Friday, July 17, 2015

အာဇာနည်နေ့အခမ်းအနားတွင် ဂါရဝပြုမည့် အာဇာနည်မိသားစုဝင် အရေအတွက်ပိုများလာ


(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒုတိယသမ္မတနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများအပါအဝင် ၁၅၀ ဦးခန့် တက်ရောက်ဂါရဝ ပြုမည်ဟု သတင်းရရှိသည်။အဆိုပါ အခမ်းအနားသို့ အစိုးရပိုင်းမှ သမ္မတဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးလွှတ်တော်ဥက္ကဋ္ဌများ၊  ပါတီများမှ ကိုယ်စားလှယ်များလည်း ပုံမှန်အတိုင်း တက်ရောက်မည်ဟု အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ကော်မတီအတွင်းရေးမှူး၊ ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ပြောသည်။

‘‘တက်ရောက်မည့် သူက တော့ သိပ်အပြောင်းအလဲမရှိဘူး။ အာဇာနည်ကြီး တွေရဲ့မိသားစုဝင် အရေအ တွက်ကတော့ တိုးလာတယ်။ အားလုံးပေါင်း ဖိတ်ကြားထားသူ ၁၅၀ လောက်တော့ ရှိမယ်’’ဟု ဦးသန်းဆွေ က ပြောသည်။  ယခုနှစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏မိသားစု ဝင်အားလုံးတက်ရောက်ဂါရဝပြု ကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစု ကြည်လည်း တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းတွင် နတ်မောက်မြို့၌ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသော ဗိုလ်ချုပ်အောင် ဆန်း၏သားကြီး ဦးအောင်ဆန်းဦးသည် ၎င်း၏ဇနီးနှင့် အတူ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

ထို့အပြင် တပ်မတော်မှ ထိပ်တန်း အရာရှိများသည် အာဇာ နည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝ ပြုကြမည်ဖြစ်ပြီး တက်ရောက်မည့်သူ စာရင်းကို မသိရသေးဟု ဆိုသည်။

ယခုနှစ် အာဇာနည်နေ့အ ခမ်းအနားတွင် ယခင်နှစ်များကဲ့သို့ လုံခြုံ ရေး တင်းကျပ်သွားမည် ဖြစ် ကြောင်း ဒုတိယဝန်ကြီး ဦးသန်း ဆွေက ပြောသည်။

ဖိတ်ကြားထားသူများသည် နံနက် ၈ နာရီမှစတင်၍ အလှည့်ကျတက်ရောက် ဂါရဝပြုသွားကြမည်ဖြစ်ပြီး အများပြည်သူများသည် နေ့လယ် ၁၂ နာရီမှ  ညနေ ၅ နာရီအထိ ဂါရဝပြုခွင့်ရရှိမည် ဖြစ်သည်။

အများပြည်သူတက်ရောက် ဂါရဝပြုပါက လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက် ကိုင်ဖုန်းနှင့် ကြိုတင်စစ်ဆေးခံယူ ထားခြင်းမရှိသော ပန်းခွေ၊ ပန်းခြင်းများ ယူဆောင်ခွင့် မပြု ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန် ထားသည်။

အာဇာနည် ခေါင်းဆောင် ကြီးများ၏မိသားစုဝင်များ မပါဘဲ အခမ်းအနားသို့ တက်ရောက် ဂါရဝပြု၍  အကြိုလေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက်တွင် ပြုလုပ် မည်ဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List