Thursday, September 05, 2013

ရွှေမာလာရိပ်မွန်က အနှိပ်ခန်းကို ရဲဝင်ဖမ်းလိုက်ပြီ

Wednesday, September 4, 2013
ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်တွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းဖမ်းဆီးလိုက်သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။ “Crystal” ဟုအမည်ရှိသော အဆိုပါ အနှိပ်ခန်း တရားမ၀င် လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ယင်းနေ့ည ၈ နာရီ ကျော်တွင် ၀င်ဖမ်းလိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကဆိုထားသည်။
ထိုသို့ဖမ်းဆီးစဉ် ဆိုင်မန်နေဂျာနှင့်အတူ ဧည့်သည်အမျိုးသားများကို နှိပ်ပေးနေသော အနှိပ်သမအမျိုး သမီးကိုးဦးကို လည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ထို့ပြင်တိုက်အဆောက်အဦ၏ ပထမထပ်ရှိ အခန်းလွတ်အတွင်း၌လည်း ဧည့်သည်အမျိုးသားများ ကို နှိပ်ပေးရန် စောင့်ဆိုင်းနေသော အနှိပ်သမခုနစ်ဦးနှင့်အတူ ဧည့်ကြိုအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ သည်ဟု ရဲမှတ်တမ်းများတွင် ဆက်လက်ဖော်ပြထားသည်။
ရဲများက အနှိပ်ခန်းတွင်အသုံးပြုသော စာရင်းဇယားများ၊ မွေ့ယာများ၊ ခေါင်းအုံးများနှင့် ငွေသားကျပ် သုံးသောင်းတို့ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သလို ဆိုင်မန်နေဂျာအပါအ၀င် အနှိပ်ခန်းအတွင်း ဖမ်းမိ သူ ၁၇ ဦးကိုလည်း ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် တိုင်တန်းထားသည်။
ထိုသို့တိုင်တန်းမှုကြောင့် မြို့နယ်ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈၊ က/ခ ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးကလည်း ရာကြီးအမှတ် ၄၃၂/၂၀၁၃ ဖြင့် လက်ခံဆောင်ရွက်လျက်ရှိ သည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

No comments:

Post a Comment

My Blog List