Monday, July 13, 2015

သုံးရက်အတွင်း ဂရိလွှတ်တော်ရဲ့ အတည်ပြုချက် ယူရမယ်



ဂရိနိုင်ငံ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ညအချိန်အထိ ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဂရိအစိုးရအနေနဲ့ ဗုဒ္ဓဟူးနေ့ အထိ အသုံးစရိတ် ပိုလျှော့ချမယ်ဆိုတဲ့ အတည်ပြုချက်ကို လွှတ်တော်ကနေ ရရှိအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဂရိနိုင်ငံအနေနဲ့ ယူရိုဒေါ်လာ မသုံးတော့ပဲ အီးယူအဖွဲ့ဝင်ကနေ ထွက်ခွာသွားမယ်ဆိုရင် အီးယူအဖွဲ့အတွက် နစ်နာစရာတွေလည်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် အစွမ်းကုန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အခွန်ငွေတွေ တိုးမြင့်ကောက်ခံဖို့၊ ပင်စင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ အသုံးစရိတ် လျှော့ချရေးတွေကို ဂရိ လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

အဲဒီလို မလုပ်ဆောင်နိုင်ရင်တော့ ဂရိကို အကြွေးရှင်တွေက ကယ်ဆယ်ဖို့ ငွေတွေ ထုတ်ပေးမှာ မဟုတ်ပါ ဘူး။

ဂရိနိုင်ငံကို အကြွေးကနေ ကယ်ဆယ်ဖို့ ယူရို ၈၆ ဘီလီယံလောက် လိုအပ်မယ်လို့လည်း ခန့်မှန်းနေကြပါ တယ်။

အီးယူအဖွဲ့ဝင်တွေထဲက အဓိက နိုင်ငံတွေဖြစ်တဲ့ ဂျာမနီနဲ့ ပြင်သစ်လို နိုင်ငံကတော့ ဂရိအနေနဲ့ အီးယူက နေ ထွက်သွားရင် အီးယူအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် အီးယူအတွက် စီးပွားရေး ဆုံးဖြတ် ချက်သာမက နိုင်ငံရေး ဆုံးဖြတ်ချက်ပါ ချမှတ်ရမယ့် အချိန် ဖြစ်နေပါတယ်။

ဂရိနိုင်ငံရဲ့ မြို့တော် အေသင်မြို့မှာတော့ အီးယူအဖွဲ့ဝင်ကနေ နှုတ်ထွက်ဖို့ ဆန္ဒပြ တောင်းဆိုကြပါတယ်။

အီးယူအဖွဲ့ဝင်ကနေ ထွက်လိုက်ရင် ဂရိအတွက် ပိုကောင်းမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အီးယူအဖွဲ့ဝင် မဟုတ်တဲ့အတွက် ပထမ ၅ နှစ်လောက်မှာ အခက်အခဲတွေ ဖြစ်နိုင်ပေမယ့် ဒီနောက်ပိုင်းမှာ တော့ အသုံးစရိတ် လျှော့ချစရာ မလိုတော့ရင် ဂရိနိုင်ငံအတွက် ပိုကောင်းမွန်မယ်လို့ ပြောပါတယ်။

ABC


No comments:

Post a Comment

My Blog List