Monday, July 13, 2015

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြ



မြောက်ကိုရီးယားနိုင်ငံတွင် လစ်လပ်နေသည့် ကာကွယ်ရေးဝန်ကြီးနေရာတွင် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးကို ခန့်အပ်ထားကြောင်း ဇူလိုင် ၁၁ ရက်က ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အရ သိရ သည်။ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်းကို လေယာဉ်ပစ်သေနတ်နှင့် ပစ်သတ်ကွပ် မျက်ပြီး သုံးလ အကြာတွင် ယခု ကာကွယ်ရေးဝန်ကြီးအသစ် ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပက်ယောင်ဆစ်သည် လာအိုအစိုးရနှင့် စစ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု မြောက်ကို ရီးယားနိုင်ငံပိုင် (KCNA) မီဒီယာတွင် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြရာတွင် ပတ်ကိုနိုင်ငံ၏ ကာကွယ်ရေး ၀န်ကြီး ရာထူးနှင့် ညီမျှသည့် ပြည်သူ့တပ်မတော်ဝန်ကြီးဌာန၏ ဥက္ကဋ္ဌဖြစ်သည်ဟု သုံးနှုန်းခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်များကတည်းက ပက်ကို မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအီ၏ နောက်လိုက် နောက်ပါများထဲမှ တစ်ဦးအဖြစ် အခြား သတင်းများစွာထဲတွင် တွေ့ရှိနေခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က တည်းက ပက်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်သွားပြီဆိုသည့်အကြောင်း ခန့်မှန်း ချက်များ ထွက်ပေါ်နေ ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးသည် မြောက်ကိုရီးယားစစ်တပ်၏ ဒုတိယ သို့မဟုတ် တတိယ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဟု ယူဆနိုင်ကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်တွင် ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားစစ်တပ်တွင် ၁၉၉၉ ခုနှစ်က ဗိုလ်ချုပ်အဆင့်သို့ ရာထူး တိုးခံခဲ့ရသည့် ပက်သည် ပြီးခဲ့ သည့် မေလကမှ ကြယ်လေးပွင့်အဆင့်ရှိသည့် ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် ရာထူးတက်လာခြင်းဖြစ်ကြောင်း ယွန်ဟပ်တွင် ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဟောင်း ဟွမ်ယုန်ချိုကို ဧပြီလက ကွပ်မျက်လိုက်ပြီး နောက်ပိုင်း မြောက်ကိုရီးယား အစိုးရက ယခုကဲ့သို့ ၀န်ကြီးအသစ် ခန့်အပ် လိုက်သည့်အကြောင်းကို ပထမဆုံး အတည်ပြုခြင်းဖြစ်သည်။ 

ကနဦးက ဟွမ်ကို သစ္စာဖောက်မှု၊ ကင်ဂျုံအီတက်ရောက်သော နိုင်ငံတော် အခမ်းအနားများအတွင်း ငိုက်မျဉ်းမှုများကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရ သည်ဟု တောင်ကိုရီးယားသူလျှိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် ဟွမ်သေဆုံးသွားကြောင်းကို တောင်ကိုရီးယားဘက်မှ စုံစမ်း၍မရဟု ထုတ်ပြန်ခဲ့ပြီးနောက် ဟွမ်ကွပ်မျက်ခံခဲ့ရမှုနှင့်ပတ်သက်၍ သံသယများ ၀င်လာခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားအတိုက်အခံအမတ်တစ်ဦးက ဟွမ်သည် ကွပ်မျက် ခံခဲ့ရပြီးနောက်ပိုင်းမှ နိုင်ငံပိုင် ရုပ်သံဌာနတွင် ဆက်လက်ဖော်ပြခြင်းလည်း ခံခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ယင်းဖြစ်ရပ်မှာ ပုံမှန်မဟုတ်ဟု ၎င်းကဆိုသည်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွင် ထိုကဲ့သို့ ရာထူးထုတ်ပယ် ကွပ်မျက်ခံရသည့် အစိုးရ အရာရှိများကို ဖော်ပြလေ့မရှိသည့်အပြင် ယခင်ဖော်ပြထားသည့် အကြောင်းအရာများကိုပါ အပြီးအပိုင် ပယ်ဖျက် လိုက်လေ့ရှိသည်။

Eleven media Group

No comments:

Post a Comment

My Blog List