Tuesday, July 14, 2015

Eleven Media တရားစွဲပါက ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဟု ဦးလှဆွေ ပြောကြား



Eleven Media က တရားစွဲဆိုလာပါက ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကအင်တာနက် စာမျက်နှာတွင် Eleven Media ကို တိုက်ခိုက်ရေးသားသည်ဟု ဆိုကာ ၇ ရက်အတွင်း ရှင်းရန်နှင့် ပြန် လည်ဖြေရှင်းခြင်း မပြုပါက ပြစ်မှုကြောင်း၊ တရားမကြောင်းနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု Eleven Media Group က လွှဲအပ်ထားသော တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးမိုးက သတိပေးစာ ထုတ်ပြန် ထားခြင်း ဖြစ်သည်။

“ဖြေရှင်းစရာအကြောင်း မရှိဘူး၊ သူတို့တရားရုံးမကလို့ မိုးပေါ်တက်တက် ကျွန်တော်က လိုက်မယ်” ဟု ဦးလှဆွေက ပြောကြားသည်။

Eleven မီဒီယာအနေနှင့် ယင်းကဲ့သို့ ကြေညာချက်ထုတ်၍ တရားရေးဖြင့် ရင်ဆိုင်ရန် ပြုလုပ်ခြင်းသည် ပိုမိုသောအရှက်ကို ရစေမည်ဖြစ်ကြောင်း ဦးလှဆွေက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးကို ဆက်သွယ်မေးမြန်းရာ “ပြန် မရှင်းဘူးဆို လုပ်စရာရှိတာ ဆက်လုပ်မယ်။ အရင်ပြောထားတဲ့ အတိုင်းပဲ” ဟု ပြောဆိုသည်။ 

ဦးလှဆွေသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သောကြောင့် အကြောင်းအရာ တစ်ခုခု ပြောဆိုမည် ဆိုပါက အချက်အလက်ခိုင်မာရန် လိုအပ်ကြောင်း၊ ယင်းသို့ Eleven Media ၏ ဂုဏ်သိက္ခာကို ထိခိုက်ပြော ဆိုမှုကြောင့် ဥပဒေကြောင်းအရ လုပ်ဆောင်သွားရန် ရှိကြောင်း ဦးဝေဖြိုးက The Voice သို့ ပြောဆိုထား သည်။ 

ဂန့်ဂေါမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေသည် ဇူလိုင် ၉ ရက်က ၎င်း၏ ကိုယ်ပိုင် အင်တာနက် လူမှုကွန်ရက်တွင် Eleven Media ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်ရေးသားထားသဖြင့် ၇ ရက်အတွင်း Eleven Media တွင် လာရောက်ရှင်းလင်းရန်နှင့်လိုက်နာခြင်းမရှိပါက ပြစ်မှုကြောင်း/ တရား မကြောင်းနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း Eleven Media က ဇူလိုင် ၁၁ ရက်နေ့က ထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “ကျွန်တော်က ဂျာနယ်တွေထဲမှာ သူရိယနေဝန်းရယ်၊ မြန်မာသံတော်ဆင့်ရယ်၊ အလဲဗင်းရယ် ဘာမေးမေး မဖြေဘူးလို့ ဆုံးဖြတ်ထားတာပါ။ အလွန်စက်ဆုပ်ဖွယ် ကောင်းလို့ဗျ။ ကျွန်တော်က ဂန့်ဂေါအမတ်ပဲ၊ သူတို့ ဂျာနယ်ထူထောင်သူတွေ အရင်က ဂန့်ဂေါဘက်မှာ သစ်ကုမ္ပဏီထောင်ပြီး သစ်တွေထုတ်လို့ ကုန်ခါနီးမှ လိုင်းပြောင်းပေါ်ပင် ဘောလုံးဂျာနယ်ထုတ်၊ ဘောလုံးပွဲ လောင်းသူတွေရဲ့အားပေးမှုကြောင့် ပေါက်လာပြီး အခုမှအင်ဗာရိုမင်အကြောင်းတွေ လာပြောနေ စိတ်ကုန် စရာကြီး” ဟု ရေးသားထားခြင်းများသည် Eleven Media Group Co.,Ltd. ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သောကြောင့် ယင်းသို့ သတိပေးရခြင်း ဖြစ်ကြောင်း အဆိုပါမီဒီယာ၏ ရှေ့နေက ထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။ 

ယင်းကဲ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တရားရေးဆိုင်ရာကိစ္စများပြုလုပ်ပါက အမျိုးသား လွတ်တော် ဥက္ကဋ္ဌထံ တင်ပြ၍ ခွင့်ပြုချက် ယူပြီးမှသာ ပြုလုပ်ခွင့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရွှေအောင်က မှတ်ချက်ပေး သည်။

The Voice Weekly 

No comments:

Post a Comment

My Blog List