Wednesday, September 04, 2013

ရုပ်ရှင်အစည်းအရုံးကို ထောက်ခံဖို့အတွက် ဆန္ဒဖော်ထုတ် မယ်ဆိုတာ သတင်းအမှားဟု ဦးအောင်ခိုင်ပြော

Wednesday, September 4, 2013
ရန်ကုန်တိုင်းဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမော်က သြဂုတ် ၂၄ရက်၊ ရုပ်ရှင်အစည်းအရုံး ကို ဆန္ဒ ထုတ်ဖော်ခဲ့ရာတွင် မီဒီယာများသို့ ဖြေကြား မှုမှာပါရှိခဲ့တဲ့ ”ကိုလူေ ချာအဖွဲ့ အနေနဲ့ မဖြစ်မနေ လူတွေကို By Name နဲ့ခေါ်မယ်။ ဆန္ဒပြမယ်။”ဆိုတဲ့ ပြောကြားချက်အပေါ်မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရဲ့ အမှုဆောင်အဖွဲ့ဝင် တစ်ဦး လည်းဖြစ်သလို ကိုလူချောအဖွဲ့ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်တဲ့ အကယ်ဒမီ ဦးအောင်ခိုင်က ငြင်းချက်ထုတ်ခဲ့ပါတယ်။”ဆန္ဒဖော်ထုတ်တယ်ဆိုတာမရှိတဲ့သူတွေကရှိအောင်ဖော်ထုတ် တာလေ။ ဦးတို့က ရှိပြီးသားဖြစ်တဲ့အတွက် ဘာမှဆန္ဒဖော်ထုတ်စရာလည်း အကြောင်းမရှိဘူး။ သီး ခြား ကြီးထောက်ခံစရာ လည်းအကြောင်းမရှိဘူး။
Photo: ရုပ်ရှင်အစည်းအရုံးကို ထောက်ခံဖို့အတွက် ဆန္ဒဖော်ထုတ် မယ်ဆိုတာ သတင်းအမှားဟု ဦးအောင်ခိုင်ပြော
 Wednesday, September 4, 2013

ရန်ကုန်တိုင်းဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမော်က သြဂုတ် ၂၄ရက်၊ ရုပ်ရှင်အစည်းအရုံး ကို ဆန္ဒ ထုတ်ဖော်ခဲ့ရာတွင် မီဒီယာများသို့ ဖြေကြား မှုမှာပါရှိခဲ့တဲ့  ”ကိုလူေ ချာအဖွဲ့ အနေနဲ့  မဖြစ်မနေ လူတွေကို By Name နဲ့ခေါ်မယ်။ 

ဆန္ဒပြမယ်။”ဆိုတဲ့ ပြောကြားချက်အပေါ်မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရဲ့ အမှုဆောင်အဖွဲ့ဝင် တစ်ဦး လည်းဖြစ်သလို ကိုလူချောအဖွဲ့ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်တဲ့ အကယ်ဒမီဦးအောင်ခိုင်က ငြင်းချက်ထုတ်ခဲ့ပါတယ်။
” ဆန္ဒဖော်ထုတ်တယ်ဆိုတာမရှိတဲ့သူတွေကရှိအောင်ဖော်ထုတ်တာလေ။ ဦးတို့ က ရှိပြီးသားဖြစ်တဲ့အတွက် ဘာမှဆန္ဒဖော်ထုတ်စရာလည်း အကြောင်းမရှိဘူး။ သီး ခြား ကြီးထောက်ခံစရာ လည်းအကြောင်းမရှိဘူး။ 

ဘာဖြစ်လို့လဲဆိုတော့ ဦးအောင်ခိုင်တို့က ရုပ်ရှင်လောကသား အစစ်တွေဖြစ်တဲ့အတွက် ရုပ်ရှင်အစည်း အရုံး ရဲ့ ခေါင်းစီး အောက်မှာပဲ အမြဲတမ်းရှိနေမှာ။ ဒါကြီးကနဂိုကတည်းက ရှိပြီးသားဖြစ် တဲ့အတွက် ဘာမှဆန္ဒဖော်ထုတ်ပြီးတော့ထောက် ခံနေစရာအကြောင်း လည်းမရှိ ဘူး။ ဦးအောင်ခိုင်တို့ကိုလူချောအဖွဲ့ဆိုတာကရုပ်ရှင်အစည်းအရုံးဝင်တွေ၊ပြီးတော့ရုပ်ရှင် အလုပ်တစ်ခုအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေ စုစည်း ဖွဲ့ စည်းထား တဲ့ကိုလူချောတွေဟာ လူကြမ်းတွေရဲ့ အို၊ နာစာရန်ပုံငွေ အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေပါ။ အဲဒီအဖွဲ့အစည်းသည် ကိုယ်စီကိုယ်ငရုပ်ရှင် အစည်းအ ရုံးရဲ့ ခေါင်းစီးအောက်မှာရှိကြတယ်။ 

