Wednesday, July 15, 2015

တရုတ်ရဲ့ တစ်မိသားစုကလေးတစ်ယောက်မူဝါဒလျှော့ပေါ့ ပြင်ဆင်ပေး လိုက်တဲ့အခါ...



တစ်မိသားစုကို ကလေး တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ မူဝါဒကို လျှော့ပေါ့ ပြင်ဆင်ပေး လိုက်ခြင်းနဲ့အတူ တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ပြန်ပြီး မြင့်တက်လာတယ်လို့ ကျန်းမာ ရေးဌာန တာဝန်ရှိသူတွေက ကြေ ညာခဲ့ပါတယ်။

၂၀၁၄ အတွင်းမှာ စုစုပေါင်း ကလေးအရေအတွက် ၁၆ ဒသမ ၈၇သန်းကျော် မွေးဖွားခဲ့ပြီး အဲဒီမတိုင်ခင် နှစ်နဲ့ယှဉ်ရင် ကလေး ဦးရေ တစ်သန်းလောက် တိုးလာ ခြင်းပါပဲ။

 ၂၀၁၀ ပြည့်နှစ်မှာတော့ ကလေးမွေးဖွားမှု အရေအတွက် ၁၅ ဒသမ ၉၂ သန်းထိ ရှိခဲ့ဖူးပါ တယ်။ တရုတ် အမျိုးသား ကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ယန်ဝမ်ဇောင်းက တစ်နှစ် တာအတွင်း မွေးဖွားမှုနှုန်း ပြန်တက်လာခြင်းဟာ ၂၀၁၃ မှာ ကလေးတစ်ယောက် မူဝါဒကို လျှော့ပေါ့ပြင် ဆင်ပေးလိုက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ သုံးသပ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၄ အကုန်မှာ ၁ ဒသမ ၃၆၈ ဘီလီယံထိ မြင့်တက်လာပါတယ်။ တရုတ် ဟာ လူဦးရေတိုးတက်မှု မတန်တဆ လွန်ကဲမလာဖို့အတွက်မိသားစုဆိုင်ရာ စီမံကိန်း စည်းမျဉ်းတွေချ မှတ်ပြီး ကြပ်မတ်နေရတဲ့ နိုင်ငံတစ်ခုပါ။

၁၉၇၀ ပြည့်လွန် နှောင်းပိုင်း နှစ်တွေမှာ ပထမဆုံးအကြိမ်အ ဖြစ် ကလေးတစ်ဦး မူဝါဒကို စတင်သတ်မှတ် ခဲ့ပါတယ်။ ဒီ စည်းမျဉ်းအရ မြို့နေလူတန်းစား ဇနီးမောင်နှံ အများစုဟာ ကလေး တစ်ယောက်ထက် ပိုယူ ခွင့် မရှိတော့ပါဘူး။ ကျေးလက်ဒေသ နေထိုင်သူတွေအနေနဲ့ကတော့ ပထမဆုံးဖွားတာ မိန်းကလေးဖြစ်နေ ရင် နောက်ထပ်ကလေးတစ်ယောက် ထပ်ယူခွင့်ရှိပါတယ်။

၂၀၁၃ အကုန်မှာတော့ အဲဒီမူဝါဒနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကို ဖြေလျှော့ သတ်မှတ် ပေးလိုက်ပါ တယ်။ တကယ်လို့ မိဘနှစ်ပါး ထဲက တစ်ယောက်ယောက်ဟာ တစ်ဦးတည်းသော သားသမီး ဖြစ်ခဲ့မယ်ဆိုရင် ဒုတိယကလေး ယူခွင့်ပေးလိုက်တယ် ဆိုတာပါပဲ။ လက်ရှိ ကလေးယူနိုင်တဲ့ အသက်အ ရွယ်မျိုး ရှိနေတဲ့ စုံတွဲအ များစုဟာ ကလေးတစ်ဦးမူဝါဒနဲ့ ဆက်နွှယ်ခဲ့တာကြောင့် တစ်ဦး တည်းသော သားသမီးတွေ များ နေပါတယ်။ ဒါကို သိလျက်နဲ့ စည်းမျဉ်းပိုင်း ဖြေလျှော့ပေးချင် လို့ကို အခုလို မူဝါဒ ပြောင်းလဲ လိုက်တာပါ။

