Wednesday, September 04, 2013

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား ချောက်နှင့် ရန်ကုန်တွင် ကျင်းပမည်


Wednesday, September 4, 2013

မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင်ထင်ရှားသည့်လူထုလှုပ်ရှားမှုတစ်ခုဖြစ်သော၁၃၀၀ပြည့်အရေးတော်ပုံစိန်ရတုအခမ်းအနားကိုဒီဇင်ဘာလအတွင်းချောက်မြို့နှင့်ရန်ကုန်မြို့တို့တွင်ကျင်းပမည်ဖစ်ကြောင်း ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဌေးမောင် (စာရေးဆရာနတ်မှူး) က ပြောကြားသည်။

ဗြိတိသျှပိုင်ဘီအိုစီရေနံကုမ္ပဏီကိုဆန့်ကျင်ဆန္ဒပြသည့်ရနံမြေသပိတ်တပ်ဖွဲ့ဝင်များချာက်မြို့မှရန်ကုန်မြို့သို့စတင်ချီတက်သည့်နတ်တော်လဆန်း၉ရက်နေ့(ဒီဇင်ဘာလ၁၁ရက်)ကိုစိန်ရတုန့အဖြစ်ရွေးချယ်သတ်မှတ်ထားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ချောက်မြို့၌ ချောက်ရေနံမြေ အရေးတော်ပုံ စိန်ရတုကို ကျင်းပရန် လွန်ခဲ့သည့်နှစ်လခန့်ကစတင်စီစဉ်ခဲ့ပြီး အခမ်းအနားကျင်းပခွင့်အတွက်အစိုးရထံမှခွင့်ပြုချက် တောင်းခံထားဆဲဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာမောင်မောင်ကျော်က ပြောကြားသည်။

၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကို မူလက နိုင်ငံတော်အဆင့် အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပရန်ရည်ရွယ်သော်လည်းအစိုးရကခွင့်ပြုမပြုမသေချာ၍ကိုယ်ပိုင်အစီအစဉ်ဖြင့်သာကျင်းပသွားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

"ဦးနေဝင်းခေတ်မှာတောင် မေဒေးနေ့အခမ်းအနားကို ချောက်မှာကျင်းပတယ်။ခုပွင့်လင်းတဲ့ခေတ် ရောက်ပြီ ဆိုတော့ အရေးတော်ပုံစိန်ရတုကို အောင်အောင်မြင်မြင် ကျင်းပခွင့်ရချင်တယ်" ဟု ဒေါက်တာ ဌေးမောင် က ဆိုသည်။

ချောက်မြို့၌ကျင်းပရန်စီစဉ်ထားသည့်၁၃၀၀ပြည့်အရေးတော်ပုံမှာမြန်မာတစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့်တွက် ရန်ကုန်မြို့မှစာပေ၊ရုပ်ရှင်၊ နိုင်ငံရေးနယ်ပယ်အသီးသီးအပါအဝင်ရန်ကုန်တွင် ရောက်ရှိနေသော ချောက်မြို့သူမြို့သားနှင့်ညှိနှိုင်းပြီးရန်ကုန်မြို့တော်တွင်တစ်ပြိုင်နက်ကျင်းပရန်စီစဉ်နေကြောင်း၎င်းကဆက်လက်ပြောကြားသည်။

စိန်ရတုအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပရန် လျာထားပြီး အရေးတော်ပုံ အောက်မေ့ဖွယ်နှင့် စာပေဟောပြောပွဲများ ပါဝင်မည်ဖြစ်ကာ ရေနံမြေသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်သူသခင်ဖိုးလှကြီးရုပ်တုကိုချောက်မြို့၌ဖွင့်လှစ်နိုင်ရန်ရည်မှန်းထားကြောင်းဒါက်တာမောင်မောင်ကျော်က ပြောဆိုသည်။

ဘီအိုစီ ရေနံကုမ္ပဏီက လုပ်သားများ၏ ဘာသာရေး အလုပ်ပိတ်ရက် လျှော့ချခြင်း၊ တောင်းဆိုချက်များ မလိုက်လျော ပေးခြင်းနှင့် ဘီအိုစီ မော်တော်ယာဉ်ဌာနမှ သခင် ခင် ကို အလုပ် ထုတ်ပစ်ခြင်းတို့ကြောင့် ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဘီအိုစီ ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့ကာ ယင်းကို ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် သတ်မှတ် ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List