Monday, July 13, 2015

ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ



လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေေ ရွးကောက်ပွဲ မတိုင်မီတစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)ကို အပြီးသတ် ချုပ်ဆိုနိုင်ရန် ကြိုး ပမ်းသွားမည်ဟု အစိုးရ က ပြောကြားသလို တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့ အစည်း များကလည်း လက်ရှိအစိုးရသက်တမ်းအတွင်း NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေး မူဘောင် ဆွေးနွေး ပွဲ ဦးတည်ရန် မူအရ သဘောတူကြောင်း ပြော ဆိုလာသည်ကို ကြားရ၏။ သို့အတွက် ရွေးကောက်ပွဲမတိုင် မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုသည်ကို ဆွေးနွေးသုံးသပ် တင်ပြလို၏။

NCA ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအပြီးသတ် လက်မှတ်ရေးထိုးချုပ် ဆိုနိုင်ရန် ကြိုးပမ်း ဆောင် ရွက်သွားမည်ဟု ပြည်သူများကို လစဉ်ပြော ကြားနေ သည့် ဂျူလိုင်လ ၉ ရက် ရေဒီယို မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန် က ပြောကြားသွားခြင်းဖြစ်၏။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အဆင့်မြင့်ညှိနှိုင်းရေး ကုယ်စားလှယ်အဖွဲ့(SD)၏ ဒုတိယအကြိမ်အစည်းအဝေး သဘောထားထုတ်ပြန်ကြေ ညာချက်အရ လက်ရှိ အစိုးရ၏ သက်တမ်းကာလအတွင်း NCAကို အပြီး သတ် လက်မှတ်ရေး ထိုးနိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲရေးတို့ကို ဦးတည် ကြိုးပမ်းသွားရန် ကြိုတင်ညှိနှိုင်း ဆွေးနွေး ပွဲမှ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရ၏။ 

“ငြိမ်းချမ်းရေးအတွက် အခွင့်ကောင်းကို အမိဖမ်းပါ၊ ငြိမ်းချမ်းရေးအတွက် လက်မလွှတ်သင့်သည့် အခါ ကောင်း”ဟု ဆိုပြီး NCA လက်မှတ်ထိုး နိုင်ရေး နှောင့်နှေးကြန့်ကြာခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ဦးအောင် မင်းက လွန်ခဲ့သည့် ဂျွန်လထုတ် သတင်းစာဂျာနယ်တို့တွင် ဆောင်းပါးရေးပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို သတိပေးသလိုလို ရာဇသံ ပေးသလိုလို ပြောဆိုလုပ်ဆောင် လာခဲ့ သည်ကို တွေ့ရှိရ၏။ 

NCA မထိုးဖြစ်လျှင် တိုင်းရင်းသားတို့ပဲ သမိုင်းတရားခံ ဖြစ်သလိုလို ဆိုသွားခဲ့၏။ တိုင်းရင်းသားတို့ကပဲ စွန့်စွန့်စားစား မလုပ်ရဲမကိုင်ရဲ သလိုလို ဆိုထား၏။ “အခြားအလုပ်ဖြစ်သည့် နည်းလမ်းတစ်ရပ်မရှိဘဲ NCAကို လွှင့်ပစ်လိုက်ဖို့ ဆိုသည်မှာ တာဝန်မဲ့ရာ ကျလွန်းသည်ဖြစ်ပေါ်လာ သာကြောင့် ဖြစ် ပေါ် လာ သည့် အကျိုးဆက်များကိုလည်း လွှင့်ပစ်ရေး ရပ်ခံသူများကသာလျှင် တာဝန်ယူရမည် မုချဖြစ်သည်” ဟုဆိုကာ တိုင်းရင်းသား ခေါင်းဆောင်များအား ခြောက်လှန့်သလိုလို ချောင်းဟန့်ပြသလိုလို သွေးတိုးစမ်း သလိုလို ဆိုထား သည်ကို ဖတ်မိ၏။ 

