Thursday, July 24, 2014

မြန်မာတစ်နိုင်ငံလုံးရှိကားများတွင် GPS စနစ်တပ်ဆင်၍ အရှိန်နှုန်း၊ ယာဉ်တိုက်မှု၊ လုယက်မှုနှင့် အခြားမှုခင်းဖြစ်စဉ်များကို ကွပ်ကဲရေးစင်တာမှ စောင့်ကြည့်ကူညီမည့်စနစ် မကြာမီစတင်မည်


မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မော်တော်ယာဉ်များတွင် GPS စနစ်တပ်ဆင်ပြီး မော်တော်ယာဉ်၏ မောင်းနှင် သည့် အရှိန်နှုန်း၊ ယာဉ်တိုက်မှုဖြစ်စဉ်၊ လုယက်မှု၊ အကြမ်းဖက်မှုဖြစ်စဉ်နှင့် အခြားသောအကြောင်း အရာများဖြစ်ပေါ်လာပါက အမြန်ဆုံးကူညီဖြေရှင်းပေးနိုင်မည့်စနစ်ကို မကြာမီတွင် စတင်ဆောင် ရွက်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။

ယင်းကဲ့သို့ GSM လိုင်းဖြင့် GPS စနစ်ကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့်ဆောင်ရွက်နေပြီး ထိန်းချုပ်စောင့်ကြည့်မည့်စင်တာကို အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးတွင် တပ်ဆင်တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရသည်။

"အခုဒီ GPS စနစ်ကို အကယ်ဒမီယာဉ်လိုင်းက ကား ၁၀ စီးနဲ့ စမ်းသပ်ဆောင်ရွက်နေတယ်။ အရင်ဆုံးကတော့ ခရီးသည်တင်ယာဉ်တွေကို တပ်ဆင်သွားမယ် ပြီးရင်အငှားယာဉ်တွေမှာလည်း တပ်ဆင်သွားမယ်။ တဖြည်းဖြည်းနဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ မော်တော်ယာဉ်တွေမှာ ဒီစနစ်ကိုတပ် ဆင်သွားမယ်။ မော်တော်ယာဉ်တွေအားလုံးရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တဲ့စင်တာကို တပ်ဆင်တည်ဆောက်ပြီးသွားပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ဒီယာဉ်က မိုင်နှုန်းဘယ်လောက် နဲ့မောင်းနေတာ၊ ဘယ်နေရာမှာယာဉ်တိုက်မှုဖြစ်နေတယ်ဆိုတာ၊ ဒါ့အပြင် လုယက်မှုတွေ အကြမ်းဖက် မှုတွေ စတဲ့မှုခင်းဖြစ်စဉ်တွေဖြစ်ပေါ်လာရင် အမြန်ဆုံးနီးစပ်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်း ကြားပြီးတော့ သွားရောက်ကူ ညီပေးနိုင်ဖို့ဖြစ်ပါတယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးနေ၀င်းက ပြောကြားသည်။

ပြည်တွင်း၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လကုန်အထိ ယာဉ်တိုက်မှုစုစုပေါင်း ၇၆၉၈ မှုဖြစ်ပွားခဲ့ပြီး ၁၃၄၇၈ ဦး ဒဏ်ရာရရှိကာ ၂၃၀၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အား လုယက်ခြင်း၊ ယာဉ်မောင်းအား ဓား၊ ၀က်အူလှည့် စသည့်လက်နက်ပစ္စည်းများဖြင့်ထောက်ပြီး အကြမ်းဖက်ကာ ပိုက်ဆံနှင့် တန်ဖိုးကြီးပစ္စည်း များအား လုယက်ခြင်း စသည့်မှုခင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ဆက်လက်၍ ရဲမှူးကြီးနေ၀င်းက "ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လုပ်ငန်းအများစုပြီးစီးနေ ပါပြီ။ ဒီ GPS စနစ်အစီအစဉ်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြထားတယ်" ဟု ပြောကြားသည်။

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်တစ်စီး လုယက်ခံရသည့်ဖြစ်စဉ်တစ်ခုမှာ လှိုင်မြို့နယ်ရှိ အင်လျား ကန်ပေါင် အနီး ရပ်ထားသည့် လင်ခရူဆာယာဉ်ပေါ်ရှိ လူငယ်နှစ်ဦးအား အမျိုးသားငါးဦးက ခြိမ်းခြောက် ဓားပြတိုက်ကာ လက်ဝတ် ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်မှုမှ မသင်္ကာသူများအား စစ်ဆေးနေသော်လည်း ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List