Wednesday, July 15, 2015

တစ်ဖန်ပြန်သန်းလာသော ငြိမ်းချမ်းရေး ရောင်နီ



နောက်ပြန်လှည့်တော့မည် ဟု စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေချိန်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ ‘‘ဂ’’ ကွေ့ ပြန်ကွေ့၍ အကောင်းဘက်သို့ ဦးတည်လာသည်။ ဇူလိုင် တတိယပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေး နွေးပွဲသည် နောက်ဆုံးအကြိမ်ဖြစ် နိုင်သည်ဟုပင် အစိုးရနှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့နှစ် ဖက်စလုံးက ဆိုကြသည်။

ကြန့်ကြာနေသော အချက်များကို ယင်းဆွေးနွေးပွဲတွင်အဆုံးသတ်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်(NCA)ကို ရွေးကောက်ပွဲ မတိုင်မီရေးထိုးကာ နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန် အလွတ်သဘော ဆွေးနွေးပွဲများ၌ နှစ်ဖက် သဘောတူညီခဲ့ကြသည်။

ယင်းအတွက်ကြောင့်ပင် မ ကြာမီပြုလုပ်တော့မည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ရလဒ်မှာ စိတ်ဝင် စားစရာ ကောင်းနေသည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလိုတွင် ပြည်သူများလိုလားနေသည့် ငြိမ်းချမ်း ရေးရရှိရန် မည်သို့ စွမ်းဆောင်ကြမည်ကိုလည်း စောင့်ကြည့်ရန် လိုအပ်လာပြီဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကို ၂၀၁၃ နိုဝင်ဘာမှစ၍ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အလွတ်သဘောအပါ အ၀င် အကြိမ် ၄၀ ခန့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၁၆လ ကာလအတွင်း နိမ့်မြင့်တက်ကျ ဆွေးနွေးပွဲများစွာကို ဖြတ်သန်းပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်စာချုပ် (NCA) အတည်ပြု မူကြမ်းကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က သမ္မတရှေ့မှောက်၌ နှစ်ဖက်ကိုယ် စားလှယ် များက ပဏာမ အဆင့်သဘောတူညီကြောင်း လက်မှတ်ရေးထိုး ခဲ့သည်။

သို့သော် ရောင်နီသန်းလာ ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဇွန်လဆန်းက ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ လော်ခီးလာထိပ်သီးအစည်းအဝေးအပြီးတွင် တစ်ဖန်ေ၀၀ါးသွားပြန် သည်။

NCA(မူကြမ်း)ကို လော်ခီးလာ ထိပ်သီးအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ကပြင်ဆင်ချက် ၁၅ ချက် ဖြည့်စွက်ခဲ့ကြ သည်။ ထို့ အပြင် အစိုးရနှင့် ဆက်တိုက်ဆွေး နွေးမှုများ ပြုလုပ် လာကာ NCCT အဖွဲ့ ဖျက်သိမ်း၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (SD) ကို ထပ်မံဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

တိုင်းရင်းသားခေါင်းဆောင် များက အစိုးရနှင့် သဘောတူထား သည့် NCA မှာ မူကြမ်းသာဖြစ်ပြီး မူလ နှစ်ဖက်သဘောတူညီချက် များအရ ပြင်ဆင်ဖြည့် စွက်ခဲ့ခြင်း ဖြစ်ကြောင်း လော်ခီးလာတွင် ပြောကြားခဲ့ သည်။

လော်ခီးလာအစည်းအဝေး အလွန်ကာလများတွင် NCA ကို လက်ရှိအစိုးရ လက်ထက်၌ ရေး ထိုးရန် မဖြစ် နိုင်တော့ကြောင်းပြောကြားမှုများ ထွက်ပေါ် လာခဲ့ ပြီးနောက် ငြိမ်းချမ်းရေးခရီး အ လှမ်းဝေးတောမည့် အခြေအနေ ကို ကြုံတွေ့ခဲ့ရပြန်သည်။

သို့သော် ဇူလိုင်လဆန်းက ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သော အလွတ်သဘော တွေ့ဆုံမှုများ အ ပြီးတွင်တော့ အဆိုးဘက်သို့ ဦး တည်နေသော ငြိမ်းချမ်းရေးဖြစ် စဉ်မှာ ‘‘ဂ’’ကွေ့ပြန်ကွေ့လာခဲ့ခြင်းဖြစ်သည်။

SD နှင့် UPWC အလုပ်အဖွဲ့ တို့ တွေ့ဆုံမှုများတွင် NCA ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီရေး ထိုးရန် သဘောတူညီမှု ရရှိခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲကို အနိမ့်ဆုံး တစ်ကြိမ်စတင်ပြုလုပ်နိုင်ရန် ကြိုးပမ်း ကြရန်လည်း သဘောတူညီခဲ့ကြသည်။

UPWC နှင့် SD နှစ်ဖက်စ လုံးနှင့် နီးစပ်သူတစ်ဦးက တိုင်း ရင်းသား ခေါင်းဆောင်များက NCA နှင့် စပ် လျဉ်း၍ အလျှော့ပေး မှုများပြုလုပ်ခဲ့ပြီး ယင်းအချက် ကြောင့် အခြေအနေကောင်းတစ်ရပ်သို့ ပြန်လည် ပြီးဦးတည် လာခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။  လက်ရှိအနေအထားအရ NCA အပေါ် တိုင်းရင်းသားများ ဘက်မှ ပြင်ဆင်ဖြည့်စွက်ချက်များ ကို အစည်းအဝေး ဆွေးနွေးချက် (သို့မဟုတ်) မှတ်တမ်းအဖြစ်ထား ရှိမည်ဖြစ်သည်။

