Thursday, July 16, 2015

ဦးအောင်သောင်း ကျန်းမာရေး အခြေအနေကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့



ပြည်ခိုင်ဖြိုးပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းသည် ကျန်းမာရေး အခြေအနေကြောင့် ၂ဝ၁၅ ရွေး ကောက်ပွဲ တွင် ဝင် ရောက် ယှဉ်ပြိုင်ရန် မဖြစ်နိုင် တော့ကြောင်း ၄င်းနှင့် နီးစပ် သူတစ်ဦးက ပြောသည်။ ‘နဂိုကတည်းက သူမပြိုင်ဘူး လို့ ပြောထားတာပဲ။ ကျန်းမာရေး ကလည်း ဖြစ်နေတော့ မပြိုင် လောက်တော့ ဘူး” ဟု ဦးအောင်သောင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး လည်းဖြစ်သည့် ၄င်းကဆိုသည်။

လာမည့် ရွေးကောက်ပွဲ၌ တောင်သာ မဲဆန္ဒနယ်တွင် မြင်းခြံ မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ် စား လှယ် ဦးဝင်းမြင့် ကဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရ သည်။

”ဟုတ်ပါတယ်။အခု ဦးအောင်သောင်းက ကျန်းမာရေး မကောင်း တော့ သူ့နေရာ ဝင်ပြိုင်ဖို့ ပါတီက ပြောလို့ ပြိုင်ဖို့ ဆုံးဖြတ်ထားတာပါ” ဟု ဦးဝင်းမြင့် က ပြောသည်။

ဦးအောင်သောင်း သည် ဇူလိုင် လ ၈ ရက်နေ့ ည ၁၁ နာရီ ကျော် ခန့်က သွေးတိုးရောဂါကြောင့် မူးလဲ သွားခဲ့ပြီး လက်ရှိတွင် စင်ကာပူ နိုင်ငံရှိ မောင့်အဲလိဇဘတ် ဆေးရုံ တွင်ဆေးဝါးကုသမှု ခံယူနေသည်။ လက်ရှိတွင် ဦးအောင်သောင်း ၏ ကျန်းမာရေး အခြေ အနေ မှာ အတန် အသင့်ပြန်လည် ကောင်းမွန်နေ သော်လည်း ဆရာဝန် မှ ပြန်ဖြစ်မည်ကို စိုးရိမ်သည့် အတွက် အနည်းဆုံး နှစ် ပတ်စောင့် ကြည့် ရမည်ဟု ပြော ကြောင်း ၄င်းကဆက်ပြောသည်။ အမှတ် (၁) စက်မှု ဝန်ကြီး ဟောင်းလည်းဖြစ်၊ နိုင်ငံတော် သမ္မတနှင့် လည်း နီးစပ်ကာ ပါတီ အပေါ်လည်း သြဇာရှိသူ ဦးအောင် သောင်း ယခုကဲ့ သို့သော အခြေ အနေဖြစ်နေခြင်း သည် ပါတီ အတွက် ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ပါတီ အလုပ် အမှုဆောင် တစ်ဦးက ပြော သည်။

”ပါတီရဲ့ မန္တလေးတိုင်း ပြည် ခိုင်ဖြိုး တာဝန်ခံအဖြစ်ဦးအောင် သောင်းကကာလကြာရှည်စွာထမ်း ဆောင် လာနိုင်ခဲ့သူ ဖြစ်နေလို့ပါ” ဟု ၄င်းက ပြောသည်။

ဦးအောင်သောင်းသည် လက်ရှိတွင် ပါတီ၏ ဗဟို အတိုင်ပင်ခံ တစ်ဦး အဖြစ် တာဝန် ယူထားသည့် အပြင် ရွေးကောက်ပွဲ၌ ပါ တီအောင် နိုင်ရေး အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်သည်။

ဆောင်းဧကရီ
Popular Myanmar News Journal 


No comments:

Post a Comment

My Blog List