သို့သော် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေး လုပ်ငန်းကော်မ တီ (UPWC) နှင့်SD အဖွဲ့တို့ အလွတ် သဘော တွေ့ဆုံပွဲ ဒုတိယနေ့အပြီး ဂျူလိုင်လ ၄ ရက်နေ့ တွင် ဝန်ကြီး ဦးအောင်မင်းက တစ်မျိုး လေချိုသွေး ဆိုသွားပြန်၏။ “ဒီနေ့ ဆွေးနွေး ပွဲက အောင်မြင်တယ်၊ NCA လက်မှတ်ရေးထိုးဖို့ တံခါးတစ်ချပ် ဖွင့်လှစ် နိုင်ပြီ”ဟု ပြုံးပြုံးရွှင်ရွှင် ပြောကြားသွားခဲ့၏။ တံခါးပေါက် ဘယ်နှစ်ချပ် ရှိသည်ကိုတော့ ပြောပြခြင်းမရှိ။ NCA ဆောလျင်စွာ ချုပ်ဆိုနိုင်ရေးအတွက် UPWC နှင့် SD တို့၏ တရားဝင် ဆွေးနွေးပွဲကြီးကို လာမည့် ဂျူလိုင်လ တတိယပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရေးကို လည်း နှစ်ဘက် ကိုယ်းစားလှယ်တို့က သဘောတူခဲ့ကြောင်း ဦးအောင်မင်းက ပြောကြားသွား ၏။ 

ယခင်က အစိုးရက ဆွေးနွေးဖို့ လက်မခံ သည့် လော်ခီးလာ ညီလာခံမှ NCA ဖြည့်စွက်ပြင်ဆင်ချက် ၁၂ချက်ကိုလည်း ဆက်လက် ဆွေးနွေး မည်ဟု ဆုံးဖြတ်ထားကြောင်း ဝန်ကြီးက အာမဘန္တေ ပြောဆို သွား၏။ 

အစက SDကို အစိုးရဘက်က အသိအမှတ်မပြုသလိုလိုမျိုး သတင်းထွက်ပေါ် လာခဲ့သော်လည်း ဂျူလိုင်လ ဆန်းပိုင်းက ချင်းမိုင်တွင် UPWC နှင့် SD ကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲအပြီး ဦးအောင်မင်း က NCAနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေအရပ်ရပ် ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)အား အကျယ်တဝင့် ရှင်း လင်းတင်ပြပြီးနောက် အစိုးရက SDကို ဆွေးနွေးဖော်ေ ဆွးနွေးဖက်အဖြစ် သတ်မှတ်လာကြောင်း သိရ၏။

UPWC နှင့်SDတို့ နှစ်ဦးနှစ်ဘက် တရားဝင် တွေ့ဆုံရေးကိုလည်း အစိုးရမှ သဘောတူခဲ့ ကြောင်း ကြားသိ ရ၏။ ဂျူလိုင်လ တတိယပတ်တွင် ကိုယ်စား လှယ်နှစ်ဖွဲ့ တရားဝင် ရန်ကုန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းရေး ပြုလုပ်ရန် နှစ်ဘက်စလုံးက ဆောင်ရွက်နေေ ကြာင်း သိရ၏။ 

တိုင်းရင်းသားအဖွဲ့အစည်းများဘက်ကလည်း ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ် စားလှယ် အဖွဲ့နှင့် ဆွေးနွေးသည့် ချင်းမိုင်ဆွေးနွေးပွဲမှ ရရှိသည့် ရလဒ်အပေါ် ကျေနပ် အားရကြောင်း ဆို၏။ ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အပြုသဘောဆောင်ပြီး အောင်မြင် သည့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်ကြောင်း SD၏ ဒုတိယအဖွဲ့ ခေါင်း ဆောင်(၂) ပူးဇင်ကျုံးက ထုတ်ဖော်ပြော ဆိုသွား၏။ 

ယင်းဆွေးနွေးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေး အတွက် NCAကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူခဲ့ကြောင်း ၄င်းက ပြောကြားသည်ဟု သိရ၏။ 

အစိုးရနှင့် တိုက်ပွဲဖြစ်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က နောက် နောင်တွင် တိုက်ပွဲများ လျှော့ချကာ အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များနှင့်အတူ NCAတွင် ပါဝင် လက်မှတ်ထိုးဖို့အဆင့်သင့် ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်ကို ကြားသိရ၏။ ထို့အပြင် မိမိကိုယ်ကို ခုခံကာကွယ်ရုံ ကလွဲပြီး နှစ်ဘက် ထိတွေ့မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု ဆိုသဖြင့် NCAအတွက် လက္ခဏာကောင်း တစ်ရပ်ဟု ဆိုသော် ရ၏။ 

