Monday, July 13, 2015

တရုတ်ဒုံးကျဉ်တွေ သြစီထိ ရောက်နိုင်



တရုတ်နိုင်ငံပိုင် တာဝေးပစ် ဒုံးကျဉ်တွေဟာ သြစတြေးလျနိုင်ငံအထိ ရောက်ရှိလာနိုင်ပြီ ဆိုတဲ့ ပြောဆိုမှုကို သြစတြေးလျ ဝန်ကြီးချုပ်က အလေးမထားသလို နေလိုက်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ် နယ်ချဲ့လာတဲ့အပေါ် စိုးရိမ်နေကြ  သြစတြေးလျနဲ့ အမေရိကန်နိုင်ငံ ပညာရှင်တွေရဲ့ သုတေသနအရ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်အနေနဲ့ လှုပ်ရှားမှု များလာသလို စစ်ရေးမှာလည်း သြစတြေးလျကိုပါ ဆွဲထည့်မယ့် အနေအထား ရှိတယ်လို့ ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံပိုင် တာဝေးပစ် ဒုံးကျဉ်ဟာလည်း သြစတြေးလျနိုင်ငံအထိ ရောက်ရှိနိုင်စွမ်းရှိတယ်လို့ ဆိုပါ တယ်။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကတော့ တရုတ်နိုင်ငံနဲ့ ထားရှိတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဘက်ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

နောင်နှစ်ပေါင်း များစွာမှာ ဖြစ်လာနိုင်ခြေရှိတဲ့ ကိစ္စရပ်တွေကို စိုးရိမ်မနေပဲ လက်ရှိ ဆက်ဆံရေးကိုသာ အာရုံစိုက်ထားတယ်လို့ ပြောလိုက်ပါတယ်။

အဲဒီ ပညာရှင်တွေရဲ့ သုတေသနအရ အင်ဒိုနီးရှားနိုင်ငံဟာ သြစတြေးလျရဲ့ အဓိက စစ်ရေးမဟာမိတ်နိုင် ငံဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

အခုလောလောဆယ် အာရှ - ပစိဖိတ်ဒေသအတွင်း သြစတြေးလျရဲ့ အဓိက စစ်ရေး မဟာမိတ်နိုင်ငံက အမေရိကန် နိုင်ငံ ဖြစ်ပါတယ်။

ABC


No comments:

Post a Comment

My Blog List