အဲဒီ စည်းမျဉ်း အပြောင်းအ လဲ အပြီးမှာတော့ တရုတ်နိုင်ငံမှာ မိသားစု တစ်ခုရဲ့ ပထမကလေး မွေးဖွားမှု အရေအတွက် ကျဆင်း လာပေမယ့် ဒုတိယကလေး ထပ် ယူသူတွေ များလာတယ်လို့ ယန် က ဆိုပါတယ်။ ဒါပေမဲ့ တိကျတဲ့ ကိန်းဂဏန်း အချက်အလက်မျိုးတော့ သူက ထုတ်မပြောပါဘူး။

တရုတ်နိုင်ငံမှာ အသက်အ ရွယ် ကြီးရင့်သူ အရေအတွက်ကို လူငယ်လူရွယ် အရေအတွက်က အမီလိုက် မဖြည့်နိုင်ဘဲ လုပ်သား ရင်းမြစ် လျော့ပါးလာနိုင်တဲ့အ ပေါ် စိုးရိမ်မှုတွေ မြင့်တက်လာ တဲ့နောက် အစိုးရက အခုလိုမျိုး မူဝါဒ အပြောင်းအလဲသတ်မှတ်ပြီးဖြေလျှော့မှုတွေ စီစဉ်ပေးခဲ့တာပါ။

ယန်ရဲ့ အဆိုအရ အသက် (၁၅) နှစ်ကနေ (၅၉) နှစ်ကြား အလုပ်လုပ်နိုင်တဲ့ တရုတ်နိုင်ငံ သား ဦးရေဟာ ၂၀၁၄ မှာ သန်း ၉၃၀ ပဲ ရှိတော့တယ်လို့ သိရပါ တယ်။ ၂၀၁၁ ကတော့ အဲဒီအ သက်အရွယ် ဦးရေဟာ သန်း ၉၄၀ ကျော်လွန်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ အလုပ်လုပ်နိုင် သူ ဦးရေဟာ ပမာဏ ကြီးမားနေ ဆဲဖြစ်ပြီး ဥရောပ တစ်တိုက်လုံး ရဲ့ အလုပ် လုပ်နိုင်သူအရေအတွက်ထက် နှစ်ဆလောက် ရှိနေဆဲလို့ ယန်က ဆိုပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း ထက်လည်း သာတယ်လို့ သူက ထောက်ပြခဲ့ ပါတယ်။ တစ်ဖက်မှာတော့ အ သက်ကြီးပြီလို့ သတ်မှတ်နိုင် တဲ့ အသက် (၆၀) အထက် အရွယ်ရှိ သူ အရေအတွက်ဟာ ၂၀၁၄ မှာ ၂၁၂ သန်းကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ တရုတ်လူဦးရေရဲ့ ၁၅ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက တော့ သက်ကြီးရွယ်အို အရေအ တွက်ဟာ တရုတ်လူဦးရေရဲ့ ၁၃ ဒသမ ၃ ရာ ခိုင်နှုန်း ရှိပါတယ်။

မွေးကင်းစကနေ (၁၄) နှစ် အရွယ်ထိ ကလေးအရွယ်ဦးရေ ကတော့ လက်ရှိ လူဦးရေရဲ့ ၁၆ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တစ်ကမ္ဘာလုံး ပျမ်းမျှစံနှုန်းဖြစ်တဲ့ ၂၆ ရာခိုင်နှုန်းနဲ့ယှဉ်ရင် သိသိသာသာ လျော့နည်း နေပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံအများစုနဲ့ တန်းတူ လောက်ပဲလို့ ယန်က ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ တစ်မိသားစု ကလေးတစ်ယောက် မူဝါဒဟာ လူဦးရေ မတန်တဆ တိုးပွားမှုကို ထိန်းချုပ်နိုင် ဖို့ အသုံးဝင်ပေမယ့် တစ်ဖက်မှာလည်း အနုတ်လက္ခ ဏာဆန်တဲ့ ရိုက်ခတ်မှုတွေ ပေါ် လာပါတယ်။ အထူး သဖြင့် တရုတ်လူ့အဖွဲ့အစည်းမှာက သား ယောက်ျားလေးကို ဦးစားပေး လိုချင်ကြတာကြောင့် မြို့နေလူ တန်းစား အများစုဟာ ယောက်ျား လေးရဖို့ပဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာတွေ ရှိလာတယ်။

