Monday, July 13, 2015

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းစာရင်းတွင်သမ္မတဦးသိန်းစိန်မပါ



လာမည့်ေ၇ွးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်အရွေးခံ မည့်ကိုယ်စားလှယ်လောင်းစာ ရင်းတွင် သမ္မတ ဦးသိန်းစိန်၏နာမည်မပါ ရှိသေးကြောင်း ပါတီဗဟိုကော်မတီဝင် သူရဦးအောင်ကို ကပြော ပါတယ်။

အခုချိန်ထိကိုယ်စားလှယ်လောင်းစာရင်းတွင်မပါဝင်တော့သဖြင့် လာမည့် ရွေး ကောက်ပွဲတွင်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီကနေ၀င် ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ကြောင်းပါတီခေါင်း ဆောင်တွေ ကပြော ပါတယ်။

ဒါ့အပြင်သမ္မတဦးသိန်းစိန်အနေဖြင့် ပါတီကိုပြန်မလာတော့ဘူးလို့ ထင်မြင်ယူဆကြောင်းလဲ သူရဦးအောင် ကို ကဒီကနေ့ သတင်းထောက်များကိုပြော ကြားခဲ့ပါတယ်။

သမ္မတနေဖြင့်ပါတီကိုပြန်လာမည်ဆိုပါက ပါတီကလက်ခံမှာဖြစ်သော်လည်း ပါတီဥက္ကဌ ရာထူးအတွက်ကိုမူ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်ပြုလုပ်မဲ့ ပါတီ ညီလာခံတွင် ပြန်လည်ရွေးချယ် ရမှာဖြစ်တယ်လို့ ပါတီခေါင်း ဆောင်တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ အဖြစ် ဇဗ္ဗူသီရိမြို့ နယ် က၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။သမ္မတ အဖြစ်ရွေးချယ်ခံရပြီးတဲ့အချိန်ကစလို့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ ပါတီနိုင်ငံရေးလုပ်ခွင့်မရှိတော့သည့်အတွက်ပါတီဥက္ကဌ ရာထူးအား သူရဦးရွှေမန်းကိုလွဲပြောင်း ပေးခဲ့တာ ဖြစ်ပါတယ်။

BBC

No comments:

Post a Comment

My Blog List