SD(ယခင်NCCT) အဖွဲ့ဝင်တွေ မဟုတ်သည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ နာဂအဖွဲ့ (NSCN-K)တို့၏ NCA အပေါ်ထားရှိသည့် သဘောထားများကို အကြမ်းဖျင်း လေ့လာကြည့်ပါလျှင် UWSA နှင့် NDAA တို့က NCA သည် ၄င်းတို့အတွက် မလိုအပ်သဖြင့် လက်မှတ်ထိုးဖို့ မလိုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲကိုသာ တက်ရောက် ပါဝင် ဆွေးနွေးမည်ဖြစ်ကြောင်း အတိအလင်း ပြောထား ပြီးဖြစ်၏။

RCSSက မြွေမသေတုတ်မကျိုး ရပ်တည်ချက်ထားသဖြင့် NCA လက်မှတ် ထိုးမထိုး ဆိုသည်ကို မှန်းဆ ရခက်၏။ NSCN-K က လွတ်လပ်ရေးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားသဖြင့် NCA ကို လက်မှတ်ထိုးဖြစ်ဖို့ အခွင့်အလမ်း နည်းပါးကြောင်းသိရ၏။ ဤလေးဖွဲ့ကို မစည်းရုံးနိုင်ပါက အားလုံး လိုလားသည့် ရွေးကောက် ပွဲမတိုင်ခင် NCAကို အပြီးသတ်ရေးထိုးနိုင်ရေး သည် အလှမ်းဝေး နေဦးမည် ဖြစ်၏။ အိပ်မက်ဝင်္ကပါတွင် တဝဲဝဲတလည်လည် လှည့်ပတ် လျှောက်လှမ်း နေရဦး မည်သာ ဖြစ်၏။ 

တဘက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကို တရားဝင် ကြေညာထား ပြီးဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံအနှံ့ မဲဆန္ဒနယ် ၁၂၀၀ ကျော်အနက် အများစုတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဂျူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေ ညာ ခဲ့သဖြင့် NCA လက်မှတ် ထိုးနိုင်ရေးလုပ်ငန်းထက် ရွေးကောက်ပွဲအောင် နိုင်ရေးမဲဆွယ်ခြင်းလုပ်ငန်းတို့အား ယင်းပါတီက ပိုမို အလေး ပေးအရေးထားမည် ဆိုသည်ကို မည်သူမျှ မငြင်းနိုင်ချေ။ အခြားပြည်မပါတီများနှင့် တိုင်းရင်း သား ပါတီများသည်လည်း ရွေးကောက်ပွဲ အောင်နိုင် ရေး ကိုသာ ဇောင်းေ ပး ဆောင်ရွက်လာနိုင်သဖြင့် NCA သည် နောက်ဖေးပေါက် မှတဆင့် ဘေးရောက်သွားနိုင်၏။ အားလုံး၏ မြင်ကွင်းမှ တဖြည်းဖြည်းနှင့် ဝေး ကွာသွားမည်ကို စိုး၏။ ဤရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကြောင့်လည်း NCA လက်မှတ်ရေးထိုး ခြင်း အထစ်အငေါ့ ဖြစ်စေနိုင်၏။ 

အခုထက်ထိ တိုက်ပွဲများ လျှော့ချနိုင်ရေး မဆောင်ရွက်နိုင်ခြင်းသည် NCA အချိန်မီ လက်မှတ် ထိုးနိုင်ရေး အဖို့ အနှောင့်အယှက် ဖြစ်စေ၏။ 

တိုက်ပွဲများသည် ကြိုကြားကြိုကြားမှ ခပ်စိပ်စိပ် ဖြစ်လာ၏။ သေနတ်သံသည် မြန်မာပြည် မြောက်ဖျားပိုင်း ဖြစ်သည့် ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်မြောက်ပိုင်းမှသည် တောင်ပိုင်း ကရင်ပြည်နယ် ရန်ကုန်− အာရှ လမ်းမကြီး၏ ကော့က ရိတ်− မြဝတီ လမ်းပိုင်း ဒေသတဝိုက် ကူးစက်လာသဖြင့် ပြည်သူ လူထုအများက လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြ၏။ 

