Thursday, July 16, 2015

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးညွန့်ရွှေနှင့် တွေ့ဆုံခြင်း



‘ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်လွန်းသူ မဟုတ်သည့်အပြင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။’ ထိုစကားစုကို ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအခန်း(၉)၊ ပုဒ်မ-၃၉၁ (က)တွင် ရေးသားထားသည်။  

ထိုသို့ဆိုလျှင် နိုင်ငံသားတိုင်းမဲပေးခွင့် ရှိရမည် ဖြစ်သည်။ ထိုထဲတွင် ကချင်ပြည်နယ်ထဲမှ စစ်ဘေးရှောင် ပြည်သူတို့သည်လည်း ပါဝင်ရမည်ဖြစ်သည်။ လေးနှစ်ကျော် တိုက်ပွဲကြောင့် ထောင်နှင့် ချီသည့်အိမ်ထောင် စုများ ကချင်ပြည်နယ်၌ ထွက်ပြေးတိမ်း ရှောင်နေနေကြရာ ယင်းတို့အတွက် ဆောင်ရွက် ထားသည့် အစီ အ စဉ်အပါအဝင် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ကချင် ပြည်နယ် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးညွန့်ရွှေနှင့် ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။ မေးမြန်းခဲ့မှုများကို ဖော်ပြပေးလိုက်ပါ သည်။

ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် က လက်ရှိမှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒနယ် စာရင်းတွေအရ ကချင် ပြည်နယ်က ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကထက် စာရင် အခုလာမယ့် ၂ဝ၁၅ ရွေးကောက် ပွဲမှာ မဲဆန္ဒနယ် စာရင်းတွေက ယခင် ကထက် ပိုများနေတာကိုလည်း တွေ့ရတယ်ဗျ။ ဘာ့ကြောင့်များလာတာလဲဆိုတာကို ပြောပြပေးနိုင်မလားခင်ဗျ။

ကချင်ပြည်နယ်ထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အမျိုး သားလွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ် တော် မဲဆန္ဒ နယ်နဲ့ ပြည် နယ်မဲ ဆန္ဒနယ် စုစုပေါင်းနေရာ ၆၆ ခုရှိပါတယ်။ ယခင် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲတုန်းက ဆွမ်ပရာ ဘွမ်မဲဆန္ဒနယ် (၂) နဲ့ အင်ဂျန်းယန်မဲဆန္ဒနယ် (၂) တို့မှာ အစိုးရ လွှမ်းမိုးလို့ မရတဲ့အကြောင်း ပြချက်နဲ့ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပါဘူး။ ဒီနှစ်တော့ အဲဒီနေ ရာတွေမှာပါ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်တဲ့အတွက် ၂ဝ၁ဝ ကထက် စာရင် ၂ဝ၁၅ က မဲဆန္ဒနယ် စာ ရင်းတွေ ပိုများ လာတယ်ဆိုတာ ဟုတ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂  ကြားဖြတ်တုန်းကတော့ ကချင်ပြည်နယ်ထဲမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မလုပ်နိုင် ခဲ့ ဘူးနော်။ ဒီနှစ် ကတော့ လုံခြုံရေးခိုင်ခိုင်မာမာရှိသွားလို့ ရွေးကောက်ပွဲလုပ်တဲ့ သဘော လားခင်ဗျ။

အဘတို့ကတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေက အာမခံချက်ပေးတဲ့ နေရာတွေမှာ ရွေးကောက် ပွဲလုပ်သွားမှာပါ။ အခုလည်း ငြိမ်းချမ်းရေးက ဆွေးနွေးနေတာဆိုတော့ အောင်မြင်သွားရင် ဒီ့ထက်နေရာ တွေက ပိုများသွားမှာပါ။ အကယ်လို့များ အကြောင်းကြောင်းေ တွကြောင့် လုံခြုံရေးအရ စိုးရိမ်ရတယ်ဆို ရင်တော့ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်အရေအတွက်က အပြောင်းအလဲ ဖြစ်သွားမှာပေါ့။

