Thursday, September 05, 2013

စစ်ရေးခြိမ်းခြောက်မှုများကြား ဆီးရီးယားအရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလသမဂ္ဂကြိုးပမ်း

Thursday, 05 September 2013
အမေရိကန်တို့ စစ်ရေးပြင်ဆင်နေသော်လည်း ကုလသမဂ္ဂသည် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် တွန်းအားပေးနေကြောင်း သံတမန်များက ပြောကြားသည်။

Photo: စစ်ရေးခြိမ်းခြောက်မှုများကြား ဆီးရီးယားအရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလသမဂ္ဂကြိုးပမ်း
Thursday, 05 September 2013 

အမေရိကန်တို့ စစ်ရေးပြင်ဆင်နေသော်လည်း ကုလသမဂ္ဂသည် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် တွန်းအားပေးနေကြောင်း သံတမန်များက ပြောကြားသည်။

ယခုတစ်ပတ်အတွင်းရုရှားတွင် ကျင်းပမည့် နိုင်ငံ ၂၀ အုပ်စု(G 20)ဆွေးနွေး
ပွဲတွင် လပေါင်း ၃၀ ကြာမြင့်နေပြီ ဖြစ်သည့် ဆီးရီးယားအရေးဆွေးနွေး
မည့် ဆွေးနွေးပွဲများပါဝင်မည်ဖြစ်ကြောင်း သံတမန်များက ပြောကြား
သည်။

ကုလသမဂ္ဂ-အာရပ်အုပ်စု ဆီးရီးယားအရေး အထူးသံတမန် လက်ဒါဘရာ
ဟီနီသည် G 20ဆွေးနွေးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏အားထုတ်တိုက်တွန်းမှုကို ကူညီရန် ရုရှားသို့သွားရောက်နေကြောင်း ကုလသမဂ္ဂက ယနေ့ပြောကြားသည်။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဆီးရီးယားအရေးပူးတွဲအထူး
သံတမန်လက်ဒါဘရာဟီမီဟာ ဆီးရီးယားအရေးနိုင်ငံတကာဆွေးနွေး
ပွဲကြီးတစ်ခု ပြုလုပ်ဖို့အတွက် စိန့်ပီတာစ်ဘာ့ဂ်မှာပြုလုပ်မယ့် G 20
 ဆွေးနွေးပွဲအတွင်း သူတွန်းအားပေးချိန် ကူညီရအောင်လို့ ရုရှားကို
လာနေပြီလို့ပြောပါတယ်” ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက
 ပြောကြားသည်။

စစ်ဖြစ်နေကြသော ဘက်နှစ်ဘက်လုံးကို ဆွေးနွေးပွဲသို့ ခေါ်လာမည့်ကိစ္စကို သံသယရှိနေကြသော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂျက်ဖရီဖက်လ်မန်းသည် ဆီးရီးယားသမ္မတကို အဓိက ထောက်ခံနေ
သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်သို့ ယခင်တပတ်အတွင်း 
သွားရောက်လည်ပတ်စဉ်ကလည်း ဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်ရေး
အတွက် ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂအရာရှိများနှင့် သံတမန်များက
 ပြောကြားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်ကလည်း ဆီးရီးယားအတိုက်အခံ
ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် အာမက် အယ်ဂျာဘာ ယနေ့လန်ဒန်သို့
လာရောက်စဉ် ၎င်းတို့အစိုးရကလည်း ဆီးရီးယားအတိုက်အခံများကို ဖိအားပေးမည်ဟု ပြောကြားပြီး ဗြိတိန်ဝန်ကြီးချုပ်သည်လည်း ယခုတစ်ပတ် G 20 ဆွေးနွေးပွဲတွင် ရုရှားသမ္မတကို တွန်းအားပေးရန် တွေ့ဆုံ
မည်ဖြစ်ကြောင်း ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဓိကအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် လွန်ခဲ့နှစ်ဇွန်လအတွင်း ဂျနီဗာတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ဆီးရီးယားအရေးအတွက် အပြောင်းအလဲ အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူခဲ့ကြသည်။

“ဂျနီဗာဆွေးနွေးပွဲ ဒုတိယကြိမ်မြောက်ကျင်းပဖို့ အချိန်နဲ့ ပတ်သက်တဲ့
 ကြေညာချက်တစ်ခုလုပ်ဖို့အတွက် စိန့်ပီတာစဘာ့ဂ်မှာ အများကြီးဆွေးနွေး
သွားတာရှိပါမယ်” ဟု ကုလသမဂ္ဂမှ အကြီးတန်းသံတမန်တစ်ဦးက
 ပြောကြားသည်။

