Tuesday, July 14, 2015

ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး ကုလကူညီမည်






တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့အကြား စစ်ဖြစ်ပွားမှုကြောင့် တည်ငြိမ်မှု ပျက်ပြားခဲ့ရသည့် ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး အတွက် ကုလသမဂ္ဂ မှ ကူညီဆောင်ရွက်နိုင်ရန် ကမ်းလှမ်းထားကြောင်း ယမန်နေ့ က နေပြည်တော်တွင် ပြုလုပ်သည့် ကိုးကန့် ဒေသ ပြန်လည်ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီ အစည်းအဝေး၌ ပြည်ထောင်စု ၀န်ကြီးဦးလှထွန်းက ပြော ဆိုသွားသည်။ 

အစိုးရအဖွဲ့၏ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ ဟန်ချက်ညီ ဆက်လက်ဆောင် ရွက်သွားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် လှူဒါန်းငွေများ၊ ကူညီထောက်ပံ့မှု များနှင့် ထောက်ပံ့ပစ္စည်းများကို စနစ်တကျမှတ်တမ်းတင် အတည်ပြုရေး တို့ကို ဆွေးနွေးကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦး ကို လောက်ကိုင်မြို့ လုပ်အားပေးများကို စစ်ဆေးနေစဉ် (မြ၀တီ)

ဧရာဝတီ


No comments:

Post a Comment

My Blog List