Monday, July 13, 2015

မာလာလာ ၁၈ နှစ် ပြည့်ပြီ



နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Malala Yousafzai က သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ပွဲကို ဆီးရီးယားအမျိုးသမီး ငယ်တွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်ပြီး ကျင်းပလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံမှာ ရှိပြီး ဆီးရီးယား ဒုက္ခသည်တွေအတွက် ဖွင့်လှစ်တဲ့ စာသင်ကျောင်းရဲ့ ဖွင့်ပွဲကို ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

မာလာလာဟာ အမျိုးသမီး ပညာရေးအတွက် လှုပ်ရှားသူဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ်တုန်းက တာလီဘန် စစ်သွေးကြွတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။

လုပ်ကြံခံရပြီးနောက်ပိုင်းမှာ လူသိ ပိုများလာပြီး သူ့ရဲ့ ပညာရေး လုပ်ငန်းကို ပိုလုပ်ကိုင် လာနိုင်ခဲ့ပါတယ်။

အခုဆိုရင် လူပေါင်း ၂၀၀ ဆန့်တဲ့ ကျောင်းတစ်ကျောင်းကို ဖွင့်ပေးခဲ့တာ လည်း ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ အသံကို နားထောင်ဖို့ မာလာလာက ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါ တယ်။

မာလာလာက သူ့ရဲ့ အသံက သူ့ရဲ့ အသက်နဲ့ မဆိုင်တဲ့အကြောင်း၊ သူလုပ်ကိုင် တဲ့ အလုပ်အကိုင်နဲ့သာ သက်ဆိုင်ပြီး ဒီမှာရှိတဲ့ ကလေးငယ်တွေအတွက် လည်း အတူတူပဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ 

ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကျည်ဆံတွေမှာ ရင်းနှီးမြုပ်နှံမယ့်အစား စာအုပ်ဖက်မှာ ရင်းနှီးမြုပ်နှံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ABC


No comments:

Post a Comment

My Blog List