Tuesday, July 14, 2015

စီအာပီပီ တိုင်းရင်းသားခေါင်းဆောင်များ မဲဆန္ဒနယ်တွင် အန်အယ်ဒီ ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်



လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ စီအာပီပီလို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီမှာ ပါဝင်တဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ NLD အနေနဲ့ ၀င်ရောက်မယှဉ်ပြိုင်ဖို့ စဉ်းစားမှာဖြစ်တယ်လို့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တွေ ရန်ကုန်မြို့မှာ ဇူလိုင် ၁၃ ရက်နေ့က တွေ့ဆုံအပြီးမှာ ပြောဆို လိုက်တာပါ။

ကျားခေါင်းပါတီနဲ့ စီအာပီပီမှာ ပါဝင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ မိတ်ဆွေ ပါတီတွေဟာ NLD ရဲ့ မိတ်ဆွေ ပါတီဖြစ်လို့ အခုလို စဉ်းစားရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NLD ရဲ့ သဘောထားအပေါ်မှာ SNLD ဘက်ကလည်း သဘောတူထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ ပိုမို ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်နိုင်တဲ့ တခြား ကိစ္စတွေကိုလည်း ညှိနှိုင်းသွားဖို့ ရှိနေပါ တယ်။

လောလောဆယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ဟာ ကိုယ်စားလှယ် လောင်းတွေကို မရွေးချယ်ရသေးတဲ့အတွက် ရွေးချယ်ပြီးရင် ထပ်မံ တွေ့ဆုံ ညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ လည်း ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - U Nyan Win FB
DVB



No comments:

Post a Comment

My Blog List