Tuesday, July 22, 2014

မြန်မာနိုင်ငံမှရှောင်ပြေးသွားသော ကိုရီးယားနိုင်ငံသားပိုင် MASTER SPORTS ဖိနပ်စက်ရုံအမှု ဇူလိုင် ၂၅ ရက် ရုံးထုတ်စစ်ဆေးမည်


မြန်မာနိုင်ငံမှရှောင်ပြေးသွားသော ကိုရီးယားနိုင်ငံသားပိုင် MASTER SPORTS ဖိနပ်စက်ရုံအမှု ဇူလိုင် ၂၅ ရက်တွင် လှိုင်သာယာမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေ စိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဇူလိုင် ၂၁ ရက်တွင် ဆိုသည်။

MASTER SPORTS ဖိနပ်စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသား မစ္စတာ ဘန်အင်ဟို သည် စက်ရုံအတွင်းလုပ် ကိုင်နေသော အလုပ်သမားများအား ပေးရန်ကျန်ရှိနေသော လစာငွေနှင့် စက်ရုံပိတ်သိမ်းကြေးများကို ပေးအပ်ခြင်း မရှိဘဲ စက်ရုံကိုပိတ်သိမ်းခဲ့ပြီး  ၎င်းကိုယ်တိုင် ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း အလုပ် သမားများထံမှ သိရသည်။

"လာမယ့် ဇူလိုင် ၂၅ ရက်မှာ MASTER SPORTS ဖိနပ်စက်ရုံအမှု လှိုင်သာယာမြို့နယ်တရားရုံးမှာစစ်မယ်။ လောလောဆယ် ပိုင်ရှင်ကမရှိသေးတော့ ရှိနေတဲ့နှစ်ဦးကို အရင်စစ်သွားမယ်" ဟု ၎င်းပြောကြားသည်။

စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားကို  ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဥပဒေ၊ အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့် လူမှုဖူလုံရေးဥပဒေတို့ဖြင့် အလုပ်သမားဝန်ကြီး ဌာန လက်အောက်ရှိ ဌာနသုံးခုမှ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဖိနပ်စက်ရုံတွင် စက်ရုံတာဝန်ရှိသူအဖြစ် မစ္စတာဂျောင်းနှင့် ဒေါ်ခင်ခင်ထွေးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ စက်ရုံချိတ်ပိတ်ပြီဖြစ်ကြောင်း ကြေညာခဲ့သူများဖြစ်ကြောင်း လစာနှင့်နစ်နာကြေးမရရှိသည့် အလုပ်သမား ၇၀၀ ခန့်ရှိကြောင်း သိရသည်။

ဖိနပ်စက်ရုံသည်  မူလက ကုန်ကြမ်းများမ၀င်၍ စက်ရုံအတွင်းရှိ အလုပ်သမားများကို အလုပ်မှ ယာယီ အနားပေးခဲ့ပြီး ဇွန် ၂၆ ရက်မှစတင်ကာ စက်ရုံပြန် လည်ဖွင့်လှစ်ခြင်းမရှိတော့ကြောင်း၊ အလုပ်သမား ၇၀၀ ခန့်သည် ဇူလိုင် ၁၇ ရက်တွင် အလုပ်ရှင်ကို အရေးယူပေးရေးနှင့် လစာနှင့် အလုပ်ပိတ်သိမ်းကြေး ရရှိရေး တို့အတွက် စက်ရုံတည်ရှိသည့် လှိုင်သာယာမြို့နယ်မှ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။      


Eleven Media Group

No comments:

Post a Comment

My Blog List