Wednesday, September 04, 2013

ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး
Wednesday, September 4, 2013

လွန်ခဲ့သည့်လက သမ္မတ ဘာရှားအယ်လ်အာဆတ်၏ သစ္စာရှိတပ်များက ဓာတုလက် နက်အသုံးပြု တိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက်လှမ်းရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက် ဆီးရီး ယား သမ္မတ အာဆတ်က စစ်ရေးအရအရေး ယူတိုက်ခိုက်မှုပြုခြင်းက ဒေသ တွင်းတွင် စစ်မီးလောင် မြိုက်စေ မည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။
 Photo: ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး
Wednesday, September 4, 2013

လွန်ခဲ့သည့်လက သမ္မတ ဘာရှားအယ်လ်အာဆတ်၏ သစ္စာရှိတပ်များက ဓာတုလက် နက်အသုံးပြုတိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက် လှမ်း ရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆတ်က စစ်ရေးအရအရေး ယူတိုက်ခိုက်မှုပြုခြင်းက ဒေသ တွင်းတွင် စစ်မီးလောင်မြိုက်စေ မည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။ 

ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခြင်းအပေါ် စစ်ရေးအရ အရေးယူတိုက်ခိုက်မည်ဟူသော ရတက်မအေးဖွယ်ရာအသံများ ထွက်ပေါ်လာခဲ့ပြီးနောက် လွန် ခဲ့သည့်ရက်က အာဆတ်အစိုးရ ကို အရေးယူတိုက်ခိုက်ရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏အကြမ်းဖျင်း ပုံဖော်ထားသော စာမျက်နှာကိုးမျက်နှာပါ အစီ ရင်ခံစာ ထွက်ပေါ် လာကြောင်း သိရသည်။ဆီးရီးယားအစိုးရအား စစ် ရေးအရ အရေးယူတိုက်ခိုက်ရေး အတွက် အမေရိကန်လွှတ်တော် မှ ထောက်ခံမှုကိုရရှိရန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ချိန်တွင် 
မူ အားလုံးကို အံ့အားတသင့်ဖြစ် စေခဲ့သည်။ အကြောင်းမှာ အမေ ရိကန်ပြည်ထောင်စုက အာဆတ် ၏တပ်များနှင့် အရေးပါသည့် နေရာများအား ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်တော့ မည်ဟုထင်မြင်နေချိန်တွင် သမ္မတ အိုဘားမား၏ဆုံးဖြတ်မှုမှာ မျှော် လင့်ထားခြင်းမရှိသည့် အနေ အထားကို ဖြစ်စေခဲ့သည်ဟုဆို သည်။ 

ဆီးရီးယားသမ္မတအာဆတ် ကမူ ဆီးရီးယားကို စစ်ရေးအရ အရေးယူတိုက်ခိုက်လာမှုအပေါ် မည်ကဲ့သို့တုံ့ပြန်မှုပြုမည်ကို မပြော နိုင်ကြောင်း၊ သို့ရာတွင် ပထမ ဦးဆုံး တိုက်ခိုက်မှုအပြီး မည်ကဲ့ သို့ဖြစ်လာမည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုများ အတွင်း လူတိုင်းကို ထိန်းမနိုင် သိမ်းမရဖြစ်စေခြင်းဖြင့် ဝရုန်းသုန်း ကားအခြေအနေများကို ပျံ့နှံ့ စေကာ ဒေသတွင်းစစ်ပွဲဘေး ဥပဒ်ဆီသို့ ဆိုက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်ဟု သိရသည်။

Yangon Media Group
 ဓာတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်းအပေါ် စစ်ရေးအရအရေးယူတိုက်ခိုက်မည်ဟူသော ရတက်မအေး ဖွယ်ရာအသံများ ထွက်ပေါ်လာခဲ့ပြီးနောက် လွန် ခဲ့သည့်ရက်က အာဆတ်အစိုးရ ကို အရေးယူ တိုက်ခိုက်ရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏အကြမ်းဖျင်း ပုံဖော်ထားသော စာမျက်နှာကိုးမျက်နှာပါ အစီ ရင်ခံစာ ထွက်ပေါ် လာကြောင်း သိရသည်။ဆီးရီးယားအစိုးရအား စစ် ရေးအရ အရေးယူတိုက်ခိုက်ရေး အတွက် အမေရိကန်လွှတ်တော် မှ ထောက်ခံမှုကိုရရှိရန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ချိန်တွင်
မူ အားလုံးကို အံ့အားတသင့်ဖြစ် စေခဲ့သည်။ အကြောင်းမှာ အမေ ရိကန်ပြည်ထောင်စုက အာဆတ် ၏တပ်များနှင့် အရေးပါသည့် နေရာများအား ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်တော့ မည်ဟု ထင်မြင်နေချိန်တွင် သမ္မတ အိုဘားမား၏ဆုံးဖြတ်မှုမှာ မျှော် လင့်ထားခြင်းမရှိသည့် အနေ အထား ကို ဖြစ်စေခဲ့သည်ဟုဆို သည်။
ဆီးရီးယားသမ္မတအာဆတ် ကမူ ဆီးရီးယားကို စစ်ရေးအရ အရေးယူတိုက်ခိုက်လာမှုအပေါ် မည်ကဲ့သို့တုံ့ပြန်မှုပြုမည်ကို မပြော နိုင်ကြောင်း၊ သို့ရာတွင် ပထမ ဦးဆုံး တိုက်ခိုက်မှုအပြီး မည်ကဲ့ သို့ဖြစ်လာမည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုများ အတွင်း လူတိုင်းကို ထိန်းမနိုင် သိမ်းမရဖြစ်စေခြင်းဖြင့် ဝရုန်းသုန်း ကားအခြေအနေများကို ပျံ့နှံ့ စေကာ ဒေသတွင်းစစ်ပွဲဘေး ဥပဒ်ဆီသို့ ဆိုက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်ဟု သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List