ရန်ကုန်တွင် မကြာမီကျင်းပမည့် UPWC နှင့် SD တို့၏ တရားဝင် ပထမအကြိမ် ဆွေးနွေးပွဲကြီးမှ ထွက်ပေါ် လာသည့် ရလဒ်သည် NCA အချိန်မီ လက်မှတ်ထိုးနိုင်ရေးအတွက် အသက်သွေးကြောတမျှ လွန်စွာ အရေးပါလှ ၏။ တိုင်းရင်းသားများဘက်က ဖြည့်စွက်လိုသည့် ပြင်ဆင်ချက် ၁၂ ချက် ကို အစိုးရဘက်က လက်ခံနိုင်ခြင်း ရှိမရှိ၊ NCAတွင် တိုင်းရင်းသား အဖွဲ့အစည်း များ အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး တောင်းဆိုချက်ကို အစိုးရက လိုက်လျောနိုင်ခြင်းရှိမရှိ၊ စသည်တို့ကို ဆက် လက်စောင့်ကြည့် ရမည်ဖြစ်၏။ 

တိုင်းရင်းသားတွေဘက်ကရော အစိုးရ ဖြစ်ချင်သည်များကို မည်ကဲ့ သို့ အလျှော့အတင်းလုပ်ကာ ဆောင်ရွက်ပေးနိုင်မည်နည်း၊ ဥပမာ− ကိုးကန့်အဖွဲ့ (MNDAA)ကို NCA တွင် ပါဝင်လက်မှတ်ထိုးရန် တပ်မတော်က လုံးဝ လက် မခံ၊ ပယ်ချခဲပြီးဖြစ်၏။ ဤသည်ကို တိုင်းရင်းသားများဘက်က မည်သို့ ချေပ အဖြေရှာမည်နည်း။ TNLAနှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကိုတော့ လက်ခံဖို့ စဉ်းစားလို့ရသေးသည်ဟု ဆို၏။ အစိုးရက ပြင်ဆင် ချက် ၁၂ချက်ကို စာချုပ် စာကိုယ် Text ထဲတွင် မထည့်ဘဲ နောက်ဆက်တွဲအဖြစ် ထားပြီး နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးမည်ဆိုခြင်းကိုရော တိုင်းရင်းသားများက မည်ကဲ့သို့ ကျော်လွှား သွား နိုင်မည်နည်း ဆိုသည် ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေ၏။ 

နောက်တစ်ခုက Time Frame အချိန်အကန့်အသတ်ကြောင့်လည်း NCA အမြန်ဆုံး လက်မှတ်ထိုးနိုင်ရေး ကို အဟန့်အတားပြုစေ၏။ အရင်တုန်းက ၂၀၁၄ သြဂတ်လတွင် NCA လက်မှတ်ထိုးဖို့ အစိုးရက ရည်ရွယ် ထားခဲ့၏။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်နီးပါးကြာသော်လည်း မထိုး နိုင်သေးဘဲ ဖြစ်ခဲ့၏။ အခုလည်း ဒီလမှစတင်ရေတွက်ေ သာ် ရွေးကောက်ပွဲမတိုင်မီ NCA အတွက် အချိန်လေးလသာ ကျန်တော့ ၏။ အချိန်အလုံ အလောက် မရမှာကိုလည်း ပူပန်မိ၏။ ဒီလိုအချိန်တိုလေးအတွင်းတွင် တိုက်ပွဲသံက တညံညံ ဆက်ကြားနေ၊ NCA ဆွေးနွေးပွဲ ကလည်း ရှေ့မတိုး သာ နောက်မဆုတ်သာ၊ မလူးသာမလွန့်သာ၊ ဆုပ်လည်းဆူး စားလည်း ရူး၊ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတို့ဖြင့် ပါတီများက တရုန်းရုန်းနှင့် NCAအတွက် အချိန်မပေးနိုင်၊ ခေါင်းမော့ မကြည့်နိုင်ကြ၊ အရေးမစိုက်နိုင်ကြဘူး ဆိုလျှင် ရွေးကောက်ပွဲအကြို NCA လက်မှတ်ရေး ထိုးနိုင်ရေးသည် သဲထဲရေသွန်သကဲ့သို့သာ ဖြစ်ချေ ၏။ ရေပေါ် အရုပ်ရေးသလိုသာ အရာမထင် ဖြစ်မည်မှာ မြေကြီး လက်ခတ်မလွဲ သေချာ၏။ 

