Tuesday, July 14, 2015

ဆီးရီးယား ဒုက္ခသည်များအတွက် မာလာလာ စာသင်ကျောင်းဖွင့်လှစ်



အသက်အငယ်ဆုံး ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်သည် ၎င်း၏အသက် (၁၈) နှစ်ပြည့်မွေး နေ့ဖြစ်သော တနင်္ဂနွေနေ့တွင် လက်ဘနွန်၌ ခိုလှုံနေရသော ဆီးရီးယားဒုက္ခသည် မိန်းကလေးများအတွက် စာသင် ကျောင်း တစ်ကျောင်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


““ဆီးရီးယား ဒုက္ခသည်တွေ ပြောတာ ဆိုတာကို တစ်ကမ္ဘာလုံးက ကြားစေချင်တာရယ်၊ ဆီးရီးယား ဒုက္ခသည်တွေကို တစ်ကမ္ဘာလုံးက ပစ်ထားတာတွေ ရယ်ကြောင့် လက်ဘနွန်ကို လာဖို့ ဆုံးဖြတ်လိုက်တာပါ””ဟုမာလာက ရိုက်တာစ် သတင်းဌာနသို့ ပြောဆိုခဲ့သည်။

အမြတ်အစွန်း မယူသည့် အဖွဲ့ဖြစ်သော မာလာလာ ရန်ပုံငွေအဖွဲ့သည် ဆီးရီးယားနယ်စပ်နား ဘီကာတောင်ကြားတွင် စာသင်ကျောင်း တစ်ကျောင်းဆောက်လုပ်ရန် ငွေကြေးစိုက်ထုတ် ပေးခဲ့သည်။ အသက် (၁၄) နှစ်မှ (၁၈)နှစ်ကြား မိန်းကလေး (၂၀၀) ခန့်အထိ စာသင်ယူနိုင်မည်ဖြစ်သည်။

““ကျည်ဆန်တွေအစား စာအုပ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို ကျွန်မရဲ့ လူကြီးဖြစ်လာတဲ့ ပထမ ဆုံးနေ့မှာ ကမ္ဘာ့ကလေးငယ်တွေ ကိုယ်စား တောင်းဆိုလိုပါတယ်””ဟု မာလာလာက စာသင်ကျောင်း ဖွင့်လှစ်သည့် အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

လက်ဘနွန်တွင် ဆီးရီးယားဒုက္ခသည် (၁ ဒသမ ၂) သန်းရှိနေသည်။ လက်ဘနွန်တွင် ဆီးရီးယားနိုင်ငံသား ကျောင်းနေ အရွယ် ကလေးငယ်(၅၀၀၀၀၀) ခန့်ရှိနေသော်လည်း ၎င်းတို့အနက် ငါးပုံတစ်ပုံသာ စာသင်ကျောင်း တက်ရောက်ခွင့် ရရှိခဲ့သည်။

““လက်ဘနွန်မှာလိုပဲ ဂျော်ဒန်မှာလည်း ဒုက္ခသည်တွေကို နယ်စပ်ကတောင် အ၀င်မခံဘဲ နှင်ထုတ်နေပါတယ်။ ဒါဟာ လူသား မဆန်သလို ရှက်စရာလည်း ကောင်းလှပါ တယ်””ဟု မာလာလာက ပြောဆိုခဲ့သည်။ သမီးဖြစ်သူသည် ယုံကြည် ထားသည့် ၀ါဒကို အရွယ်ရောက်သည်အထိ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သောကြောင့် ဂုဏ်ယူမိကြောင်း ဖခင်ဖြစ်သူ ဇီယောက်ဒင်က ပြောဆိုခဲ့သည်။

မာလာလာ၏ မွေးနေ့ပွဲကိုလည်း သီချင်းများ သီဆိုခြင်း၊ မွေးနေ့ကိတ်ကို ဝေမျှခြင်းတို့ဖြင့် ပြုလုပ်ခဲ့သည်။ မိန်းကလေး များ ပညာသင်ကြားခွင့်ရရှိရေး ကြိုးပမ်းခဲ့သည့်အတွက် မာလာလာသည် ၂၀၁၂ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ တာလီဘန် များ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။
Source:Reuters
Messenger News Journal



No comments:

Post a Comment

My Blog List