Monday, September 02, 2013
မလေးရှား၌တရားမ၀င်နေထိုင်သူများအားအထူးစီမံချက်ဖြင့်စတင်ဖမ်းဆီးသည့် ပထမနေ့တွင် မြန်မာအပါ အ၀င် ၇၁ ဦး ဖမ်းဆီးခံရ
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည့် သုံးလကြာ ဆောင်ရွက်ခဲ့သော
အလုပ်သမားများ မှတ်ပုံတင်ရေး အစီအစဉ်တွင် နေထိုင်ခွင့် အထောက်အထား မရှိသော
နိုင်ငံခြား အလုပ်သ မား နှစ်သန်းခန့်အနက် ၁ ဒသမ ၃ သန်းသာ လာရောက်မှတ်ပုံ
တင်ခဲ့ကြောင်း သိရသည်။ထိုစဉ်က မှတ်ပုံတင် လျှောက်ထားခဲ့သူများအနက် ၅၀၀၀၀၀ ကိုသာ လက်ခံခဲ့ပြီး ၃၃၀၀၀၀ ဦးကို နေရပ် သို့ ပြန်ပို့ခဲ့သည်။စက်တင်ဘာ ၁ ရက် နံနက် ၃ နာရီခန့်က ဒန်ကေးမြို့တွင် ပြုလုပ်ခဲ့သည့်
ဖမ်းဆီးမှုတွင် တရားမ၀င် အလုပ်သမား အချို့သည်
ခွေးဟောင်သံများကြောင့်နိုးပြီး ၎င်းတို့၏ နေအိမ်များမှ နီးစပ်ရာ တောတွင်းသို့
ထွက်ပြေးသွားခဲ့သော်လည်း ၂၁ ဦးကို ၎င်းတို့နေအိမ်များတွင် ၀ှက်ထားသည့်
ဆာမူရိုင်း ဓားရှည်တစ်ချောင်း၊ တူများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။"ကျွန်တော့်အနေနဲ့ အလုပ်လုပ် ခွင့်ပါမစ်အစစ်လိုချင်ခဲ့ပေမယ့်
ကျွန်တော့်ရဲ့သူဌေးက ကျွန်တော့်ကို လိမ်ခဲ့တယ်။ ပါမစ်လျှောက်ပေး မယ်ပြောလို့
ကျွန်တော်သူ့ကို ရင်းဂစ် ၃၀၀၀ ပေးခဲ့ရပေမယ့် အခုအချိန်အထိ
လုပ်မပေးခဲ့ပါဘူး" ဟု ဖမ်းဆီးခံခဲ့ရသူ အသက် ၃၄ အရွယ်
အင်ဒိုနီးရှားနိုင်ငံသား ဆူဟာမင်က ပြောကြားသည်။ပြည်ပ အလုပ်သမားများ မှတ်ပုံတင် အစီအစဉ်တွင် အဘယ်ကြောင့် လျှောက်ထားမှု
မပြုလုပ်ရခြင်းအပေါ် ဖမ်းဆီးရေး အရာရှိများက မေးမြန်းရာတွင် မိမိအနေဖြင့်
နေရပ်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်သောကြောင့်
မလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဆူဟာမင်က ပြောကြားခဲ့သည်။ဖမ်းဆီးခံရသူများကို ပုဒ်မ ၆၊ ၁၅ (၄) နှင့် ၅၅ တို့အရ
စစ်ဆေးသွားမည်ဖြစ်ပြီး နေရပ်သို့ ချက်ခြင်းပြန်ပို့ မည်ဖြစ်ကြောင်း
လူဝင်မှု ကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဆာရာဗာနာ ကုမာက ပြောကြားသည်။"အခုလို ဖမ်းဆီးမှု ဟာ အလုပ်ရှင်တွေ အနေနဲ့ တရားမ၀င် အလုပ်သမားတွေကို
မငှားရမ်းဖို့ ပြတ်ပြတ်သားသား သတိပေးခြင်း ဖြစ်ပါတယ်" ဟု ဆာရာဗာနာက
ပြောကြားခဲ့သည်။၂၀၁၃ ခုနှစ် ကုန်ပိုင်း အထိ ပြုလုပ် မည့် ယခုစီမံချက်တွင် တရားမ၀င်
နေထိုင်သူ ၄၀၀၀၀ ခန့်နှင့် ၎င်းတို့ကို အလုပ်ခန့်ထားသည့် အလုပ်ရှင် ၄၅၀၀၀
ခန့်ကို ဖမ်းဆီးအရေးယူခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။" တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမ၀င် အလုပ်သမားတွေရဲ့ နေအိမ်တွေ၊
ခြံလုပ်ငန်းတွေ၊ ဖြေဖျော်ရေး နေ ရာတွေနဲ့ အနှိပ်ခန်းတွေကို
ဝင်ရောက်ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ အရင်ဖမ်းဆီးမှုတွေမှာ စီးပွားရေး
လုပ်ငန်းအမျိုးမျိုးအတွက် တရားမ၀င် နေထိုင်သူတွေကို ငှားရမ်းလုပ်ကိုင်နေတဲ့
အလုပ်ရှင် ၂၀၀ ကိုလည်း အရေးယူထားပြီး ဖြစ်ပါတယ်" ဟု ဆာရာဗာနာက
ပြောကြားခဲ့သည်။ယခု စီမံချက်ဖြင့် ဖမ်းမိသော အလုပ်သမားများကို နေရပ်သို့
ချက်ခြင်းပြန်ပို့သွားပြီး ၎င်းတို့၏ အလုပ်ရှင်များကို ရင်းဂစ် ၅၀၀၀ သို့မဟုတ်
ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်ဒဏ်အားလုံး
ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment