Monday, September 02, 2013

ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မြို့နယ်များသို့ မျိုးစပါးတင်း ၈၀၀၀ နှင့် ဓာတ်မြေသြဇာ အိတ်တစ်သိန်းကျော်ကို ခြောက်လဆိုင်း စနစ်ဖြင့် ပံ့ပိုးပေးနေ

Monday, September 2, 2013
ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့် ဒေသများအနက် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ တောင်သူများအတွက် မျိုးစပါး တင်း ၈၀၀၀ နှင့် ဓာတ်မြေသြဇာအိတ်ရေ တစ်သိန်းကျော်ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ သိရသည်။
"လက်ရှိမှာကျွန်တော်တို့မျိုးစပါးတွေထုတ်ပေးနေသလိုဓာတ်မြေသြဇာကိုလည်းအိတ်၂၅၀၀၀ လောက်ပေးနေ ပါတယ်။ အခု ကျွန်တော်တို့ ပေးနေတာက ခြောက်လဆိုင်း စနစ်နဲ့ပါ။ တောင်သူတွေ အခု ပိုက်ဆံပေးစရာ မလိုဘူး။ ကျွန်တော်တို့ ပေးထားမယ်။ ခြောက်လကြာရင် အဲဒီပိုက်ဆံပြန်ပေး၊ အတိုးလုံးဝ မယူဘဲ ပေးတာ ပါ" ဟုလည်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။
Photo: ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မြို့နယ်များသို့ မျိုးစပါးတင်း ၈၀၀၀ နှင့် ဓာတ်မြေသြဇာ အိတ်တစ်သိန်းကျော်ကို ခြောက်လဆိုင်း စနစ်ဖြင့် ပံ့ပိုးပေးနေ
Monday, September 2, 2013

ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့် ဒေသများအနက် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ တောင်သူများအတွက် မျိုးစပါး တင်း ၈၀၀၀ နှင့် ဓာတ်မြေသြဇာအိတ်ရေ တစ်သိန်းကျော်ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ သိရသည်။

"လက်ရှိမှာ ကျွန်တော်တို့ မျိုးစပါးတွေ ထုတ်ပေးနေသလို ဓာတ်မြေသြဇာကိုလည်း အိတ် ၂၅၀၀၀ လောက် ပေးနေပါတယ်။ အခု ကျွန်တော်တို့ ပေးနေတာက ခြောက်လဆိုင်း စနစ်နဲ့ပါ။ တောင်သူတွေ အခုပိုက်ဆံပေးစရာ မလိုဘူး။ ကျွန်တော်တို့ ပေးထားမယ်။ ခြောက်လကြာရင် အဲဒီပိုက်ဆံပြန်ပေး၊ အတိုးလုံးဝ မယူဘဲ ပေးတာပါ" ဟုလည်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ ပျားမွှတ်ကျေးရွာမှ တောင်သူဦးခင်ဝေက "ကျွန်တော်တို့ရွာမှာ ရေပြန်ကြီးနေပြန်ပြီ။ အရင်ရက်က ရေကျသွားလို့ ပြန်စိုက်ထားတာတွေလည်း ရေနစ်ကုန်ပြီ။ မစိုက်ရသေးတဲ့ သူတွေလည်း ထပ်စိုက်ဖို့ အဆင်မပြေဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေကြီးရင် ရေထွက်စရာ ချောင်းတစ်ချောင်းပဲ ရှိတယ်။ ဒီအနီးနား ၀န်းကျင်က ရေမှန်သမျှ ဒီချောင်းကပဲ ထွက်နေရတော့ ရေကတော်တော်နဲ့ မကျနိုင်ဘူး။ ချောင်းပေါက်တွေ များများရှိရင် ရေစီးရေလာ ကောင်းရင်တော့ ဒီလိုရေကြီးတာ သက်သာနိုင်မယ်။ အဲလိုမှ မဟုတ်ရင်တော့ ရေကြီးနေဦးမှာပဲ" ဟု ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာက ရေကြီးတယ်၊ မိုးခေါင်တယ်ဆိုတဲ့ ရာသီဖောက်ပြန်တဲ့ သဘာဝဘေးတွေ နှစ်စဉ်လို ကြုံတွေ့လာရတော့ တောင်သူတွေကို အစိုးရဘက်က ပံ့ပိုးမှုတွေ လုပ်ပေးဖို့ လိုအပ်တယ်။ ဓာတ်မြေသြဇာတွေ မျိုးစပါးတွေ ပံ့ပိုးပေးဖို့ လိုနေပါတယ်။ ဒါ့အပြင် ရေစီးရေလာကောင်းဖို့ မြောင်းတွေရေထုတ်မြောင်းတွေ ဖောက်ပေးဖို့ လိုတယ်။ အစိုးရကမှ ဒီကိစ္စတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာပါ" ဟု ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။ 

Eleven Media Group


ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုကြောင့် ငသိုင်းချောင်းမြို့နယ်အတွင်း လယ်ယာမြေများ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်


http://www.myanmaronlinenews.net/2013/09/blog-post_9116.html

ဧရာဝတီတိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ ပျားမွှတ်ကျေးရွာမှ တောင်သူဦးခင်ဝေက"ကျွန်တော်တို့ရွာ မှာ ရေပြန်ကြီးနေပြန်ပြီ။ အရင်ရက်က ရေကျသွားလို့ ပြန်စိုက်ထားတာတွေလည်း ရေနစ်ကုန်ပြီ။ မစိုက် ရသေးတဲ့သူတွေလည်း ထပ်စိုက်ဖို့အဆင်မပြေဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေကြီးရင် ရေထွက် စရာချောင်းတစ်ချောင်းပဲရှိတယ်။ဒီအနီးနားဝန်းကျင်ကရေမှန်သမျှဒီချောင်းကပဲထွက်နေရတော့ ရေကတော်တော် နဲ့ မကျနိုင်ဘူး။ ချောင်းပေါက်တွေ များများရှိရင် ရေစီးရေလာ ကောင်းရင်တော့ ဒီလိုရေကြီးတာ သက် သာနိုင်မယ်။ အဲလိုမှ မဟုတ်ရင်တော့ ရေကြီးနေဦးမှာပဲ" ဟု ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံမှာက ရေကြီးတယ်၊ မိုးခေါင်တယ်ဆိုတဲ့ ရာသီဖောက်ပြန်တဲ့ သဘာဝဘေးတွေ နှစ်စဉ်လို ကြုံတွေ့လာရတော့ တောင်သူတွေကို အစိုးရဘက်က ပံ့ပိုးမှုတွေ လုပ်ပေးဖို့ လိုအပ်တယ်။ ဓာတ်မြေသြ ဇာတွေ မျိုးစပါးတွေ ပံ့ပိုးပေးဖို့ လိုနေပါတယ်။ ဒါ့အပြင် ရေစီးရေလာကောင်းဖို့ မြောင်းတွေရေ ထုတ်မြောင်းတွေ ဖောက်ပေးဖို့ လိုတယ်။ အစိုးရကမှ ဒီကိစ္စတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာပါ" ဟု ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List