ရီမန်နိုင်ငံ ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဆိုအရ အေဒင်မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း လူပေါင်း ၃၅ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ယာယီ အပစ်အခတ် ရပ်စဲရေးကာလအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အတွက် ဒါဟာ သဘောတူညီမှုကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။
လူပေါင်း ၂၁ သန်းလောက် ဒုက္ခရောက်နေတဲ့အတွက် ယာယီ အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂက ကြားဝင်ပြောဆိုပြီးနောက် ပြီးခဲ့တဲ့ သောကြာည ကနေ ရာမာဒန် ဥပုတ်ကာလအပြီးအထိ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြတာပါ။
ဥပုတ်ကာလက ဒီတပတ်ကုန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဥပုတ်ကာလ မပြီးခင် ရက်ပိုင်းအတွင်းမှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်နေကြတဲ့အတွက် လူပေါင်း ၃၅ ယောက် သေဆုံးခဲ့ရပြီလို ရီမန်နိုင်ငံ ပြည်ပရောက် အစိုးရအဖွဲ့က ပြောပါတယ်။
အီရန်က ထောက်ခံထားတဲ့ Houthi သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရီမန် သမ္မတဟာ ဆော်ဒီအာရေးဗီး ယားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။
ရီမန် အစိုးရကို ထောက်ခံတဲ့ အာရပ် မဟာမိတ် နိုင်ငံတွေကလည်း Houthi သူပုန်တွေကို ဝေဟင်ကနေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ABC

No comments:
Post a Comment