Monday, September 02, 2013

ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

Monday, September 2, 2013
လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေးထားသော ရွှေပြည်သာတံတား၏ လုံခြုံရေး ရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ် သို့ တစ်ဦးတည်း ပြန်လာသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက ပြောကြားသည်။
လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်၊ ဗိုလ်တေဇ ပတ်လမ်းတွင် နေထိုင်သော မိန်းကလေးသည် ခင်ပွန်းဖြစ် သူနှင့် စကားများရန်ဖြစ်ကာ ယင်းနေ့ နံနက် ၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မိဘဖြစ်သူ၏ နေအိမ်ပြန် ရန် ဆိုင်ကယ်ကယ်ရီ မောင်းသမားကို တညင်းကုန်းလမ်းဆုံသို့ ပို့ဆောင် ခိုင်းစဉ် ရွှေပြည်သာတံတား ရဲကင်းအရောက်၌ ဆိုင်ကယ်ပျက်သွားသဖြင့် ဆိုင်ကယ်မောင်းသူက ကယ်ရီခ ငွေတစ်ထောင်ကျပ် ကို တောင်းယူပြီး ရဲကင်းတွင် ထားခဲ့ရာမှ အဆိုပါ ရဲကင်းတွင် တာဝန်ကျသူ ဒုတပ်ကြပ်ဝင်းဌေးက အလိုမ တူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါမိန်းကလေး ၏ ယောက္ခမဖြစ် သူက ပြောကြားသည်။ “အဲဒီညက မိသားစုတွေ ဒိုးဇက်ကစားရင်း သူ့ယောက်ျားနဲ့ စိတ်ဆိုးပြီး ည ၁ နာရီခွဲလောက်မှာ တစ်ယောက်တည်း ထွက်သွားတာ သူ့ယောက်ျား လိုက်ရှာတော့ မရှိတော့ဘူး။ မနက် ၅ နာရီလောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က လာအကြောင်းကြားမှ ဒီကိစ္စဖြစ်မှန်း သိရတာ။ သမီးက ပြောတာတော့ အဓမ္မပြုကျင့်ခံရတဲ့ အချိန်မှာ ကျန်တဲ့ရဲနှစ်ဦးက မီးသီးသွားဝယ်နေတယ်လို့ ပြောတယ်” ဟု ၎င်းက ဆက် လက်ပြောကြားသည်။
အဓမ္မပြုကျင့် ခံရသူသည် ငယ်ရွယ်စဉ်က ငှက်ဖျားပိုး ခေါင်းထဲသို့ရောက်ကာ ဆေးကုသခဲ့ရသောကြောင့် တစ်ခါတစ်ရံတွင် စိတ်လွတ်လေ့ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆိုင်ကယ်ကယ်ရီ မောင်းသူသည် ဆိုင်ကယ်ကိုတွန်းကာ ပြန်လှည် ထွက်သွားပြီး အလယ်ရွာ ကယ်ရီဂိတ် တွင် ဆိုင်ကယ်ကိုအပ်ထားခဲ့၍ ဂိတ်သို့ပြန်ကာသူငယ်ချင်းများကို ရွှေပြည်သာတံတားလုံခြုံရေး တာဝန်ကျ ရဲများက ၎င်းကို ထိုးကြိတ်ပြီး ဆိုင်ကယ်ကိုသိမ်းယူကာ ခရီးသည် အမျိုးသမီးကို ရဲကင်းတွင် ခေါ်ထား သည်ဟု ပြောဆိုကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကယ်ရီသမားလေးဦးနှင့်အတူ အဆိုပါရဲကင်းသို့ ပြန် လည်ရောက်ရှိလာပြီးရဲများကိုရိုက်နှက်ခြင်း၊ရဲကင်းတွင်တပ်ဆင်ထားသောမှန်ကိုခဲဖြင့်ထုခွဲဖျက်ဆီးခြင်းပြုလုပ် သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသ ခံယူနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ထုတ်ပြန်သည်။ “တာဝန်ကျ ရဲသုံးဦးကို ရဲစည်းကမ်း ဥပဒေအရ အရေးယူသွား မှာပါ” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များရိုက်နှက်ခံရခြင်းနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်ပေါ်ပေါက်ရန် ထန်းတပင်မြို့နယ် သောင် ကြီးနှင့် အဖျောက် တို့မှ စခန်းမှူးသုံးဦးတို့ အဖွဲ့ဖြင့် ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ဖြစ်ကြောင်း၊ လှိုင်သာယာ မြို့မ ရဲစန်းက (ပ) ၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့်လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက ၆(၁) ဖြင့် လည်းကောင်း စစ်ဆေးလျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List