Wednesday, July 15, 2015

ဝှိုက်ကတ်အပ်နှံစဉ်က ထုတ်ပေးထားသည့် ပြေစာဖြင့် နိုင်ငံသား လျှောက်၍မရ



ရခိုင်ပြည်နယ်တွင် အဖြူရောင်ကတ်ကို အပ်နှံစဉ်က လက်ခံရရှိကြောင်း လ၀ကမှ ထုတ်ပေးထားသော ပြေစာသည် နိုင်ငံသား ဖြစ်ခြင်းကိုသော် လည်းကောင်း၊ နိုင်ငံတွင် နေထိုင်သူ ဖြစ်ကြောင်းကိုလည်းကောင်း အာမခံ ထားသော စာရွက်မဟုတ်သဖြင့် ပြေစာလက်ခံ ရရှိထားသူများအနေဖြင့် နိုင်ငံသား လျှောက်ထား နိုင်ရန် ထုတ်ပေးသည့် အစိမ်းရောင်ကတ်ကို ကိုင်ဆောင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် လ၀က ညွှန်မှူး ဦးခင်စိုးက ပြောသည်။

“ သူတို့ကို ဒီဟာနဲ့ ပတ်သက်ပြီး ရှင်းပြ နေတာပါ။ ဒါကို လက်မခံဘူးဆိုရင် ဒီပြေ စာနဲ့ တရားဝင် နေထိုင် ခြင်း တစ်နည်းအား ဖြင့် သွားတာလာတာတို့ ကျန်တဲ့ ကိစ္စတွေမှာ သူတို့ အခွင့်အရေး တွေ ရရှိမှာ မဟုတ်ပါ။ 

သူတို့အနေနဲ့ တရားဝင်နေထိုင် ခြင်းဆိုတဲ့ သက်သေခံတဲ့ ကတ်ပြားကို ကိုင် ဖို့လိုပါတယ်။ ကျွန်တော်တို့ လဝကတွေ စစ်ရင်လည်းပဲ သူတို့ လက်ထဲ မှာ သက်သေခံကတ်ပြား၊ ယာယီသက်သေ ခံကတ်ပြားတို့ လက်မှတ်တို့ကို ထုတ်ပြရမှာ ပါ။ ဒီပြေစာ ထုတ်ပြလို့မရဘူးလေ။ ပြေစာဆိုတာက ရှင်းရှင်းပြောရရင်တော့ ခေတ္တခဏပေးထားတဲ့သဘောပါ” ဟု ပြောဆိုသည်။

ယင်းပြင် ယခုထုတ်ပေးသော အစိမ်းရောင်ကတ်ပြားနှင့် ပတ်သက်ပြီးလည်း လ၀က ညွှန်မှူးက ယခုလို ပြောဆိုသည်။

“ ကျွန် တော်တို့ကို တစ်ခုအပ်လို့ တစ်ခုကိုပေး ထားတယ်ဆိုတဲ့သဘောပါ။ တကယ့် တကယ်တော့ သူတို့ကိုဒီမှာ နေထိုင်ခြင်းကို တရားဝင် အထောက်အကူဖြစ်စေတဲ့ ကတ်ပြားပါ။ ယာယီသက်သေ ခံကတ်ပြား ၀ှိုက်ကတ် နဲ့ လဲ ကိုင်ရမယ့် ခု ကျွန်တော် တို့ပေးမယ့် ကတ်ပြားကို ကိုင်ရမှာပါ။ နိုင် ငံသား အခွင့်အရေးလိုချင်တယ်ဆိုရင် နိုင်ငံသား အစစ်ခံရမှာပါ။ မခံချင်ဘူး။ သူ တို့ နိုင်ငံသားအစစ်မခံချင် ဘူးဆိုရင်တောင်မှပဲ ဒီမှာ နေထိုင်ခြင်းကို အထောက်အကူပြုတဲ့ ကျွန်တော်တို့ လက်ရှိ တရားဝင်ထုတ်ပေး တဲ့ ဒီကတ်ပြားကို ကိုင်ရမှာပါ။ ဒါကြောင့်ဒီကတ်ပြားကို သူတို့ ယူရမှာပါ” ဟု ပြောဆိုသည်။

ယခုကတ်ပြား အစိမ်းရောင်မှာ လေ့လာသုံးသပ်ရေးအကြံပြု ကော်မရှင်က အကြံပြုထားသော ယာယီကတ် ပြား ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ်အပ်နှံသူ ဘင်္ဂလီ လူမျိုး လေးသိန်းခန့်ရှိပြီး ထိုအထဲမှ ၁၆၁၁ ဦးသာ လက်ရှိ ထုတ်ပေးနေသော အစိမ်းရောင်ကတ်ကို လျှောက်ထားသည်ဟု သိရ သည်။

ယခု ထုတ်ပေးသည့် ကတ်ပြားတွင် မည်သည့် လူမျိုးဖြစ်ကြောင်း ဖြည့်သွင်း ရန်မလိုဟု လ၀က ညွှန်မှူးက ပြောဆိုသည်။

Narinjara



No comments:

Post a Comment

My Blog List