Tuesday, July 14, 2015

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများအား ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးခွင့် ပေးထားသည့်ပြဋ္ဌာန်းချက်ကို ပြင်ဆင်ခြင်းမပြုဘဲ ယင်းအတိုင်းထားရှိရန် အမျိုးသားလွှတ်တော် ဆုံးဖြတ်




နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတများနှင့်ပြည်ထောင်စုဝန်ကြီးများအား ရွေးကောက်ပွဲဆိုင် ရာပါတီစည်းရုံး ခွင့်ပေးထားသည့် ပြဋ္ဌာန်းချက်ကို ပြင်ဆင်ခြင်းမပြုဘဲ ယင်းအတိုင်းထားရှိရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်အတည်ပြု လိုက်သည်။

ဇူလိုင်လ၁၃ရက်နေ့တွင် ကျင်းပသည့်အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေတွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော် သမ္မတ ၊ ဒုတိယသမ္မတများနှင့် ပြည် ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများကို ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံး ခွင့်ပေးထား သည့် ပြဋ္ဌာန်းချက်ပါရှိသည်။ ယင်းပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီဟုဆို ကာ ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးခွင့်ကို ပယ်ဖျက်ပြီးရွေးကောက်ပွဲဆိုင်ရာ စည်းရုံးခွင့်ဟု ပြင်ဆင် အတည်ပြု ပြီး အမျိုးသားလွှတ်တော်သို့ ဆက်လက် တင်သွင်းခဲ့သည်။

ယင်းကဲ့သို့ ပြင်ဆင်အတည်ပြု ချက်အပေါ် အမျိုးသားလွှတ်တော်တွင် ဆက်လက်တင်သွင်းဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး က ပြည်သူ့လွှတ်တော်၏အ တည်ပြုချက်အပေါ် သဘောမတူ ကြောင်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့သဖြင့် အမျိုးသားလွှတ် တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က အဆို ပါဥပဒေကြမ်းကိုဥပဒေကြမ်းကော် မတီအနေဖြင့် ပြန်လည်ကြားနာတင် သွင်းရန်ဆုံးဖြတ်ခဲ့သည်။

အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီ၏ ယနေ့ဇူလိုင်လ ၁၃ရက် တွင် ပြန်လည်ကြားနာချက် အစီ ရင်ခံစာကိုဖတ်ကြားခဲ့သည့် ဥပဒေ ကြမ်းကော်မတီဝင်တစ်ဦးက ''ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မများအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန် ကြီးများသည် နိုင်ငံရေးပါတီဝင်ဖြစ် နေပါက ရားထူးသက်တမ်းအတွင်း ယင်းပါတီများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိရဟု သာ ကန့်သတ်ချက်ပါရှိပြီး ပါတီမှနုတ် ထွက်ရန် ပြဋ္ဌာန်းချက်မရှိသဖြင့် ယင်း တို့မှာပါတီဝင်အဖြစ် ဆက် လက်တည် ရှိနေနိုင်ပြီး ပါတီကိုယ် စားပြုရွေးကောက်ခံနိုင်ခွင့်၊ ထို့သို့ရွေးကောက်ခံနိုင်ရန်အလို့ငှာ ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်၏ ကြေညာချက် နှင့်အညီ စည်းရုံးခွင့်၊ စုဝေးဟော ပြောခွင့်ကို အခြားလွှတ်တော်ကိုယ်စား လှယ်များနည်းတူ ရရှိရမည်သာဖြစ်ပါ ကြောင်း သုံးသပ်ရရှိပါသည်''ဟု လွှတ် တော်သို့ အစီရင်ခံခဲ့သည်။

ထို့ကြောင့်ပြည်ထောင်စုအစိုး ရအဖွဲ့ဥပဒေပုဒ်မ-၇(ခ)နှင့် ပုဒ်မ-၁၇ (ဃ)တွင် ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံးခွင့်ဆိုသည့်စကားရပ် ကို ရွေး ကောက်ပွဲဆိုင်ရာစည်းရုံးရေးလုပ်ငန်း ဆိုသည့်စကားရပ်ဖြင့် အစား ထိုးပြင် ဆင်ရန်မသင့်ပါကြောင်း အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ဆိုသည်။

ယင်းသို့ဥပဒေကြမ်းကော်မတီ၏ပြန်လည်အစီရင်ခံချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွင်နိုင်ငံ တော် သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင် စုဝန်ကြီးများအား ရွေး ကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးခွင့် ပေးထားသည့် ပြဋ္ဌာန်းချက်ကိုပြင်ဆင်ခြင်းမပြုဘဲ ယင်းအတိုင်းထားရှိရန် အမျိုးသားလွှတ်တော်ကဆုံးဖြတ် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များကို ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံးခွင့်ဆိုသည့် စကားရပ်အစား ပါတီဆိုသည့်စကားရပ်ကို ပယ်ဖျက် ပြင် ဆင်ကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီးယခုအခါအမျိုး သားလွှတ်တော်က ယင်းကဲ့သို့ ပယ်ဖျက်ပြင်ဆင်ခြင်းမပြုဘဲမူလပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံးခွင့်ဆို သည့် စကားရပ်အတိုင်းထားရှိရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ကြောင့် ယင်းသို့လွှတ်တော်နှစ်ရပ်၏ သဘော ထားကွဲလွဲမှုအပေါ် ပြည်ထောင်စုလွှတ်တော်တွင် ဆက် လက်ဆွေးနွေး ဆုံးဖြတ်ရမည်ဖြစ်သည်။

YM, MO
#Democracytoday


No comments:

Post a Comment

My Blog List