Friday, July 25, 2014

PR စနစ်ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်၌ ပထမဆုံးကန့်ကွက်ဆန္ဒပြ


PR (အချိုးကျကိုယ်စားပြုစနစ်)ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်၌ ပထမဆုံးကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ဇူလိုင် ၂၄ရက်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်aတ်ာကိုယ်စားလှယ် ဦးအောင်ဇင်က PR နှင့်ပတ်သက်သည့် အဆိုတင်သွင်းမည်ဖြစ်သည့်အတွက် လွှတ်တော်သို့မတက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော်သို့မတက်ရောက်ခဲ့သည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ခန့်မှန်းခြေ ၃၀ ၀န်းကျင်ရှိမည်ဖြစ်သည်။

၎င်းတို့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁၈ ဦး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ခြောက်ဦး၊ မွန်အမျိုးသားဒီမိုကရက်တစ်ပါတီမှ သုံးဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှတစ်ဦး၊ အခြားပါတီ များမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များလည်းပါဝင်သည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက "အန်တီတို့ ညီနောင်တိုင်းရင်းသားပါတီများဖက် ဒရေးရှင်းအဖွဲ့က ကြေညာချက်တစ်ခုထုတ်ခဲ့တယ်။ အဲဒီကြေညာချက် က လွှတ်တော်မှာ PR ဆွေးနွေးတဲ့ရက်မှာ လွှတ်တော်ကိုမတက်ဘူးဆိုတာဖြစ်တယ်။ အန်တီတို့တိုင်းရင်း သားတွေရဲ့ PR စနစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့သဘောလည်းဖြစ်ပါတယ်။ ခန့်မှန်းခြေကတော့ ကိုယ်စားလှယ်ဦးရေ ၃၀ ၀န်းကျင်ရှိပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းလှကျော်က "PR စနစ်ကိုကန့်ကွက်တယ်။ သတင်းစာရှင်း လင်းပွဲလုပ်ပြီး ကန့်ကွက်တယ်။ နောက်ဥက္ကဋ္ဌကြီးဆီစာတင် တယ်။ဒါပေမဲ့ လွှတ်တော်မှာဆွေးနွေးဖို့ဖြစ်လာတယ်။ ကိုယ့်ဒေသနဲ့မကိုက်ညီတာကိုတက်ပြီး နားထောင်နေ လည်း ဘာမှမထူးဘူး။ လွှတ်တော်တက်ပြီးကန့်ကွက် ရင်လည်း နိုင်မှာမဟုတ်ဘူး။ အဲဒီအတွက် လွှတ်တော် မတက်ဘူးဆိုပြီး ဆုံးဖြတ်လိုက်ကြတာ။ ကျွန်တော်တို့ပါတီက စုစုပေါင်း ၁၈ ယောက် လွှတ်တော်မတက် ဘူး"ဟု ပြောကြားသည်။

ထို့နောက် "ကျွန်တော် ဒီနေ့မနက်က နည်းနည်းအစာမကြေဖြစ်နေတာ လည်းပါတယ်။ နောက်တစ်ခုက PR ကို ကန့်ကွက်ချင်တာလည်းပါတယ်။ လွှတ်တော်မတက်ခဲ့ပါဘူး။ ကျွန်တော်တို့ပါတီက စုစုပေါင်း သုံးယောက်လွှတ်တော်မတက်ဘူး။ တိုင်းရင်းသားတွေကြားမှာရော ပါတီဝင်တွေအချင်းချင်းတွေကြားမှာ သွေးကွဲမှုတွေဖြစ်စေမယ့် PR စနစ်ကို ကန့်ကွက်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင် က ပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးက PR (အချိုးကျကိုယ်စားပြုစနစ်)အား ကန့်ကွက်ခဲ့သော် လည်း ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

PR စနစ်၌ ပုံသဏ္ဌာန်လေးမျိုးရှိပြီး ပါတီကိုသာမဲပေးရွေးချယ်ရသော (Party List System) စနစ်၊ ကိုယ်စား လှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသော (Mix Member Proportional System) စနစ်၊ ကိုယ်စား လှယ်လောင်းအားတစ်ကြိမ်၊ ပါတီအားတစ်ကြိမ်မဲပေးရွေးချယ်ရမည်ဖြစ်သော် လည်း လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသော (Mix Member Majoritarian System) စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက် မိမိတို့နှစ်သက်မှုအရ ဦးစားပေးနံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီးရွေးချယ် ရသော (Single Transferable Vote System) စနစ်တို့ဖြစ်ကြသည်။

ပီအာစနစ်အားကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားပြည်နယ်များတွင် ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် လုံးဝလက်မခံကြောင်း၊ အမျိုးသားလွှတ်တော်တွင် သာမက တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျင့်သုံးမည်ဆိုပါကလည်း လက်မခံနိုင်ကြောင်း ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ထုတ်ဖော်ပြောဆိုထားသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List