Thursday, September 05, 2013

ကြွေးကျန် မွေး/ရေ လုပ်ငန်းရှင်များကို တရားစွဲရန် စတင်စီစဉ်

Thursday, September 5, 2013
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသို့ အကြွေးပေးသွင်းရန် ကျန်ရှိသောမွေးမြူရေးနှင့်ရေလုပ်ငန်းရှင်များကိုဥပဒေကြောင်းအရတရားစွဲရန်စီစဉ်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။
နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိသည့် ငွေကျပ်၂၈ ဘီလီယံအတွက် ပြန်လည်ပေးဆပ်ရန် လွှတ်တော် က ပြောကြားပြီးနောက် အဆိုပါဝန်ကြီးဌာနသည် သတ်မှတ်ကာလအတွင်း ကြွေးမဆပ်နိုင်သည့် လုပ်ငန်း ရှင်များကိုတရားစွဲရန် ပြင်ဆင်ခြင်းဖြစ်သည်။
ပြည်သူ့ဘဏ္ဍာငွေ ပေးဆပ်ရန် ကျန်ရှိသည့် လုပ်ငန်းရှင် ၇၅ ဦးအနက် နောက်ဆုံးပြန်ဆပ်ရန် သတ်မှတ် ကာလ သြဂုတ်လ ၁၅ ရက်နေ့အထိ ပြန်လည် ပေးဆပ်သူ ၁၁ ဦးရှိရာ ကျန်ရှိသည့် လုပ်ငန်းရှင်များကို တရားမ ကြောင်းအရ တရားစွဲရန် စီစဉ်လျက်ရှိသည်ဟု ဦးအောင်ဇံထွေးက ဆိုသည်။
ပြည်သူ့ဘဏ္ဍာငွေပေးသွင်းရန်ကျန်ရှိသည့်လုပ်ငန်းရှင်များစာရင်းနှင့်နောက်ဆုံးထားပေးဆပ်ရမည့်နေ့ရက်ကို မီဒီယာများမှတစ်ဆင့် ဖော်ပြခဲ့ပြီး ကြွေးပြန်လည်ပေးဆပ်ခဲ့သည့် လုပ်ငန်းရှင်များကိုလည်း မီဒီယာများတွင် ပင် ပြန်လည်ဖော်ပြခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။
လက်ရှိအကြွေးများသည်ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ဝန်းကျင် ယခင်မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်သိမ်းလက်ထက်က မွေးမြူရေးလုပ်ငန်းရှင်များသို့ မွေးမြူရေး အစာရောင်းချပေး ခဲ့သည့်ကြွေးကျန်များဖြစ်ပြီး အများစုမှာငါးမွေးမြူရေးလုပ်ငန်းရှင်များဖြစ်သည်ဟု ငါးမွေးမြူရေးလုပ်ငန်းရှင် များက ပြောကြားသည်။
ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းရှင်များသည် ကြွေးကျန်ပေးဆပ်ရမည့် အချိန်ကာလ တိုးမြှင့်ပေးရန် အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှတစ်ဆင့် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် အဆိုပါ ဝန်ကြီးဌာနသို့ တင်ပြတောင်းခံခဲ့ကြသည်။
ချေးထားသောအကြွေးများကို ပြန်ဆပ်ရန် စီစဉ်လျက်ရှိပြီး ပြန်ဆပ်ရမည့် အချိန်ကာလကိုမူ တိုးပေးစေ လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ခတ္တိယကျေးရွာမှ ငါးမွေးမြူရေးကန် ၂၅ ဧက ပိုင်ဆိုင် သည့် လုပ်ငန်းရှင် ဦးစိုးသန်းက မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အစည်းအဝေးတွင် ပြောကြားသည်။
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး ငွေလဲနှုန်းကျဆင်းခြင်းနှင့် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ စတင်၍ မွေးမြူရေး အစာဈေးကြီးမြင့်မှုများကြောင့်သက်ဆိုင်ရာဝန်ကြီးဌာန၏ကြွေးကျန်ဆပ်ရန် ပျက်ကွက်ခဲ့ရခြင်း ဖြစ်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များက တညီတညွတ်တည်း ဆိုသည်။
အဆိုပါမွေးမြူရေးနှင့်ရေလုပ်ငန်းရှင်များထံမှရရန်ရှိသည့်အကြွေးများသည် ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်ခြင်းေ ကြာင့် လျှော်ပေး၍မရဘဲ ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဆိုသည့် လွှတ်တော်၏ ပြောကြား ချက်ကြောင့် ကြွေးကျန် စီးပွားရေးလုပ်ငန်းရှင်များကို တရားစွဲရခြင်း ဖြစ်သည်ဟု အဆိုပါ ဝန်ကြီးဌာ နပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာများ တွင် ဖော်ပြခဲ့ကြသည်။
ကြွေးပြန်ဆပ်ငွေကျပ်သန်း၁၃၀၀ ကျော်ကို ပြန်လည်ရရှိခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List