Friday, July 17, 2015

တိုက်ပိတ်ခံရသည့် သပိတ်မှောက်ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဇူလိုင် ၁၆ ရက်တွင် ရုံးထုတ်စစ်ဆေး


သာယာဝတီထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း ယူဆောင်ခဲ့၍ တိုက်ပိတ်ခံရသည့် သပိတ်မှောက် ကျောင်းသားများ နှင့် ၀န်းရံပြည်သူများအနက် ခုနစ်ဦးကို ဇူလိုင်၁၆ ရက်တွင် သာယာဝတီမြို့နယ် တွဲဖက်တရားရုံး၌   ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သာယာဝတီမြို့နယ် တွဲဖက် တရားရုံးတွင် ၎င်းတို့ ခုနစ်ဦးကို ရုံးထုတ်စစ် ဆေးရာ ကျူးလွန်ခဲ့ ခြင်းမရှိ ကြောင်း ငြင်းဆန်ခဲ့သောကြောင့် ဇူလိုင် ၂၃ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း   သာယာဝတီ ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

‘‘ကိုသန်းထိုက်ပါ ခုနစ်ဦးကို တားမြစ်ထားတဲ့ ပစ္စည်းတွေ သွင်းလို့ ထောင်ကနေ တိုင်လို့ အကျဉ်း ထောင် အက်ဥပဒေပုဒ်မ ၄၂ နဲ့ တရားစွဲထားတယ်။ သူတို့ကို သာ ယာဝတီမြို့နယ် တရားရုံးမှာ တရားစွဲတင်တော့ သူတို့က ငြင်း တယ်။ အဲဒါကြောင့် ဇူလိုင် ၂၃ ရက်ကို ပြန်ချိန်းလိုက်တယ်’’ဟု သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး အေးသိန်းက ပြောသည်။

အဆိုပါခုနစ်ဦးမှာ ဇွန်လ ၃၀ရက် ရုံးချိန်းအပြန်တွင် သာယာဝတီထောင်အတွင်းသို့ ဆေးလိပ်များယူ ဆောင်ခဲ့သောကြောင့် ၁၄ ရက်ကြာ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် ဇူလိုင် ၁၆ ရက်တွင် သာယာဝတီမြို့နယ် တွဲဖက်တရားရုံး၌ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ (အကျဉ်း ထောင်အတွင်းသို့ တရားမ၀င် ပစ္စည်းသယ်ဆောင်မှု)ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ တရားမ၀င်ပစ္စည်းကို ထောင်ထဲကို သယ်လာတာမဟုတ်ဘူး။ ထောင်ထဲမှာဆေးလိပ် ကို ကော်ဖီမစ်အထုပ် ၂၀ နဲ့ လဲပြီး ယူလို့ရ တယ်။ ထောင်အာဏာပိုင်တွေ က အရေးမယူပါဘူးလို့ပြောပြီး တော့ ကျွန်တော်တို့ကို ထောင်ဝင်စာပိတ်ခဲ့တာကို ဆန္ဒပြတဲ့အနေနဲ့ ရုံးချိန်းအပြန်မှာ ဆေးလိပ်ကို ယူ ပြီး တော့ သူတို့ကို တရားဝင်အပ်ခဲ့တာပါ။ အဲဒါကို ကျွန်တော်တို့ ကို တိုက်ပိတ်ပြစ်ဒဏ်ချတယ်။ ထပ်ပြီးတော့ လည်း တရားစွဲဖို့ လုပ်တာပါ’’ဟု  တရားစွဲဆိုခံရ သည့် ကိုရန်ပိုင်စိုးက ဇူလိုင် ၁၄ ရက် ရုံးချိန်းတွင် ပြော ခဲ့သည်။

အကျဉ်းထောင်အတွင်းသို့ တရားမ၀င်ပစ္စည်းသယ်ဆောင်မှု အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခြောက်လ(သို့) ငွေဒဏ် ကျပ်၂၀၀ ကို တစ်မျိုးချင်းစီဖြစ်စေ၊ နှစ်မျိုးစလုံး ဖြစ်စေ ချမှတ်နိုင် သည်။ သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံး တွင် နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)အပါအ၀င် ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုထားပြီး ဇူလိုင် ၂၁ ရက်၌ ထပ်မံရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List