Friday, July 17, 2015

ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိဟုဆို


မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးပြုနေသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိနေပြီး ၎င်းတို့ကို ပြစ်ဒဏ်ပေးရန် အရေးကြီးကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ကလေးသူငယ်နှင့်လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စလိုင်လာဇာရူဂူ အီက ပြောကြားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် သည် မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် ရောက်ရှိ လာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည် နယ်တို့သို့ ငါးရက်ကြာသွားရောက်ခဲ့သည်။ယင်းခရီးစဉ်အပြီး ဇူလိုင် ၁၆ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သတင်းထောက်များအား အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊  ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်အမျိုး သားလွတ်မြောက် ရေးတပ်ဖွဲ့ (KNLA)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ငြိမ်း ချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည် နယ်တပ်ဖွဲ့တောင်ပိုင်း(SSA-S) နှင့် ‘၀’ပြည် သွေးစည်းညီ ညွတ် ရေးတပ်ဖွဲ့ (UWSA) တို့သည် ကလေးသူငယ်များကို တပ်သား အဖြစ်ခေါ်ယူစုဆောင်းအသုံးပြု နေသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များဖြစ်ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်က ပြောကြား သည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့သည် အသက် (၁၈)နှစ်အောက် ကလေးများကို တပ်သား အဖြစ်ခေါ်ယူ အသုံးပြုနေမှုများရှိနေသည်ဟု အထောက်အထားမှတ်တမ်းများ ရှိနေပြီး ကလေးဦးရေ မည်မျှ ရှိနေသည်ကိုမူ မပြောနိုင်သေးကြောင်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် က ပြောသည်။

‘‘ကျွန်မတို့က ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေက ကလေးသူငယ်တွေကို ခေါ်ယူစုဆောင်း ထားတဲ့အ ကြောင်းကတော့ သိထားပါတယ်။ဘယ်နှ ယောက်ရှိ တယ်ဆိုတဲ့ စာရင်းကိုတော့ကျွန်မ တို့ မသိရပါဘူး။ ဘာဖြစ်လို့လဲ ဆို တော့ ဒါကသူတို့ပြမှရမယ့် သူတို့ ရဲ့စာရင်းပါ။ သူတို့ကိုယ်တိုင် စာရင်းပြ မှပဲ ဒါကတော့ ကလေး စစ်သား၊ ဒါတော့အသက်ပြည့်စစ် သားဆိုပြီး တိတိကျကျထောက်ပြ နိုင်မှာပါ။ အခုကတော့ပြည်သူ လူထုရဲ့ တိကျတဲ့ သတင်းပေးချက် တွေကြောင့် ဒီတပ်တွေထဲမှာ ကလေးစစ်သားတွေရှိနေတာ ပါလို့ တထစ်ချပြောနိုင်တာပါ’’ဟုမစ္စလိုင်လာဇာရူဂူအီက ပြောကြား သည်။

 ကလေးသူငယ်များ တပ်သားအဖြစ်ခေါ်ယူစုဆောင်းခြင်းကို  ကာကွယ်ရန် နည်းလမ်းမှာ တပ်သားအဖြစ် ခေါ်ယူစုဆောင်း နေသည့် အရပ်သားပွဲစား များနှင့် တပ်မတော်သားများကို ပြစ်မှု ကျူးလွန်သူများဟု သတ် မှတ်ပြီး ပြစ်ဒဏ်ပေးရန် မစ္စလိုင်လာဇာရူ ဂူအီက တိုက်တွန်းသည်။

‘‘ကလေးတွေကို ခေါ်ယူစုဆောင်းနေသူတွေကို ဖမ်းပါ။ ကလေးတွေကို မဖမ်းပါနဲ့’’ဟု မစ္စ လိုင်လာဇာရူဂူအီ က ပြောသည်။

ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်သည် ကလေးသူ ငယ်များကို တပ်သားအဖြစ်ခေါ် ယူစုဆောင်း အသုံးပြုနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပြီး KIA တပ် ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးဖြစ်ကာ KNLA-PC၊ KNPP တို့နှင့် လည်း မြန်မာပြည်ခရီးစဉ်အတွင်း တွေ့ဆုံရန်  စီစဉ်နေကြောင်း  ပြောသည်။

‘‘ကျွန်တော်တို့ဆီမှာက လေးစစ်သားရှိနေတယ်လို့  ယူအင်န်က  ပြောဆိုနေတာတွေ၊ စွပ်စွဲပြောဆိုနေတာ တွေကြားနေတာကြာပါပြီ။ ခိုင်မာတဲ့စွပ်စွဲမှု တွေနဲ့ မဟုတ်ပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယူနီဆက်ရုံးချုပ် ကို လည်း အီးမေးလ်တွေပို့ပြီး ဖြေရှင်းနေရတာလည်း ခဏခဏပါပဲ။ လာရောက်ပြီး လေ့လာပါ။ ဖိတ် ခေါ် ထားတာလည်း မလာပါဘူး။ အခု အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ ကိုယ်စားလှယ်ရောက် နေ တယ်ကြား လို့ သွားရောက်ဖြေရှင်းဖို့အတွက် လူနှစ်ယောက်လွှတ်ထားပါတယ်။ ရန်ကုန်မှာတွေ့ဆုံကြမှာပါ။ ကျွန်တော် တို့ဆီမှာ အသက်(၁၈)နှစ်အောက်ကလေး စစ်သားတွေမရှိပါဘူး။ မူအရကို မရှိရပါဘူး’’ဟု ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (KNPP)ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

မြန်မာ့တပ်မတော်က တပ် သားအဖြစ် ခေါ်ယူစုဆောင်းထား သော ကလေးသူငယ်များကို ၂၀၁၂ မှစ၍ နုတ်ထွက်ခွင့်ပြုခဲ့ရာ ကလေးလူငယ် ပေါင်း ၆၄၆ ဦး နုတ်ထွက်သွားခဲ့ကြောင်း  ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ သတင်းထုတ်ပြန်ချက်တွင်  ဖော် ပြထားသည်။

ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်ရုံး နှင့် ယူနီဆက် တို့ပူးပေါင်းပြီး ၂၀၁၆တွင်ကလေး သူငယ်များအား တပ်သား အဖြစ် ခေါ်ယူစုဆောင်းခြင်း အဆုံးသတ် စေရေးအတွက် ‘‘ကလေးများတပ် သားမဟုတ်ပါ’’ဟူသည့် ကမ္ဘာ လုံးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ် သည့် နိုင်ငံပေါင်း  ခုနစ်နိုင်ငံ၌ မြန်မာနိုင်ငံလည်း  ပါဝင်ကြောင်း သတင်းရရှိသည်။

7Day News Journal


No comments:

Post a Comment

My Blog List