Wednesday, July 23, 2014

ယူနတီဂျာနယ်ကိစ္စမျိုးဖြစ်ခဲ့လျှင် အမေရိကန်အစိုးရက အလားတူတုံ့ပြန်လိမ့်မည်ဟု ဦးရဲထွဋ်ပြော



ဝါရှင်တန်သို့ အလည်အပတ်ရောက်နေသော ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်က အကယ်၍ ယူနတီဂျာနယ်ကိစ္စရပ်မျိုးသာ အမေရိကန် ပြည်ထောင်စု၌ ဖြစ်ပွားခဲ့လျှင် အမေရိကန် အစိုးရအနေဖြင့် အလားတူ တုံ့ပြန်မည်ဖြစ်ကြောင်း၊ ဂျာနယ်လစ် များအား အပြစ်ပေးသည့်လုပ်ရပ် တရားမျှတကြောင်း ခပ်ကြွားကြွားလေး ပြောခဲ့သည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ အရပ်သားအသွင်ဆောင် အစိုးရလက်ထပ်အတွင်း အစိုးရမကြိုက်သည့် သတင်းကို ဖော်ပြမှုအတွက် တရားရုံးတခုက ဂျာနယ်လစ်များကို အလုပ်ကြမ်းနှင့် ထောင် ၁၀ နှစ်ချမှတ်ခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖည်သည့် အမှားကြီးတရပ် ကျုးလွန်ခဲ့လေ သည်။

စစ်အစိုးရ အုပ်ချုပ်သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် အပြစ်များ ပေးလေ့ရှိသည်။ ၂၀၁၁ ခုနှစ်တွင် အာဏာ ရလာပြီးနောက် သမ္မတဦးသိန်းစိန်သည် ဆင်ဆာစနစ်ကို ဖျက်သိမ်း၊ သတင်းမီဒီ ယာပြုပြင်ပြောင်း လဲမှုစတင်ကာ ဂျာနယ်လစ်များကို လွတ်လပ်စွာရေးသားခွင့် ပေးသည်။ မိမိအလုပ် မိမိလုပ်ကြသော ဂျာနယ်လစ်များကို ယခုအခါ ပြစ်ဒဏ် ချနေခြင်းသည် အလွန်အမင်းစိတ်အနှောင့် အယှက်ဖြစ်စရာကောင်းသည်။

ဂျာနယ်လစ်များကို အမျိုးသားလုံခြုံရေးအန္တရာယ်ပြုသည့် ပုဒ်မဖြင့်တရားစွဲသည်။ ဓာတုလက်နက်စက်ရုံဆောက်လုပ်ရန် စစ်တပ်က မြေယာများသိမ်းမှုနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်တွင် သတင်းဖော်ပြပြီးနောက် ဂျာနယ်လစ်များ အပြစ်ပေးခံ ရသည်။ အစိုးရက အဆိုပါ ကိစ္စကို ငြင်းဆိုသည်။ ယူနတီဂျာနယ်ကို ပိတ်ပစ်ခဲ့ရသည်။ ၎င်းသည် မြန်မာအစိုးရက မီဒီယာများအပေါ် ဖိနှိပ်မှုများ၏ နောက်ဆုံး ပိတ်လုပ်ရပ်ဖြစ်သည်။ သတင်းရဲတပ်ဖွဲ့များက ဂျာနယ်တိုက်များသို့ သွားရောက်ပြီး ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများ ပေးရန် တောင်းဆိုသည်။ ယခုနှစ်ဆန်းက အစိုးရ၀န်ထမ်း တဦးထံမှ သတင်းအချက် အလက်မေးမြန်းသဖြင့် ဂျာနယ်လစ်တဦး ထောင်ကျသည်။ ပြစ်မှုဆိုင်ရာ ချဉ်းနင်း ၀င်ရောက်မှု၊ အခြားပြစ်မှုများနှင့်အတူ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်ဥပဒေကို ဂျာနယ်လစ်များ ဖမ်းဆီးတရားစွဲရန် အသုံး ပြုသည်။

အဆိုပါ လုပ်ရပ်များသည် လွတ်မြောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ပြန်လည်အသက်ဝင်ခါစ မျှော်လင့်ချက်များကို သစ္စာဖောက်ရာ ရောက်သည်။ အကယ်၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန် လှည့်လျှင် အရေးယူပိတ်ဆို့မှုအသစ်များနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအနေ ဖြင့် နားလည်သဘောပေါက် သင့်သည်။

ဂျာနယ်လစ်များ ထောင်ချခံရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ယင်းလုပ်ရပ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် အလေးထားကြောင်း မြန်မာအစိုးရ၏ ကတိက၀တ်အပေါ် အထင်မှား အမြင်မှား ဖြစ်စေနိုင်ကြောင်း အမေရိကန် အစိုးရက ပြောဆိုထားသည်။

ရည်ညွှန်း (The New York Times - Editorial)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List