ကချင်ပြည်နယ်ထဲမှာ ရွေးကောက် ပွဲမလုပ်မယ့် ကျေးရွာအုပ်စု အကြီးကြီးတွေ ရှိနေတယ်လို့ လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရတယ်ခင်ဗျ။ အဲဒါကရော ဘာ့ ကြောင့်ပါလဲခင်ဗျာ။

မှန်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပမယ့် ဒေသအချို့ ရှိပါ တယ်။ မြို့နယ် တိုင်း မှာတော့ ကျွန် တော်တို့ ရွေးကောက်ပွဲ လုပ်မှာပါ။ ဒါပေမဲ့ မြို့နယ်အချို့က ဒေသအ ချို့တွေမှာတော့ လုံခြုံရေးအရ ကျွန် တော်တို့ မ လုပ်ဖြစ်တာ။ ဆွမ်ပ ရာဘွမ်၊ အင်ဂျန်းယန်၊ မိုးမောက်၊ မန်စီမြို့ နယ်တွေက အချို့ကျေးရွာ အုပ်စုတွေမှာ တော့ ပိုပြီးမလုပ်ဖြစ် ဘူး။ ကျန်မြို့နယ်တွေထဲက ရွေး ကောက်ပွဲ မလုပ်ဖြစ် တဲ့ ကျေးရွာအ ချို့ရှိပေမယ်လို့ အထက်က ၄ မြို့ နယ် စာရင်းထက်စာရင်တော့ မ ပြော ပလောက်ပါဘူး။ ပိုပြီးတော့ တိကျတဲ့စာရင်းတွေ ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က တစ် ပြည်လုံး အတိုင်းအတာနဲ့ ထပ် မံကြေညာပေးဖို့လည်း ရှိပါတယ်။ အဲဒီအချိန်ကျ ရင် ရွေးကောက် ပွဲ ကျင်းပမယ့် ဒေသတွေကလည်း ပိုပြီး များသွားမှာပေါ့။

ကချင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင်ကျင်းပသွားနိုင်ဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ပူးပေါင်း မှုက ဘယ်လိုရှိနေပါသလဲ။

ရဲတပ်ဖွဲ့ကတော့ လုံခြုံရေး အစီအမံတွေအားလုံး ရေးဆွဲထား ပြီးပြီလို့ သိရပါတယ်။ အထူးရဲတွေလည်း ခန့်ထားမယ်ဆိုတော့ အာဏာ ပိုင်တွေရဲ့ ပူးပေါင်းမှုက အားရစရာ ကောင်းပါတယ်။ အဘတို့ ကချင်ပြည် နယ်မှာ မဲရုံပေါင်းက လောလောဆယ်တော့ ၇၅၄ ရုံ ရှိပါတယ်။ အဲဒီမဲရုံ အားလုံးတွေကို ရဲတွေက လုံခြုံ ရေးယူပေးမယ်လို့ ပြောထားပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ ကချင်ပြည်နယ်မှာ ဘယ်လို စီစဉ်ထားပါသလဲခင်ဗျာ။

တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့ ကော်မရှင်အဆင့်ဆင့်က ဆောင်ရွက်သွားရမှာပါ။ အဓိက ကတော့ အောက်ခြေအဆင့်ပါပဲ။ ရပ်ကျေးကော်မရှင်တွေရယ်၊ မဲရုံမှူးတွေရယ် ပိုပြီး အဓိကကျပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ ဆွေးနွေးပွဲတွေ၊ အဓိကကတော့ တရားမျှ တမှု ဖြစ်အောင် ကျွန်တော်တို့ သင်တန်း တွေ ပေးသွားမှာပါ။

ရန်ကုန်၊ နေပြည်တော်အပါအဝင် နေရာတော်တော်များများမှာတော့ မဲစာရင်းအမှားအယွင်းတွေ ရှိတယ် ဆိုတဲ့ အသံတွေ ထွက်နေ တယ် ဗျ။ အန်ကယ်တို့ ကချင်ပြည်နယ်မှာရော အမှားအယွင်းတွေ ရှိပါသလား ခင်ဗျာ။

