Tuesday, July 14, 2015

" အွန်လိုင်းပေါ်က ဝေဖန်မှုတွေအပေါ် ဖွေးဖွေးရဲ့ သဘောထား "



ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးက မရိုက်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ ခံခဲ့ရသလို ရုံတင်ပြ သနေချိန်မှာပဲ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာကြောင့် အနုပညာအရတော့ အောင်မြင်ခဲ့ပေမယ့် ငွေကြေးအရရှုံးနိမ့်ကြောင်း ဒီဇာတ်ကား မှာ ထားသခင် အဖြစ် ပါဝင်သရုပ် ဆောင်ထားတဲ့ ဖွေးဖွေးက သူ့ရဲ့ သဘောထားကို ပြောပြပါတယ်။

” ဒါကတော့ ဖွေးအမြင်ပြောရရင် မြန်မာရုပ်ရှင်ဇာတ်ကားမှာ ဒီလိုမျိုး အသံစနစ်တွေပါ ကောင်းကောင်းနဲ့ ပရိသတ် အပေါ် သေ ချာစေ တနာ ထားပြီးရိုက်တဲ့လူက ရှားပါတယ်။ ဒီဇာတ်ကားမှာဆို အသံ အတွက် သိန်း ၆ဝကျော်လောက် ထပ်ကုန်တယ်လို့ ကြားတယ်။ ဒါ ပရိုဂျူဆာနဲ့ ဒါရိုက်တာရဲ့ စေတနာပါ။ အနုပညာအရတော့ အောင်မြင်တယ်၊ ငွေကြေးကျတော့ သူတို့ ရသင့်သ လောက်ပြန်မ ရဘူး လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ဖွေးဖွေးက ဒီရုပ်ရှင် ဇာတ်ကားအမှတ်တရအနေနဲ့ ပေါင်မှာ နှင်းဆီပန်းပုံ တက်တူးထိုးဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း အွန်လိုင်း ကို မြန် မာနိုင်ငံမှာ အသုံးတွင်ကျယ်လာတဲ့အတွက်အနုပညာ ရှင်တွေအနေနဲ့ ဝေဖန်မှုတွေလည်း ပြင်းပြင်း ထန်ထန်ရင်ဆိုင် လာကြ ရပါ တယ်။ ဒီလိုဝေ ဖန်မှုတွေအပေါ် ဖွေးဖွေးက ” တစ်ခါတလေ ချစ်လို့ဝေဖန်တာမဟုတ်ဘဲ တခြားရည်ရွယ် ချက်တွေကြောင့် ဝေဖန် တဲ့ဝေ ဖန်မှု ခပ်ပြင်းပြင်းတွေ ရှိတယ်။ 

အဲဒီလိုဝေဖန်မှုတွေအပေါ် ခံစားမှုက မင်းသမီးဖွေးဖွေးအနေနဲ့ပြောရရင် ကိုယ့်ကိုချစ် တဲ့ ပရိသတ်တွေ ကိုပဲ ဂရုစိုက်တယ်။ ကိုယ့်ကိုမချစ်တဲ့လူတွေ ကိုဂရုမစိုက်ဘူး။ သာမန်မိန်းကလေး ဖွေးဖွေးအနေနဲ့ ပြောရရင် ဖွေးတို့လည်း သူလိုငါလိုပဲ အဖေနဲ့အမေနဲ့ မွေးလာပြီးတော့ ဆွေနဲ့မျိုးနဲ့ သူငယ်ချင်းနဲ့ အပေါင်းအသင်းနဲ့ အဖြူအစိမ်းဝတ်၊ မူကြိုတက်ပြီး သူလိုငါလိုပဲ ကြီးလာ တာပါပဲ။ မိန်းကလေးတွေထဲက မိန်းကလေးပါပဲ။ 

သာမန်မိန်းကလေးဖွေးဖွေး အနေနဲ့ပြောရရင်တော့ ရင်ထဲမှာ မကောင်းဘူး။ ဖွေး အ လုပ်လုပ်နေတဲ့ အချိန်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် စိတ်ရှိတယ်။ လူတွေကို ဂရုစိုက်တယ်။ ဒါပေမဲ့အလုပ်ပြီးသွားတဲ့ အချိန်ကျရင် မင်းသမီးတစ်ယောက်လို မနေဘူး။ ပေါ့ပေါ့ပါးပါးပဲနေတယ်။ အဲဒီအချိန်မှာ ဆိုရင်တော့ စိတ်မကောင်း ဖြစ်ပါတယ်” လို့ ပြော ပါ တယ်။

ခိုင်ဝေလွင်၊ဓာတ်ပုံ-မင်းမင်းထွန်း
Popular Journal


No comments:

Post a Comment

My Blog List