ပြီးတော့ ဦးအောင်ခိုင်တို့က By Name အနေနဲ့ခေါ်တယ်။ ပြီးတော့ မဖြစ်မနေ၊ မလာမနေရဆိုတာတွေလုပ် တယ်ဆိုတာ က သေေ သချာချာဂဃနဏမသိဘဲနဲ့ဝါးလုံးရှည်နဲ့ရမ်းတဲ့သဘောရှိတယ်။
ဦးအောင်ခိုင် တို့ကအခုအချိန်ထိအောင်အဲဒီဦးအောင်ခိုင်တို့ရုံးခန်းမှာ ဓာတ်ပုံသွားရိုက်လို့ ရတယ်။ ၂၅ ရက်နေ့မှာလုပ်အားပေးရှိသည်၊ စိတ်ပါဝင်စားသူများရုပ်ရှင် အစည်း အရုံးကို ဘယ်နှနာရီ အရောက် လာပါဆိုပြီးတော့ပဲ ရေးထားတယ်။ ဟိတ်ကောင်၊မင်းတို့တွေ လာရမယ်။ မလာရင်ဘာဖြစ် မယ်၊ညာဖြစ်မယ်လို့ဘယ် သူ့ကိုမှမပြော ဘူး။ 

ကြိုက်တဲ့သူလာ။ကိုလူချောအဖွဲ့မှာ အင်အား ၉၈ယောက်ရှိတယ်။နာမ ကျန်းတဲ့သူတွေ၊အဝေးရောက် နေတဲ့သူတွေကိုနုတ်လိုက်လို့ရှိရင်လူ ၇ဝကျော်ရှိတယ်။ကြိုက် တဲ့သူကိုသွားမေးလို့ရတယ်။ဦးအောင်  ခိုင်ကရုပ်ရှင်အစည်းအရုံးကအမှုဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် By Name နဲ့တပ်ပြီးခေါ်တာမျိုး ဘာအလုပ်ကိုမှ  မလုပ်သေးဘူး။ အကုန်လုံးက သူ့အသိစိတ်ဓာတ်နဲ့သူလာကြတဲ့သူတွေချည်းပါပဲ။ ရုပ်ရှင်အစည်းအရုံး ကို ထောက်ခံဖို့အ တွက်ဆန္ဒဖော်ထုတ်မယ်ဆိုတာလည်းသတင်း အမှားဖြစ်တယ်။

သူ့ဘာ သာသူပြောချင်ရာပြောနေတာတွေလည်းဖြစ်တယ်။ဦးအောင် ခိုင်တို့သည် ရုပ်ရှင်လောက မှာအနိမ့်ဆုံးလို့သတ်မှတ်ခြင်းခံထားရတဲ့ လူကြမ်းတွေဖြစ်ပေမယ့် ဦးေ အာင်ခိုင်တို့ရဲ့ စိတ်ဓာတ်ကအမြင့်ဆုံး ထားတယ်။ဦးအောင်ခိုင်တို့ လူကြမ်းတွေတော်တော်များ များမှာ အောက် တန်းကျတဲ့စိတ် ဓာတ်မရှိဘူး။ကိုလူချော အဖွဲ့သည်မြန် မာနိုင်ငံရုပ် ရှင်အစည်း အရုံးရဲ့ခေါင်းစီးအောက်မှာပဲထာဝရရှိနေမယ့် အဖွဲ့အ စည်းဖြစ်တယ်။ ဒါဘယ်သူ့ကိုမှ By Name နဲ့အတင်းအကျပ်စည်းရုံးထား တဲ့အဖွဲ့အစည်းမဟု တ်ဘူး။ 

ဘာတွေညာတွေ မျှော်လင့်ချက်ပေးပြီးတော့လုပ်နေတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ကိုလူချောအဖွဲ့သည်လူကြမ်း များရဲ့အိုနာစာရန်ပုံငွေအ တွက်ဖွဲ့စည်းထား တဲ့လူ မှုရေး အဖွဲ့အစည်းသေးသေးလေးဖြစ်တယ်။ ကိုလူချောအဖွဲ့ကလူကြမ်းတွေဆိုပြီးတော့နိုင်ထက်စီးနင်းမပြောချင်ပါနဲ့။
လူကြမ်းတွေရဲ့စိတ်ဓာတ်ကအောက်တန်းကျတဲ့စိတ်ဓာတ်မျိုးတစ်ယောက်မှာမှမရှိပါဘူး” လို့ပြောပါတယ်။

သိမ့်သိမ့်
Popular Journal

No comments:

Post a Comment

My Blog List