အကျိုးဆက်ကတော့ တ ရုတ်နိုင်ငံမှာ လိင်ကွဲပြားမှု အချိုး အစားမညီမျှမှု ကြီးမားလာတာပါပဲ။

၂၀၁၄ မှာ မိန်းကလေး ၁၀၀ တိုင်း ယောက်ျားလေး အရေအတွက် ၁၁၅ ဒသမ ၈၈ ယောက် စာ ရှိနေ တယ်လို့ ယန်က ဆိုပါ တယ်။

 ဒါပေမဲ့ ဇနီးမောင်နှံတွေ ယောက်ျားလေးပဲ မွေးလာအောင် စီစဉ်မှုဟာ ခြောက်နှစ်ဆက်တိုက် အဖြစ် လျော့နည်းလာတယ်လို့ တော့ ယန်က မှတ်ချက်ပေးပါ တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ် မှာ လူဦးရေ အများဆုံး နိုင်ငံကြီး တစ်ခုမှာ အခုလို အချိုးအစား မညီမျှမှု ဖြစ်နေခြင်းဟု ဒေသ တွင်း အိမ်နီးချင်း နိုင်ငံတွေကိုပါ ရိုက်ခတ်လာပါတယ်။

အမျိုးသားဦးရေ ပိုများနေ ခြင်းကြောင့် တရုတ်နိုင်ငံမှာ အ ရွယ်ရောက်ပြီး အမျိုးသားတွေ အတွက် လက်ထပ်ပေါင်းသင်းဖို့ သတို့သမီး လိုအပ်ချက် မြင့်မား လာပါတယ်။ အဲဒီအခါ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေ က မိန်းကလေးတွေကို လူမှောင်ခို ဂိုဏ်းတွေက ပစ်မှတ်ထားလာ နိုင်တဲ့ အန္တရာယ်လည်း ပိုပြီး ကြီး လာပါတယ်။

လတ်တလောမှာတော့ အဲဒီ ခြိမ်းခြောက်မှုဟာ မြောက်ကိုရီး ယားနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဖွံ့ဖြိုး မှု နည်းပါးတဲ့ ဒေသတွေရယ်က မိန်းကလေးတွေအပေါ် အဓိက သက်ရောက်နေတာ တွေ့ရပါ တယ်။

တရုတ်အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ အမျိုးသား၊ အမျိုးသမီးအရေအတွက် မညီမျှမှုကို အချိန်မီလျှော့မချနိုင် ရင် ၂၀၂၀ ပြည့် နှစ်မှာ အမျိုးသမီး အရေအတွက် နဲ့ ယှဉ်ရင် ပိုလျှံ အမျိုးသား အ ရေအတွက်က ၂၀ ရာ ခိုင်နှုန်း စာလောက် ရှိနေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

လတ်တလောမှာ တရုတ် အမျိုးသားဦးရေ ၃၄ သန်းလောက် ဟာ အိမ်ထောင်ဖက် ရှာစရာ မတွေ့မယ့် အခြေအနေနဲ့ ကြုံနေ ပြီး ဒါဟာ လူမှုဆက်ဆံရေးကဏ္ဍ မှာ ဘက်မျှမှု ကင်းမဲ့တဲ့ အခြေအ နေဆိုးတွေဆီ ဦးတည်သွားနိုင်ပါတယ်။

တရုတ်အစိုးရ အနေနဲ့ အ မျိုးသား၊ အမျိုးသမီး ဦးရေ မညီမျှ မှုကို တစ်နှစ်ချင်းစီ လျှော့ချလာ နိုင်တယ်လို့ ပြောနေပေမယ့် လက် တွေ့ကျကျ ချဉ်းကပ်ကြည့်ရင် တော့ ကမ္ဘာပေါ်မှာ လိင်အချိုး အစား မညီမျှဆုံး နိုင်ငံတစ်ခု အဖြစ် ရပ်တည်မှုကို ပြောင်းလဲလို့ မရသေးတာ အမှန်ပါပဲ။

(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်) —Ref: Xinhua
7Day News Journal 


No comments:

Post a Comment

My Blog List