အားတက်စရာ တစ်ခုကတော့ SD ခေါင်းဆောင်များကို အစိုးရက အသိ အမှတ်ပြုလာခြင်း ဖြစ်၏။ မတွေ့ ဆုံကြခင် မဆွေးနွေးကြခင်မှာ SD ခေါင်းေ ဆာင်များကို အစိုးရက Hardliners အဖြစ် ကင်ပွန်းတပ် ထင်မှတ်ထား၏။ ဆွေးနွေးရခက်၊ အပေးအယူအလျှော့အတင်း ပြုလုပ်ရာ တွင် ခက်ခဲမည် ထင်ကြောင်း သိရ၏။ သို့သော် တကယ့်နဖူးတွေ့ ဒူးတွေ့ ခေါင်း ချင်းရိုက် မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်း လင်း ဆွေးနွေး ပူးတွဲအဖြေရှာ သည့်အခါ သူတို့ ထင်သလို မဟုတ်ကြောင်း အစိုးရကိုယ်စားလှယ် များ က ပြောကြောင်း ကြားသိရ၏။ လက်ရှိ SDခေါင်းဆောင်များ သည် ဆွေးနွေး ရာတွင် ကျိုးကြောင်း ဆီလျော်စွာ အလိုက်သင့် ဆွေးနွေးသွားကြောင်း သိရ၏။ ဤအချက်သည် NCA အတွက် မျှော်လင့်ချက် နံနက် ခင်း ရောင် နီဦးတစ်ခု ဖြစ်စေနိုင်၏။ 

ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုခြင်းသည် အထက်က ပြောဆိုလာ သည့် အချက်များနှင့် အများကြီး သက်ဆိုင်ဆက်စပ်၏။ Deadlock ဖြစ်နေသည့် အချက်အားလုံးကို ဆွေး နွေးဖြေရှင်း နည်းလမ်းရှာ ထွက်ပေါက်တွေ့နိုင်မှသာ NCA ရှေ့ခရီး ရှောရှော ရှူရှူ ဖြော င့်ဖြောင့်ဖြူးဖြူး ဖြစ်ချေ၏။ သို့မဟုတ်က ခရောင်းလမ်း ညအမှောင် ထဲတွင် NCA ခရီးသည်သည် စမ်းတဝါးဝါးနှင့်သာ ခရီးဆက်ရမည်ဖြစ်၏။ 

ခရီးလမ်းဆုံးပန်းတိုင်ကို မည်သောအခါမျှ ရောက်ရှိနိုင်မည် မဟုတ်ချေ။ ချုပ်ပြီးဆိုရလျှင် ရွေးကောက် ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုခြင်းသည် ရာခိုင်နှုန်းအားဖြင့် ၅၀−၅၀ ဖြစ်မည် ထင်၏။ 

အမျိုးသားရေး၊ တိုင်းပြည်နှင့် လူမျိုးအတွက် စိတ်ရင်း စေတနာမှန်၊ ရိုးသား မှုအပြည့်၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝိရိယ တို့ဖြင့် ကျားကုတ်ကျားခဲ ကြိုးပမ်း လုပ်ဆောင်သည့် တရားဘက်တော်သားများက အဆုံးနိဂုံး တွင် အောင်ပွဲ ခံအနိုင်ယူသွားမလား၊ ကဖျက်ယဖျက်လုပ်လိုသည့် ကတုံးပေါ်ထိပ်ကွက် စစ်အာဏာရှင်လို လူစားမျိုးမတရားဘက်ကနောက် ဆုံးတွင် သူတို့လိုချင် တာတွေ အပေါ်စီးကနေပြီး ရယူသွားနိုင်မလား ဆိုသည်ကိုတော့ လာ မည့် လေးလ အချိန်တိုလေးအတွင်းတွင် အဖြေထွက်လာမည်၊ မြင်တွေ့လာ မည်၊ ရုပ်လုံး ပေါ်လာမည် ထင်ပါ၏။

စစ်မင်း
၂၀၁၅ ခုနှစ်၊ ဂျွန်လ ၁၃ ရက်
Panglong(Burmese)


No comments:

Post a Comment

My Blog List