Tuesday, September 03, 2013

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် လိုအပ်သောဆုံးဖြတ် ချက်များကို ဥက္ကဋ္ဌနှင့်ဘုတ်အဖွဲ့တွေ့ပြီးမှသာ ချမှတ်မည်ဟုဆို

Monday, September 2, 2013
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက်လိုအပ်သောဆုံးဖြတ်ချက်များကိုဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ဘုတ်အဖွဲ့တွေ့ဆုံပြီးမှသာလျှင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံ ဦးဇော်သက်ထွေး က ပြောသည်။ ယင်းကဆက်လက် ၍''အခု ဥက္ကဋ္ဌက လွှတ်တော်တက်နေတော့ လွှတ်တော်နားချိန်က ဒီလထဲမှာ ဆိုတော့ ဥက္ကဋ္ဌနဲ့ ကျွန်တော် တို့ ဘုတ်အဖွဲ့နဲ့တွေ့ဆုံပြီးတော့မှ ပဲ ရွေးချယ်မှုအပိုင်းကိုဆက်ပြီး လုပ်သွားမှာပါ။ အခုကျွန်တော် တို့ ဆုံးဖြတ်ချက်စောင့်နေကြတာပါ''ဟု ပြောသည်။ ဗိုလ်ချုပ်ဆောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် အဓိကရွေးချယ်ရန် လိုအပ်နေ သော ဒါရိုက်တာရွေးချယ်ရန် နှင့် နိုင်ငံတကာမှဗိုလ်ချုပ်ဇာတ် ကားအတွက် လိုအပ်သည်များ ကူညီပေးရန်အတွက်ကမ်းလှမ်းလာမှုများအား မည်သည့်နိုင်ငံ၏အကူအညီယူရန် အစရှိ သည့် ဆုံးဖြတ်ချက်များချရန်အတွက် ဥက္ကဋ္ဌ၏ဆုံးဖြတ်ချက်စောင့်ဆိုင်း လျက်ရှိနေကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် လိုအပ်သည့်များပြင်ဆင်ဆောင်ရွက်ရန်အတွက် ဩဂုတ် ၆ ရက်တွင် ဩစတြေးလျနိုင်ငံသူ Kate Jame ရောက်ရှိလာပြီး ဗိုလ်ချုပ် ဖြစ်မြောက်ရေး အဖွဲ့မှတာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဇာတ်ကားရိုက်ကူးရန်အတွက် ပြီးစီးခဲ့သောလုပ်ငန်း ဆောင်ရွက်ချက်များဖြစ်သည့်သရုပ်ဆောင်ရွေး ချယ်ခြင်းကိစ္စ၊ ဇာတ်ညွှန်းရေးသားပြီးစီးခြင်းကိစ္စတို့အား နေပြည်တော်တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နှင့်ဘုတ်အဖွဲ့ဝင်များ ဩဂုတ်လ တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး စက် တင်ဘာတွင် ဇာတ်ကားရိုက်ကူး ရန်အတွက် လိုအပ်သောနိုင်ငံတကာရုပ်ရှင်ကုမ္ပဏီတို့နှင့် ချိတ်ဆက်၍ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စရပ်များ အား အပြီးသတ်ဆွေး နွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယခုအချိန်တွင်ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက်အဓိက ပါဝင်သရုပ်ဆောင်ရန်အတွက် ရွေးချယ်ထားသော ဗိုလ်ချုပ်နေရာအတွက်တစ်ဦးနှင့် ဒေါ်ခင်ကြည်နေရာအတွက်သရုပ် ဆောင်နှစ်ဦးတို့အား သင်တန်းပေးခြင်း ကိုခေတ္တရပ်နားထားပြီး ၎င်းတို့နေထိုင်ရာနယ်မြို့များသို့ပြန်ခိုင်းထားကြောင်းနှင့် ယင်းတို့အားဗိုလ်ချုပ်ဇာတ် ကားအတွက်လိုအပ်သည့်ဆုံးဖြတ်ချက် များချမှတ်ပြီးမှသာလျှင် ပြန်လည် ခေါ်မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List