Friday, July 17, 2015

အနိမ့်ဆုံး လုပ်ခ ၃,၆၀၀ ကျပ်ကို ထောက်ခံကြောင်း ကန်အခြေစိုက် ကုမ္ပဏီများနှင့် နိုင်ငံတကာ အလုပ်သမားကာကွယ်ရေးအဖွဲ့ ထုတ်ပြန်


မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာအဆိုပြုနှုန်းထားကို အမေရိကန်အခြေစိုက်ကုမ္ပဏီများနှင့် နိုင်ငံတကာ အလုပ်သမားကာကွယ်ရေးဆောင် ရွက်နေသည့် Ethical Trading Initiative(ETI) က ထောက်ခံကြောင်း သတင်း ထုတ်ပြန်သည်။

ကမ္ဘာကျော်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် Gap Inc, M & S, Adidas စသည့် နာမည် ကျော် အမှတ်တံဆိပ်ကုမ္ပဏီကြီး များပါဝင်သည့် အဖွဲ့အစည်းများ က မြန်မာနိုင်ငံအတွင်း အဆိုပြု ထားသည့် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို ထောက်ခံကြို  ဆိုကြောင်းနှင့် နိုင်ငံ၏အထည် ချုပ်လုပ်ငန်း လျင်မြန်စွာဖွံ့ဖြိုးရန် အလုပ်သမားများအတွက် အစိုးရ က ပါဝင်ဖြေရှင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ethical Trading Initiative နှင့် အဖွဲ့ဝင်ကုမ္ပဏီများကလည်း အမျိုးသားကော်မတီက အဆိုပြု ထားသည့် ကျပ် ၃,၆၀၀ နှုန်းထား ကို တစ်နိုင်ငံလုံးတွင် တစ်ပြေးညီ သတ်မှတ်ရန် တောင်းဆိုကြောင်း ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက် ၌ဇူလိုင် ၁၅ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။

 အနိမ့်ဆုံး အခကြေးငွေ နှုန်းထားမှာ မြန်မာနိုင်ငံ အထည် ချုပ် လုပ်ငန်းများအပေါ် ကင်း လွတ်ခွင့်ရရှိရန် တောင်းဆိုနေမှု များကို အစိုးရအနေဖြင့် မပြောင်း လဲဘဲ ကြံ့ကြံ့ခံရပ်တည်ရန်တိုက် တွန်းကြောင်း ETI ၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အကယ်၍ မြန်မာအထည် ချုပ် လုပ်ငန်းများတွင် အနိမ့်ဆုံး အခကြေးငွေကို  အခြားသော လုပ်ငန်းများ အောက် လျော့နည်း နေပါက အထည်ချုပ်လုပ်ငန်းရှိ ကျွမ်းကျင်လုပ်သားများ၏ စွမ်း ရည်ကိုထိန်းသိမ်းနိုင် မည်မဟုတ် ကြောင်းနှင့် နိုင်ငံ၏စီးပွားရေးကို အရှိန်မြှင့်တင်ရာတွင် ကျွမ်းကျင် လုပ်သားများစွာလိုအပ် ကြောင်း ETI က ဆိုသည်။

အထည်ချုပ်လုပ်ငန်းရှင်အ များစု ငြင်းဆန်နေသည့် ကျပ် ၃,၆၀၀ သတ်မှတ်လိုက်ပါက နိုင်ငံတကာရင်း နှီးမြှုပ်နှံသူများနောက် ဆုတ်သွားမည်ဆိုခြင်းကို လက်မ ခံဘဲ အနိမ့်ဆုံး အခကြေးငွေ သတ်မှတ်ပြီးပါက ETI နှင့် အ ဖွဲ့ဝင်ကုမ္ပဏီများအပါအ၀င်နိုင်ငံ တကာအလုပ်သမားအခွင့်အရေး ကို လေးစားလိုက်နာသည့် အဖွဲ့ အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုစိတ်ဝင်စား လာလိမ့်မည်ဖြစ်ကြောင်း ETI ထုတ် ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် အ လုပ်သမား တစ်ဦး၏ အနည်းဆုံးလုပ်ခ လစာကို ကျပ် ၃,၆၀၀ အဆိုပြုနှုန်းအ ဖြစ် သတ်မှတ် ကြောင်း ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းနှုန်းထားကို ပြည်တွင်း၊ ပြည်ပအထည်ချုပ်စက်ရုံလုပ်ငန်း ရှင်များက လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့ ကြပြီး အတည်ပြုခဲ့ပါ က စက်ရုံပိတ်သိမ်းမည်ဟု ပြည်ပ လုပ်ငန်းရှင်အချို့က ထုတ်ဖော် ပြောကြားခဲ့ကြ သည်။

အနိမ့်ဆုံး လုပ်လစာအဆို ပြုချက်အပေါ် ဇူလိုင် ၁၃ ရက်အထိ ကန့်ကွက်၊ အကြံပြုချက်များ လက်ခံခဲ့ရာ အလုပ်ရှင်များဘက်က ၁၆၀ ကျော် ကန့်ကွက်ခဲ့ကြပြီး  အလုပ်သမားများဘက်က  ၂၀ ခန့် ကန့်ကွက်စာ များ  ပေးပို့ခဲ့ကြကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအတွင်းရေး မှူး ဦးမျိုး အောင်က ပြောကြားခဲ့သည်။

အဆိုပါကန့်ကွက်ချက်များ အပေါ် လေ့လာစိစစ်မှုများကိုရက် ပေါင်း ၃၀ အတွင်းပြုလုပ်မည်ဖြစ် ပြီး အလုပ် သမား၏ အနိမ့်ဆုံး လုပ်ခလစာနှုန်းထားကို အဆိုပြု နှုန်းစတင်ကြေညာခဲ့သည့် ဇွန်လ ၂၉ ရက်မှ ရက် ပေါင်း ၆၀ အ တွင်း အတည်ပြု သတ်မှတ်မည် ဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List