အကြို ညှိနှိုင်းပွဲများတွင် ယင်းသို့ ပြေလည်မှုရရှိခဲ့ခြင်းကြောင့် NCA လက်မှတ်ရေးထိုးရန် ကြန့်ကြာနေ သည့်အကြောင်းရင်းများဖြစ်သော လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်၊ အသိသက်သေစသည့် ကိစ္စရပ်များ ပြေလည်ရန်မှာ မခဲယဉ်းတော့ကြောင်းနှစ်ဖက်ကိုယ် စားလှယ်အချို့က ဆိုသည်။

ဇူလိုင် တတိယပတ်ဆွေးနွေး ပွဲကျော်လွန်ပါက NCA ကို အပြီး သတ်လက် မှတ်ရေးထိုးရန် ၈၀ ရာခိုင် နှုန်းခန့် သေချာနေကြောင်း လည်း နီးစပ်သူများ ကပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့်ပြန် လည်ထူထောင်ရေး ဗဟိုဌာန (MPC)အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ‘ဂ’ကွေ့ပြန်ကွေ့ လာသော ငြိမ်းချမ်းရေးဖြစ်စဉ် နှင့်စပ်လျဉ်း၍ ၎င်း၏အမြင်ကို ယခုကဲ့သို့ပြောသည်။

‘‘၀မ်းသာတာပေါ့ဗျာ။ ကျွန် တော်တို့အရမ်းမျှော်လင့်ထားတာ ပါ’’

သို့ရာတွင် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများကမူ NCA ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား များဘက်မှ မူလစွဲကိုင်ထားသည့် မူဖြစ်သော ‘‘အဖွဲ့အားလုံး ပါဝင်ရေး’’မှာမူ ဖြစ်နိုင်ရန် ခဲယဉ်းကြောင်း သုံးသပ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NCA လက်မှတ် ရေးထိုးရာတွင် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့စလုံး ပါဝင်ရေးမူကို စွဲကိုင် ထားခြင်းဖြစ်သည်။

သို့သော် NCCT အဖွဲ့ဝင်များအနက် လားဟူ(LDU)၊ ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် တအာင်န်း (PSLF/ TNLA) လေး ဖွဲ့ကို အစိုးရဘက်က အသိအမှတ်မပြုပေ။ကိုးကန့်တိမ်းရှောင် အဖွဲ့ကိုလည်း စေ့စပ်ဆွေးနွေးမှုများလုံးဝပြုလုပ်မည်မဟုတ်ကြောင်း ယတိပြတ်ပြောကြားထားသည်။

ကိုးကန့်အပါအ၀င် အဆိုပါ အဖွဲ့များနှင့်စပ်လျဉ်း၍ တပ်မ တော်အပါအ၀င် အစိုးရဘက်က  အလျှော့ပေး မည့် အနေအထား တော့မရှိပေ။

အစိုးရဘက်ကမူ အပစ်အခတ်ရပ်စဲရေးရေးထိုးထားသော ၁၄ ဖွဲ့၊ ကေအိုင်အို(၁၄+၁)တို့ နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စတင်မည့်အနေအထားဖြစ်သည်။

ယင်းအတွက်ကြောင့် ရွေး ကောက်ပွဲမတိုင်မီ NCA ရေးထိုး ပါက အဖွဲ့အားလုံးပါဝင်နိုင်ခြေ မရှိကြောင်း လည်း သုံးသပ်မှုများရှိသည်။ သို့သော် အားလုံးမပါဝင် နိုင်သည့်တိုင် အဖွဲ့အားလုံးကို အတိုင်းအတာတစ်ခု အထိ အကျိုး သက်ရောက်စေသည့်ပုံစံဖြင့် နှစ် ဖက်လက်မှတ်ရေးထိုး သွားနိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

ပါတီ ၅၆ ပါတီပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေး ဆွဲရေးကော်မတီမှ ဦးဦးလှစော က NCA လက်မှတ်ရေးထိုးရန် အကောင်းဘက်သို့ ဦးတည်လာသည်ဟု ထင်မြင်သော်လည်း အဖွဲ့ အားလုံးပါဝင်နိုင် ခြေမရှိသေး ကြောင်း မှတ်ချက်ပြုသည်။

‘‘All မဟုတ်ပေမယ့် အကုန် လုံးကိုလွှမ်းခြုံတဲ့ပုံစံမျိုးပေါ့’’ဟု ဦးဦးလှစောက မှတ်ချက်ပြုသည်။

‘‘တချို့တစ်ဖွဲ့ကျန်ရင်တောင်လမ်းဖွင့်ပေးထားတဲ့သဘောမျိုးပေါ့’’

UPWC နှင့် SD တရားဝင် ဆွေးနွေးရန် ဇူလိုင် ၁၅ ရက်တွင် ထိုင်းနိုင်ငံ၌ အကြိုညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်သည်။ ယင်း နောက် ရန်ကုန်မြို့၌ ဇူလိုင် တတိ ယပတ်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်သည်။

ယင်းအစည်းအဝေးမှသည် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းမော် ကွန်းရေးထိုး နိုင်ခြင်း ရှိ၊မရှိ စောင့် ကြည့်ရမည် ဖြစ်သည်။

SD အဖွဲ့ဝင် ဖဒိုစောကွယ် ထူးဝင်းကမူ ယခုကဲ့သို့ ၎င်း၏အ မြင်ကိုပြော သည်။ ‘‘အားလုံးပြင် ဆင်ထားပါ တယ်။ ဒါနောက်ဆုံး ဆွေးနွေးပွဲဖြစ်ဖို့မျှော် လင့်တယ်’’

7Day News Journal 


No comments:

Post a Comment

My Blog List