Friday, July 17, 2015

ယူကရိန်းသူပုန်တွေ MH17 ပျက်စီးတွေကြား မွေနှောက်မှုလုပ်ခဲ့


ရုရှားအစိုးရက ကျောထောက်နောက်ခံလုပ်ထားတဲ့ ယူကရိန်းသူပုန်တွေကို MH 17 လေယာဉ် အပျက်အစီး တွေအကြား မွေနှောက်မှု လုပ်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုထွက်ပေါ်လာပါတယ်။ မလေးရှားပိုင် MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၂၉၈ ယောက်စလုံး သေဆုံးခဲ့ရပါတယ်။

အဲဒီလေယာဉ်ပေါ် လိုက်ပါသွားတဲ့ သြစတြေးလျနိုင်ငံသား ၃၈ ယောက် လည်း သေဆုံးခဲ့ရပါတယ်။

ပျက်ကျနေတဲ့ လေယာဉ်နဲ့ အလောင်းတွေကြားမှာ ယူကရိန်းသူပုန်တွေက ခရီးသည် အိတ်တွေကို မွေ နှောက်နေတဲ့ ပုံတွေ ပြသထားပါတယ်။

လေယာဉ်ပျက်ကျတဲ့ တစ်နှစ်ပြည့်တဲ့နေ့မှာ News Corp သတင်းဌာနက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်က တိုက်လေယာဉ်မဟုတ်ပဲ ခရီးသည်လေယာဉ် ဖြစ်နေတာကို ယူကရိန်း သူပုန် တွေက အံ့အားသင့်နေတဲ့ ပုံတွေ ပါဝင်ပါ တယ်။

ရုရှားဘာသာနဲ့ ပြည်သူတွေ၊ ပြည်သူတွေ၊ ဒါက ခရီးသည်တင် လေယာဉ် ဖြစ်နေတယ်ဆိုတဲ့ စကားတွေကို ကြားခဲ့ရပါတယ်။

သူပုန်တွေက လေယာဉ် ပျံသန်းမှု မှတ်တမ်း Black Box ကို လိုက်လံရှာဖွေ နေတဲ့ ပုံကို တွေ့ရပြီး ကျောပိုး အိတ် တစ်လုံးမှာတော့ သြစတြေးလျ လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒီ ဗီဒီယိုကို ကြည့်ပြီး အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘိရှော့ပ်က ပြောပါတယ်။

ဒီဗီဒီယိုကို ကြည့်ခြင်းအားဖြင့် လေယာဉ်ဟာ ပစ်ခတ်ခံရတယ်ဆိုတာကို ပိုထင်ရှားစေတယ်လို့လည်း ပြော လိုက်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကလည်း ဒါကို ကြည့်ပြီး လေယာဉ်က မတော်တဆမှုကြောင့် ပျက်ကျတာ မဟုတ်ဘူး ဆိုတာ ပိုထင်ရှားစေတယ်လို့ ဆိုပါတယ်။

ဘယ်သူ့ရဲ့ လက်ချက်လည်း ဆိုတာ မသိပေမယ့် တစ်ယောက်ယောက် ကြောင့် ဖြစ်ရတာလို့လည်း ပြောပါ တယ်။

အများစုကတော့ ရုရှားက ထောက်ခံနေတဲ့ ယူကရိန်းသူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ယူဆထားပေ မယ့် ယူကရိန်း သူပုန်နဲ့ ရုရှားကတော့ ငြင်းဆို နေပြီး ယူကရိန်း စစ်သားတွေရဲ့ လက်ချက် ဖြစ်မယ်လို့ ပြောဆိုထားပါတယ်။

ABC

No comments:

Post a Comment

My Blog List