Thursday, July 24, 2014

အရောင်းကိုယ်စားလှယ်များ စမ်းသပ်သုံးနိုင်ရန် အူရီးဒူးက ဆင်းမ်ကတ်များ ချထားပေးပြီ



ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကာတာနိုင်ငံ အခြေစိုက် အူးရီးဒူးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ် ရောင်းချပေးမည့် ကိုယ်စားလှယ်များ စမ်းသပ် အသုံးပြုနိုင်ရန် ဆင်းမ်ကတ်များနှင့် ဟန်းဆက် များကို စတင် ချထားပေးလိုက်သည်ဟု ရရှိခဲ့သည့် ကိုယ်စားလှယ် အချို့က ပြောသည်။
ဇူလိုင် ၂၂ ရက်က ဟန်းဆက်နှင့် ဆင်းမ်ကတ်များ ချထားပေးရာတွင် အူးရီးဒူးနှင့် ချိတ်ဆက်ထားသည့် အရောင်းကိုယ် စားလှယ်ဆိုင်များကို ချထားပေးခြင်းဖြစ်သည်ဟု အူးရီးဒူး နှင့် ချိတ်ဆက်ထားသည့် အရောင်းကိုယ်စားလှယ်ဆိုင် QPS မိုဘိုင်း၏ ဆော့ဖ်ဝဲလ်ပညာရှင် ကိုမျိုးမင်းဟန်က မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကိုမျိုးမင်းဟန်က “အူရီးဒူးက ဆင်းမ်ကတ်နဲ့ ဟန်းဆက်ပေးလိုက်တယ်။ အစမ်းသုံးနိုင်အောင် ပေးတာပါ။ အူးရီးဒူးနဲ့ ချိတ်ဆက်ထားတဲ့ ပါတနာဆိုင်တွေကို ပေးတာပါ” ဟုဆိုသည်။

၎င်းကဆက်လက်ပြီး “ အူးရီးဒူးဖုန်းအချင်းချင်း နဲ့ ပြင်ပ ဖုန်းတွေကို စမ်းသပ်ခေါ်ယူလို့ရပါပြီ” ဟုဆိုသည်။

အူရီးဒူး ဖုန်းဆင်းမ်ကတ်များကို အသုံးပြုနိုင်ရန်အတွက် Activate ပြုလုပ်ရန်လိုအပ်မည်ဖြစ်သည်။ အစမ်းအသုံးပြုရန် ချထားပေးသည့် အူးရီးဒူးဖုန်းများသည် ဝ၉၉၇ နှင့်စသည့် ဆင်းမ်ကတ်များ ဖြစ်ပြီး ဂဏန်း ၁ဝ လုံးပါဝင်သည်ဟု ကိုမျိုးမင်းဟန်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List