Thursday, July 16, 2015

မန္တလေးတိုင်း အတွင်းရှိ မဲဆန္ဒနယ် အားလုံး NLD ပြိုင်မည်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။မန္တလေးတိုင်း ဒေသကြီး တွင် မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိပြီး အဆိုပါ နေရာများအတွက် ကိုယ်စားလှယ်လောင်း များကိုယခုလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တိုင်းအဆင့်ရွေးချယ်သွားမည် ဖြစ်သည်။

”မန္တလေးတိုင်းကနေ ၂၄ ရက်နေ့ အရောက် ဗဟိုကို ပို့ပေးရ မှာပေါ့။ မြို့နယ်တွေ ကနေ ပြီး တော့ သူတို့ ဆီ ဝင်လာတဲ့ လျှောက် လွှာတွေကို စိစစ်ပြီးတော့မှ ကျွန်တော်တို့ တိုင်းဆီကို ၂၁ ရက်နေ့ နောက်ဆုံး ထားပြီး ပို့ပေးရမှာ။ တိုင်း ကို ပို့ပေးလိုက်တဲ့ ဟာတွေကို စိ စစ်ပြီးတော့ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး  ကျွန်တော်တို့က ဗဟိုကို ဆက်ပို့ပေးရမှာ။ ကျွန်တော် တို့က နေရာတိုင်း နဲ့ အရန်တစ်ဦး ကို ရွေးရ မှာပေါ့။ မဲဆန္ဒနယ် အကုန်လုံး ပေါ့” ဟု မန္တလေး တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး က ပြောသည်။

မန္တလေးတိုင်း ကိုယ်စားလှယ် လောင်း အမည်စာရင်းများကို NLD ဗဟိုမှ ဇူလိုင် ၃ဝ ရက်နေ့ အတည် ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

NLD ပါတီ ကိုယ်စားလှယ် လောင်း လျှောက်ထား သူများသည် ပိုင်ဆိုင်မှု စာရင်းများနှင့် ဝင်ငွေ များကို ဖော်ပြပေး ရမည် ဖြစ် ကြောင်း ၊ ရွေးချယ်ရာ တွင်လည်း အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသား တို့ကို ဦးစားပေး ရွေးချယ် သွားမည် ဖြစ်ကြောင်း NLD မှ ကြေ ညာ ထား သည်။ NLD ပါတီသည် ၂ဝ၁၂ ခု နှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ၄၄ နေရာဝင်ပြိုင်ရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် အထွေထွေ ရွေး ကောက်ပွဲ ကို နိုဝင်ဘာ ၈ ရက်နေ့  တွင် ပြုလုပ် သွားမည် ဖြစ်ပြီး ပါတီ အသီးသီး၏ ကိုယ်စားလှယ်လောင်း အမည် စာရင်းများကို ဇူလိုင် ၂ဝ ရက်နေ့မှ စတင် တင်သွင်းနိုင်ပြီး သြဂုတ် ၈ ရက် နောက်ဆုံးထား တင်သွင်း ရမည်ဖြစ် ကြောင်း ကြေ ညာထားသည်။

Popular Myanmar News Journal 


No comments:

Post a Comment

My Blog List