြောင်း ILO က ထုတ်ပြန်

Friday, 06 September 2013
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုစီမံကိန်း ပထမနှစ်အတွင်း အစိုးရ ၀န်ထမ်းများမှ အသင်းအပင်း ထပ်မံဖွဲ့စည်းမှု မရှိဟု ILO ၏ ထုတ်ပြန်ချက်အရ သိရသည်။အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု ပထမတစ်နှစ် စီမံကိန်းတွင် အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်က မှတ်ပုံတင်ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။''စီမံကိန်းသက်တမ်း တစ်နှစ်ကျော်တဲ့အထိ အစိုးရ ၀န်ထမ်းတွေ ထပ်မံအဖွဲ့ ဖွဲ့စည်းခြင်း မရှိသေးပါဘူး။ အဖွဲ့အစည်း ဖွဲ့စည်းမှ သူတို့မှာ ဘယ်လိုမျိုး လုပ်ပိုင်ခွင့်တွေရှိမယ်၊ ဘယ်လိုအခွင့်အရေးတွေ ရှိမယ်ဆိုတာကို သိလာမှာ ဖြစ်တယ်။ အဖွဲ့ဖွဲ့စည်းတာက ပြဿနာရှာနေတာ မဟုတ်ဘူး။ ပဋိပက္ခဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်ပြီး အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကို ကောင်းမွန်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်'' ဟု ILO ၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု စီမံကိန်း၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ပက်ထရစ်ကွင်းက ပြောကြားသည်။

တောင်သူလယ်သမား အဖွဲ့အစည်း ၃၀၀၊ အလုပ်သမား အဖွဲ့အစည်း ၃၀၀၊ အလုပ်ရှင် အဖွဲ့အစည်း ၂၀ ၊ ရန်ကုန်တက္ကသိုလ် ဆရာဆရာမများအဖွဲ့ လေးဖွဲ့နှင့် မန္တလေးတက္ကသိုလ် ဆရာဆရာမများအဖွဲ့ နှစ်ဖွဲ့ အပါအ၀င် အစိုးရ၀န်ထမ်း အဖွဲ့အစည်း စုစုပေါင်း ၁၃ ဖွဲ့သာ ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၏ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ စည်းမှုပြဋ္ဌာန်းချက်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်များမှလွဲ၍ ကျန်အစိုးရ ၀န်ထမ်းများအားလုံး အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရှိကြောင်း၊ မိမိတို့၏ ရပိုင်ခွင့်နှင့် ဆုံးရှုံးနစ်နာမှုများကို လွတ်လပ်စွာ စုပေါင်းအရေးဆိုခွင့် ရှိကြောင်း၊ လွတ်လပ်စွာ သပိတ်မှောက်ခွင့်ရှိကြောင်း သိရသည်။
မြန်မာအစိုးရ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့၏ အခြေခံကျ သည့် ပြဋ္ဌာန်းချက် တစ်ခု ဖြစ်သည့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကို ၁၉၅၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
http://www.news-eleven.com

No comments:

Post a Comment

My Blog List