Thursday, July 16, 2015

အမေရိကန် သမ္မတဟောင်း ဘုရှ် ချော်လဲ၍ လည်ပင်း အရိုးကျိုး ဒဏ်ရာရရှိ



အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျဘုရှ်(စီနီယာ)သည် နေအိမ်တွင် မတော်တဆချော်လဲရာမှ လည်ချောင်း အရိုး ကျိုးအက်သည့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ မိန်းရှိ ၎င်း၏ နေအိမ်တွင် ဒဏ်ရာရခဲ့သည့် ဘုရှ်ကို ဆေးရုံသို့ တင်ပို့ခဲ့ရပြီး အခြေအနေ တည်ငြိမ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရ အရာရှိက သတင်းထောက် များအား ခပ်တိုတို မှတ်ချက်ပေးသွားခဲ့သည်။ အသက် (၉၁) နှစ်ရှိ ဘုရှ်သည် အမေရိကန်၏ ၄၁ ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဘုရှ်သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း အသက်ရှူရ ခက်ခဲသည့် အခြေအနေကြောင့် ဆေးရုံတက် ကုသမှု ခံယူရဖူးသည်။ ယခုဖြစ်ရပ်တွင် ဘုရှ်သည် နေအိမ်၌ ချော်လဲပြီး လည်ပင်းရှိ အရိုးတစ်ချောင်း ကျိုးသွားကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျင်မ်မက်ဂရက်သ်က ပြောကြားခဲ့သည်။ ၎င်းက “သူ့လည်ပင်းက အရိုးတစ်ချောင်း ကျိုးသွားတာပါ။ သူ့အခြေအနေ တည်ငြိမ်ပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ လည်စွပ်တပ်ပြီး နေရဦးမယ်”ဟု Twitterတွင် ရေးသား ခဲ့သည်။

ဘုရှ်ကို ပေါ့တ်လန်းရှိ မိန်းဆေးဝါးစင်တာ ဆေးရုံသို့ တင်ပို့ပေးခဲ့ရခြင်း ဖြစ်သည်။ သမ္မတဟောင်းကို ဆေးရုံ တွင် တစ်ညလုံးစောင့်ကြည့်နေရန် လိုအပ်ကြောင်း ဆေးရုံ၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က NBCသို့ ပြောကြား ခဲ့သည်။ ဂရက်သ်ကမူ ဘုရှ်အနေဖြင့် ဆေးရုံတွင် ရက်ကြာကြာ မနေရဟု မျှော်လင့်ထားကြောင်း CNNသို့ မှတ်ချက်ပေးခဲ့သည်။

ဘုရှ်၏ သားကြီးဖြစ်သူ ဂျော့ဂ်ျဘုရှ် (ဂျူနီယာ)သည်လည်း အမေရိကန် သမ္မတအဖြစ် တာဝန် ထမ်း ဆောင်ခဲ့ဖူးပြီး ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့သည့် အခြား သားတစ်ဦးဖြစ်သော ဂျက်ဘ်ဘုရှ်သည်လည်း ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

_Ref: Theguardian
7Day Daily


No comments:

Post a Comment

My Blog List