ကန့်ကွက်တာမျိုးတွေ ရှိပါတယ်။ အမှားအယွင်းတွေလည်း ရှိပါတယ်။ ဒီမှာ ပိုမှားတာက တိုင်းရင်းသားတွေ ဆိုတော့ နာမည်တွေက ခပ်ဆင်ဆင်ဗျ။ ဒါလေး လွဲတာ။ နောက်တစ်ခုက မဲစာရင်းထဲမှာ သေသူတွေနဲ့ ထောင်ကျတဲ့သူတွေလည်း ပါတယ်ဗျ။ ဒါကတော့ဗျာ။ ကာယကံရှင်တွေအနေ နဲ့ သေတယ်ဆိုလည်း လဝကတွေဆီကို အကြောင်းကြားပြီး အိမ် ထောင်စုစာရင်းထဲက ထုတ်သင့်တယ်ဗျ။ ဒီလို မလုပ်တာလည်း ပါတယ်ဗျ။ ဘာပဲဖြစ်ဖြစ်ပါ။ မှားယွင်းနေတယ်ဆိုလည်း ကျွန်တော်တို့ဆီကို အကြောင်းကြား ရင်  ဆောင်ရွ က်ပေး ပါ တယ်။ ဒါ့ကြောင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်အထိ ဒါတွေကို မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးဖို့ ညွှန်ကြား ထားပြီးဖြ စ်တယ်။ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေကြပါပြီ။

ကချင်ပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေက လေးသောင်းနီးပါး ရှိတယ်လို့ စာရင်းဇယားတွေအရ ကျွန်တော်တို့ သိထား ပါ တယ်။ သူတို့အတွက်ရော ပြည်နယ်ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဘယ်လို စီမံ ဆောင်ရွက်ထားပါသလဲ ခင်ဗျာ။

ကျွန်တော်တို့ ကချင်ပြည်နယ် ထဲမှာ စစ်ဘေးရှောင်စခန်းတွေ ရှိ ပါတယ်။ အဲဒီစစ်ဘေးရှောင်တဲ့သူ တွေ မဲပေးခွင့် မဆုံးရှုံးစေဖို့အ တွက် စစ်ဘေးရှောင်စခန်းတွေရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ သူတို့ တွေရဲ့ စာရင်းထည့်သွားမှာပါ။ ကျွန်တော်တို့ ဇူလိုင် ၁ဝ ရက်နေ့ကစပြီး သူတို့ကို စာရင်းစကောက် နေပါပြီ။

တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကချင်ပြည်နယ်ထဲမှာဖြစ်ဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ကတိပေးနိုင်ပါ သလားခင်ဗျာ။

ကျွန်တော်တို့ ပြည်နယ်ကော်မရှင်ကို အများက ယုံကြည်ပြီးပေးအပ်ထားတာ ဖြစ်တဲ့အတွက် တရားမျှတမှု ဖြစ်ရမယ်လို့ ကတိပေးနိုင်ပါ တယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လို ပုဂ္ဂိုလ် အပေါ်မဆို ကျွန်တော် တို့ မျက်နှာ လိုက်သွားမှာ မဟုတ်ပါ ဘူး။  ရွေး ကောက် ပွဲ ဥပဒေ၊ နည်းဥပဒေများ အရ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ အရင် ၂ဝ၁ဝ ရွေး ကောက်ပွဲတုန်းက ကချင်ပြည်နယ်ထဲမှာ ပါတီ ၄ ပါ တီရှိပါတယ်။ အခုဆိုရင် ၁၇ ပါတီ ရှိနေပြီဗျို့။ ဒီတော့ ကျွန်တော်တို့ ဥပဒေနဲ့ အညီအများရဲ့ ဝေဖန်မှုကို မခံ ရနိုင်ေ အာင် ဆောင် ရွက်ရမှာပါ။ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်နေသူတွေ အားလုံးနဲ့ ပူးပေါင်း သွားမှာပါ။

Popular Myanmar News Journal


No comments:

Post a Comment

My Blog List