Thursday, July 16, 2015

၈၈ ခေါင်းဆောင် ကိုကိုကြီး ရွေးကောက်ပွဲဝင်မည်



၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုကိုကြီးဟာ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ မဲဆန္ဒနယ်မြေနဲ့ ဘယ်ပါတီ ကိုကိုယ်စား ပြု ယှဉ်ပြိုင်မယ်ဆိုတာကို ဒီရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်ကြေ ညာ သွားမယ်လို့ ပြောပါတယ်။

"လွှတ်တော်နိုင်ငံရေးကိုလုပ်မယ်လို့ ပြောထားတာ၊ ဘယ်လိုပုံစံ ဘယ်အချိန် ဆိုတာကို ဘာမှမပြောသေး တာ"

နောက်ထပ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့ ကတော့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ လည်း သိရပါတယ်။

ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့်ခေါင်းဆောင်တွေနဲ့ မဲဆန္ဒနယ်မြေ ကိုလည်း အဲဒီသတင်း စာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ပြောပါ တယ်။

RFA


No comments:

Post a Comment

My Blog List