၎င်းသံတမန်ကဆက်လက်၍ စက်တင်ဘာ ၂၄ ရက်ကုလသမဂ္ဂခေါင်းဆောင်
များ နှစ်စဉ်ပြုလုပ်နေကြ ဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာတွင် ကျင်းပ
ဖွယ်ရှိသည့် ၎င်းငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကြေညာ
ချက်တစ်ခုထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်
တို့သည် တစ်ဘက်တွင်ရှိနေပြီး တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့နှင့်ဆန့်
ကျင်နေမြဲဖြစ်သည်။

The Myanma Age ယခုတစ်ပတ်အတွင်းရုရှားတွင် ကျင်းပမည့် နိုင်ငံ ၂၀ အုပ်စု(G 20)ဆွေးနွေး ပွဲတွင် လပေါင်း ၃၀ ကြာမြင့်နေပြီ ဖြစ်သည့် ဆီးရီးယားအရေးဆွေးနွေးမည့် ဆွေးနွေးပွဲများပါဝင်မည်ဖြစ်ကြောင်း သံတမန်များက ပြောကြားသည်။ကုလသမဂ္ဂ-အာရပ်အုပ်စု ဆီးရီးယားအရေး အထူးသံတမန် လက်ဒါဘရာ
ဟီနီသည် G 20ဆွေးနွေးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏အားထုတ်တိုက်တွန်းမှုကိုကူညီရန်ရုရှားသို့သွားရောက်နေကြောင်းကုလသမဂ္ဂကယနေ့ပြောကြားသည်။
“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဆီးရီးယားအရေးပူးတွဲအထူး သံတမန်လက်ဒါဘရာဟီမီဟာ ဆီးရီးယားအရေးနိုင်ငံတကာဆွေးနွေး ပွဲကြီးတစ်ခု ပြုလုပ်ဖို့အတွက် စိန့်ပီတာစ်ဘာ့ဂ်မှာပြုလုပ်မယ့် G 20
ဆွေးနွေးပွဲအတွင်း သူတွန်းအားပေးချိန် ကူညီရအောင်လို့ ရုရှားကို လာနေပြီလို့ပြောပါတယ်” ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။စစ်ဖြစ်နေကြသော ဘက်နှစ်ဘက်လုံးကို ဆွေးနွေးပွဲ သို့ ခေါ်လာမည့်ကိစ္စကို သံသယရှိနေကြသော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂျက်ဖရီ ဖက်လ်မန်း သည် ဆီးရီးယားသမ္မတကို အဓိက ထောက်ခံနေ သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်သို့ ယခင်တပတ်အတွင်းသွားရောက်လည်ပတ်စဉ်ကလည်း ဆွေးနွေးပွဲတစ်ခုဖြစ်မြောက်ရေးအတွက် ဆွေးနွေး ခဲ့ကြောင်း ကုလသမဂ္ဂအရာရှိများနှင့် သံတမန်များက ပြောကြားသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်ကလည်း ဆီးရီးယားအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် အာမက် အယ်ဂျာဘာ ယနေ့လန်ဒန်သို့လာရောက်စဉ် ၎င်းတို့အစိုးရကလည်း ဆီးရီးယားအတိုက်အခံများကို ဖိအားပေးမည်ဟု ပြောကြားပြီး ဗြိတိန်ဝန်ကြီးချုပ်သည်လည်း ယခုတစ်ပတ် G 20 ဆွေးနွေးပွဲတွင် ရုရှားသမ္မတကို တွန်းအားပေးရန် တွေ့ဆုံ မည်ဖြစ်ကြောင်း ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဓိကအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် လွန်ခဲ့နှစ်ဇွန်လအတွင်း ဂျနီဗာတွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ဆီးရီးယားအရေးအတွက် အပြောင်းအလဲ အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူခဲ့ကြသည်။
“ဂျနီဗာဆွေးနွေးပွဲ ဒုတိယကြိမ်မြောက်ကျင်းပဖို့ အချိန်နဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုလုပ်ဖို့အတွက် စိန့်ပီတာစဘာ့ဂ်မှာ အများကြီးဆွေးနွေး သွားတာရှိပါမယ်” ဟု ကုလသမဂ္ဂမှ အကြီးတန်းသံတမန်တစ်ဦးက
ပြောကြားသည်။၎င်းသံတမန်ကဆက်လက်၍ စက်တင်ဘာ ၂၄ ရက်ကုလသမဂ္ဂခေါင်းဆောင် များ နှစ်စဉ်ပြုလုပ်နေကြ ဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာတွင် ကျင်းပ ဖွယ်ရှိသည့် ၎င်းငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကြေညာ ချက်တစ်ခုထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။လက်ရှိတွင် ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် တို့သည် တစ်ဘက်တွင်ရှိနေပြီး တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့နှင့်ဆန့်
ကျင်နေမြဲဖြစ်သည်။

The Myanma Age

No comments:

Post a Comment

My Blog List